သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသနတ္ပစ္ခတ္မႈျဖစ္ခဲ့တဲ့ မူလတန္းေက်ာင္းကို သမၼတ ဘိုင္ဒန္သြားမည္


US President Joe Biden and First Lady Jill Biden step off Air Force One upon arrival at Kelly Field in San Antonio, Texas on May 29, 2022.

မူလတန္းေက်ာင္းမွာ ကေလးေတြကို ေသနတ္နဲ႔ အပစ္ခံရၿပီး ေသဆုံးခဲ့ၾကရတဲ့ တကၠဆက္ျပည္နယ္ က Uvalde ၿမိဳ႕ကို သမၼတဂ်ိဳးဘိုင္ဒင္ က ဒီေန႔တနဂၤေႏြေန႔မွာ သြားေရာက္ပါတယ္။ ေသနတ္သမားေတြက အေၾကာင္းမဲ့ ပစ္ခတ္တဲ့အတြက္ ေသဆုံးသြားၾကသူေတြရဲ႕ မိသားစုေတြကို သမၼတက သြားေရာက္ေတြ႔ဆုံတာဟာ တစ္လအတြင္းမွာ ဒါဟာ ဒုတိယ ၿမိဳ႕ ျဖစ္ပါတယ္။ နယူးေယာက္ျပည္နယ္က Buffalo ၿမိဳ႕မွာ ျဖစ္ပြါးခဲ့တဲ့ ပစ္ခတ္မႈအတြက္လည္း ဒီလအေစာပိုင္းတုန္းကလည္း အေမရိကန္ သမၼတက သြားေရာက္ခဲ့ပါေသးတယ္။

အေမရိကန္သမၼတနဲ႔အတူ ဇနီး Jill Biden လည္း လိုက္ပါသြားၿပီး၊ မိသားစုေတြကို ေတြ႔ဆုံသလို၊ ေသဆုံးသြားခဲ့သူေတြအတြက္ ေအာက္ေမ့ဖြယ္ေနရာကိုလည္း သြားေရာက္ပါတယ္။ ကက္သလစ္ဘုရားေက်ာင္းမွာ က်င္းပမယ့္ ဝတ္ျပဳဆုေတာင္းပြဲကိုလည္း တက္ေရာက္ပါတယ္။

စေနေန႔တုန္းက သမၼတဘိုင္ဒင္က Delaware တကၠသိုလ္မွာ စကားေျပာၾကားရာမွာ “အၾကမ္းဖက္တာေတြ မ်ားလြန္းေနၿပီ။ ေၾကာက္ရတာေတြ မ်ားလြန္းေနၿပီ။ ေၾကကြဲစရာေတြ မ်ားလြန္းေနၿပီ” လို႔ ေျပာၾကားခဲ့ပါတယ္။

အခုလို ေၾကကြဲစရာအျဖစ္ ႀကဳံခဲ့ရတဲ့အခ်ိန္မွာ ရဲတပ္ဖြဲ႕ရဲ႕ တုံ႔ျပန္ခဲ့ပုံက လူအမ်ားရဲ႕ ေဝဖန္စရာလည္း ျဖစ္ခဲ့ပါတယ္။ ေသနတ္သမားက ေက်ာင္းထဲကို ဝင္ေရာက္သြားၿပီးတဲ့ေနာက္ ရဲတပ္ဖြဲ႕က (၄) မိနစ္ အၾကာမွာ ေရာက္ရွိခဲ့ေပမဲ့၊ ေက်ာင္းထဲကို မဝင္ေရာက္ခဲ့ဘဲ၊ အထူးတပ္ဖြဲ႔ ေရာက္လာတဲ့ ေနာက္တစ္နာရီေလာက္အထိ ေစာင့္ေနခဲ့တာအေပၚ၊ လူအမ်ားက ေမးခြန္းထုတ္ေနၾကတာပါ။ ရဲတပ္ဖြဲ႔မွဴးက ဓားစာခံ ဖမ္းထားတဲ့ အေျခအေနလို႔ထင္ၿပီး အထူးတပ္ဖြဲ႕ ေရာက္တဲ့အထိ ေစာင့္မယ္လို႔ ျပည္သူ႔လုံၿခဳံေရးဌာန ၫႊန္ၾကားေရးမႉး Steven McCraw က ေက်ာင္းအျပင္မွာ လုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

