လြန္ခဲ့တဲ့ႏွစ္ပတ္အတြင္း ေဒသအႏွံ႔ ေမ်ာက္ေက်ာက္ေရာဂါ ျဖစ္ပြားမႈ သုံးဆတိုးလာေၾကာင္း WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ ဥေရာပဆိုင္ရာအႀကီးအကဲ ေဒါက္တာ Hans Kluge က သတိေပးလိုက္ပါတယ္။ အရင္က ရွားပါးတဲ့ ကူးစက္ေရာဂါဟာ ဥေရာပတိုက္မွာ အျမစ္တြယ္လာတာမ်ိဳး မျဖစ္ေစဖို႔ ႏိုင္ငံေတြအေနနဲ႔ ပိုၿပီးျပင္းထန္တဲ့ အစီအမံေတြ ျပဳလုပ္ၾကဖို႔လည္း သူက ေတာင္းဆိုခဲ့ပါတယ္။
ေသာၾကာေန႔ ကထုတ္ျပန္တဲ့ သူ႔ရဲ႕ေၾကညာခ်က္မွာေတာ့ ေမ်ာက္ေက်ာက္ေရာဂါ ကူးစက္မႈပ်ံ႕ႏွံ႔လာေနတာနဲ႔ ပတ္သက္လို႔ ကမာၻလုံးဆိုင္ရာ က်န္းမာေရးအေရးေပၚအေျခအေနအျဖစ္ ေၾကညာျခင္းမျပဳဖို႔ ၿပီးခဲ့တဲ့သီတင္းပတ္က WHO အေနနဲ႔ ဆုံးျဖတ္ခ်က္ခ်ထားေပမယ့္၊ ကာကြယ္ေရးကို အားစိုက္လုပ္ေဆာင္ လိုအပ္ေနေၾကာင္း ေဖၚျပထားပါတယ္။
အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန CDC ရဲ႕ထုတ္ျပန္ခ်က္အရ ဒီကေန႔ထိ ကမာၻတဝွမ္း ႏိုင္ငံေပါင္း (၅၁) ႏိုင္ငံမွာ ေမ်ာက္ေက်ာက္ေရာဂါျဖစ္ပြားမႈ ၅,၀၀၀ ေက်ာ္ရွိေနပါတယ္။ ဥေရာပမွာရွိေနတဲ့ ဒီေရာဂါကူးစက္မႈအေရအတြက္ဟာ တကမာၻလုံးကူးစက္မႈႏႈန္းရဲ႕ ၉၀% ရွိေနေၾကာင္း ေဒါက္တာ Kluge ကေျပာပါတယ္။
===Unicode ====
လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ဒေသအနှံ့ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု သုံးဆတိုးလာကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဆိုင်ရာအကြီးအကဲ ဒေါက်တာ Hans Kluge က သတိပေးလိုက်ပါတယ်။ အရင်က ရှားပါးတဲ့ ကူးစက်ရောဂါဟာ ဥရောပတိုက်မှာ အမြစ်တွယ်လာတာမျိုး မဖြစ်စေဖို့ နိုင်ငံတွေအနေနဲ့ ပိုပြီးပြင်းထန်တဲ့ အစီအမံတွေ ပြုလုပ်ကြဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။
သောကြာနေ့ ကထုတ်ပြန်တဲ့ သူ့ရဲ့ကြေညာချက်မှာတော့ မျောက်ကျောက်ရောဂါ ကူးစက်မှုပျံ့နှံ့လာနေတာနဲ့ ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာခြင်းမပြုဖို့ ပြီးခဲ့တဲ့သီတင်းပတ်က WHO အနေနဲ့ ဆုံးဖြတ်ချက်ချထားပေမယ့်၊ ကာကွယ်ရေးကို အားစိုက်လုပ်ဆောင် လိုအပ်နေကြောင်း ဖေါ်ပြထားပါတယ်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC ရဲ့ထုတ်ပြန်ချက်အရ ဒီကနေ့ထိ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း (၅၁) နိုင်ငံမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု ၅,၀၀၀ ကျော်ရှိနေပါတယ်။ ဥရောပမှာရှိနေတဲ့ ဒီရောဂါကူးစက်မှုအရေအတွက်ဟာ တကမ္ဘာလုံးကူးစက်မှုနှုန်းရဲ့ ၉၀% ရှိနေကြောင်း ဒေါက်တာ Kluge ကပြောပါတယ်။