သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔ ကုန္သြယ္ေရးလမ္းေၾကာင္း တိုးခ်ဲ႕ဖြင့္လွစ္ဖို႔ အိႏၵိယ စီစဥ္


ျမန္မာနဲ႔ ေျမျပင္ဆက္သြယ္ေရး၊ ဘဂၤလားေဒ့ရွ္နဲ႔ ပင္လယ္ျပင္ ဆက္သြယ္ေရးေတြဟာ ဗီယက္နမ္နဲ႔ ဖိလစ္ပိုင္အထိ ကုန္သြယ္ေရး ပမာဏ ႀကီးႀကီးမားမား ျဖစ္ေပၚလာေအာင္ ဖြင့္ေပးႏိုင္တယ္လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S. Jaishankar က ေျပာပါတယ္။ နဒီ (၃) အာရွ ျမစ္ဆုံမ်ား (၂) ရက္ၾကာ သီးသန႔္ေဆြးေႏြးပြဲမွာ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက အခုလို ေျပာလိုက္တာ ျဖစ္ပါတယ္။

ဒီလိုသာ ေဆာင္႐ြက္ႏိုင္ရင္ ဂ်ပန္-အာဆီယံ တိုင္းျပည္ေတြနဲ႔ တြဲဖက္ လုပ္ကိုင္ေနတာေတြကိုသာမက အခု ေဆာင္႐ြက္ေနတဲ့ အင္ဒို-ပစိဖိတ္ စီးပြါးေရးမူေဘာင္ကိုလည္း တကယ့္ကို တမူကြဲေစလိမ့္မယ္လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက ဆိုပါတယ္။

၁၉၆၅ ကတည္းကရွိခဲ့တဲ့ ဘဂၤလားေဒ့ရွ္-အိႏၵိယ ႏွစ္ျပည္ေထာင္ၾကား ရထားလမ္းေတြကို ျပန္လည္ ေဖာ္ထုတ္တာနဲ႔ စတင္ႏိုင္တယ္လို႔ ဝန္ႀကီးက တင္ျပသြားပါတယ္။ အထူးသျဖင့္ အိႏၵိယ အေရွ႕ေျမာက္ပိုင္း အာသံျပည္နယ္နဲ႔ ဘဂၤလားေဒ့ရွ္ၾကား ဆက္ထားတဲ့ ရထားလမ္းကို တိုးခ်ဲ႕ေခတ္မီေအာင္ ေဆာင္႐ြက္သြားဖို႔ သူက ေျပာပါတယ္။

ဒါ့အျပင္ နယ္စပ္ျဖတ္ လွ်ပ္စစ္ဓာတ္အား ခ်ိတ္ဆက္မႈနဲ႔ ဒီဂ်စ္တယ္ဆက္သြယ္ေရး အေျခခံအေဆာက္အအုံေတြ တည္ေဆာက္ေရးကိုလည္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက ေဆြးေႏြးသြားပါတယ္။

အိႏၵိယႏိုင္ငံ၊ အာသံျပည္နယ္ၿမိဳ႕ေတာ္ Guwahati မွာ ေသာၾကာေန႔ကစတင္ၿပီး (၂) ရက္ၾကာ က်င္းပတဲ့ ဒီေဆြးေႏြးပြဲကို အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ တျခား အိႏၵိယအစိုးရ တာဝန္ရွိသူေတြအျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး AK Abdul Momen၊ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးတို႔လည္း တက္ေရာက္ၾကပါတယ္။

=== Unicode ===

မြန်မာနဲ့ မြေပြင်ဆက်သွယ်ရေး၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပင်လယ်ပြင် ဆက်သွယ်ရေးတွေဟာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်အထိ ကုန်သွယ်ရေး ပမာဏ ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် ဖွင့်ပေးနိုင်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar က ပြောပါတယ်။ နဒီ (၃) အာရှ မြစ်ဆုံများ (၂) ရက်ကြာ သီးသန့်ဆွေးနွေးပွဲမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီလိုသာ ဆောင်ရွက်နိုင်ရင် ဂျပန်-အာဆီယံ တိုင်းပြည်တွေနဲ့ တွဲဖက် လုပ်ကိုင်နေတာတွေကိုသာမက အခု ဆောင်ရွက်နေတဲ့ အင်ဒို-ပစိဖိတ် စီးပွါးရေးမူဘောင်ကိုလည်း တကယ့်ကို တမူကွဲစေလိမ့်မယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

၁၉၆၅ ကတည်းကရှိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နှစ်ပြည်ထောင်ကြား ရထားလမ်းတွေကို ပြန်လည် ဖော်ထုတ်တာနဲ့ စတင်နိုင်တယ်လို့ ဝန်ကြီးက တင်ပြသွားပါတယ်။ အထူးသဖြင့် အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဆက်ထားတဲ့ ရထားလမ်းကို တိုးချဲ့ခေတ်မီအောင် ဆောင်ရွက်သွားဖို့ သူက ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ် လျှပ်စစ်ဓာတ်အား ချိတ်ဆက်မှုနဲ့ ဒီဂျစ်တယ်ဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးကိုလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးသွားပါတယ်။

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မြို့တော် Guwahati မှာ သောကြာနေ့ကစတင်ပြီး (၂) ရက်ကြာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တခြား အိန္ဒိယအစိုးရ တာဝန်ရှိသူတွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့လည်း တက်ရောက်ကြပါတယ်။

XS
SM
MD
LG