=== Unicode ===

မူလတန်းကျောင်းမှာ ကလေးတွေကို သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့ကြရတဲ့ တက္ကဆက်ပြည်နယ် က Uvalde မြို့ကို သမ္မတဂျိုးဘိုင်ဒင် က ဒီနေ့တနင်္ဂနွေနေ့မှာ သွားရောက်ပါတယ်။ သေနတ်သမားတွေက အကြောင်းမဲ့ ပစ်ခတ်တဲ့အတွက် သေဆုံးသွားကြသူတွေရဲ့ မိသားစုတွေကို သမ္မတက သွားရောက်တွေ့ဆုံတာဟာ တစ်လအတွင်းမှာ ဒါဟာ ဒုတိယ မြို့ ဖြစ်ပါတယ်။ နယူးယောက်ပြည်နယ်က Buffalo မြို့မှာ ဖြစ်ပွါးခဲ့တဲ့ ပစ်ခတ်မှုအတွက်လည်း ဒီလအစောပိုင်းတုန်းကလည်း အမေရိကန် သမ္မတက သွားရောက်ခဲ့ပါသေးတယ်။

အမေရိကန်သမ္မတနဲ့အတူ ဇနီး Jill Biden လည်း လိုက်ပါသွားပြီး၊ မိသားစုတွေကို တွေ့ဆုံသလို၊ သေဆုံးသွားခဲ့သူတွေအတွက် အောက်မေ့ဖွယ်နေရာကိုလည်း သွားရောက်ပါတယ်။ ကက်သလစ်ဘုရားကျောင်းမှာ ကျင်းပမယ့် ဝတ်ပြုဆုတောင်းပွဲကိုလည်း တက်ရောက်ပါတယ်။

စနေနေ့တုန်းက သမ္မတဘိုင်ဒင်က Delaware တက္ကသိုလ်မှာ စကားပြောကြားရာမှာ “အကြမ်းဖက်တာတွေ များလွန်းနေပြီ။ ကြောက်ရတာတွေ များလွန်းနေပြီ။ ကြေကွဲစရာတွေ များလွန်းနေပြီ” လို့ ပြောကြားခဲ့ပါတယ်။

အခုလို ကြေကွဲစရာအဖြစ် ကြုံခဲ့ရတဲ့အချိန်မှာ ရဲတပ်ဖွဲ့ရဲ့ တုံ့ပြန်ခဲ့ပုံက လူအများရဲ့ ဝေဖန်စရာလည်း ဖြစ်ခဲ့ပါတယ်။ သေနတ်သမားက ကျောင်းထဲကို ဝင်ရောက်သွားပြီးတဲ့နောက် ရဲတပ်ဖွဲ့က (၄) မိနစ် အကြာမှာ ရောက်ရှိခဲ့ပေမဲ့၊ ကျောင်းထဲကို မဝင်ရောက်ခဲ့ဘဲ၊ အထူးတပ်ဖွဲ့ ရောက်လာတဲ့ နောက်တစ်နာရီလောက်အထိ စောင့်နေခဲ့တာအပေါ်၊ လူအများက မေးခွန်းထုတ်နေကြတာပါ။ ရဲတပ်ဖွဲ့မှူးက ဓားစာခံ ဖမ်းထားတဲ့ အခြေအနေလို့ထင်ပြီး အထူးတပ်ဖွဲ့ ရောက်တဲ့အထိ စောင့်မယ်လို့ ပြည်သူ့လုံခြုံရေးဌာန ညွှန်ကြားရေးမှူး Steven McCraw က ကျောင်းအပြင်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG