သီရိလကၤာႏိုင္ငံက ႐ုရွားဆီမွ ေရနံဝယ္ရမယ့္ အေျခအေနကို ေရာက္ေနေၾကာင္း၊ အသစ္ခန႔္လိုက္တဲ့ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ တျခားက ဝယ္လို႔ရတဲ့ေနရာေတြလည္း ပထမ ၾကည့္ပါမယ္။ ဒါေပမဲ့ ေမာ္စကုိကေန ေရနံစိမ္းကို ဝယ္ဖို႔လည္း ဖြင့္ထားပါတယ္လို႔ ေအပီသတင္းဌာနနဲ႔ စေနေန႔ကလုပ္တဲ့ အင္တာဗ်ဴးမွာ သီရိလကၤာဝန္ႀကီးခ်ဳပ္ ဝစ္ကရယ္မယ္ဆင္ေဂး (Ranil Wickremesinghe) က ေျပာသြားခဲ့တာပါ။
တ႐ုတ္ဆီက ေငြေၾကးအကူအညီ လက္ခံဖို႔လည္း ဆႏၵရွိပါတယ္လို႔ သူက ဆိုပါတယ္။ သူက ဘ႑ာေရး ဝန္ႀကီးတာဝန္လည္း ယူထားပါတယ္။ သီရိလကၤာႏိုင္ငံရဲ႕ ႏိုင္ငံျခားေငြေၾကးရံပုံေငြက ကုန္သေလာက္နီးပါး ျဖစ္ေနၿပီး၊ အေႂကြးေငြ အေမရိကန္ေဒၚလာ ၅၁ ဘီလီယံ တင္ေနပါတယ္။ ဒီႏွစ္ ၇ ဘီလီယံ ဆပ္ရမွာ ျဖစ္ေပမဲ့ ရပ္ဆိုင္းထားပါတယ္။ တင္သြင္းကုန္ေတြ အကုန္ေလာက္နီးနီး ရပ္ဆိုင္းသြားခဲ့ၿပီး၊ ျပည္သူလူထုမွာ အေျခခံစားကုန္နဲ႔ လိုအပ္တာေတြ ဝယ္ရဖို႔ အခက္အခဲ ျဖစ္ေနၾကပါတယ္။ လွ်ပ္စစ္မီးလည္း မွန္မွန္မေပးႏိုင္ဘဲ ျဖစ္ေနပါတယ္။
လြန္ခဲ့တဲ့ ႏွစ္ပတ္က သီရိလကၤာႏိုင္ငံဟာ ႐ုရွားဆီက ေရနံစိမ္း တန္ ၉၉၀၀၀ တင္သြင္းခဲ့ပါတယ္။ ပိတ္ဆို႔အေရးယူတာကို ခံေနရတဲ့အတြက္ ႐ုရွားက ေရနံစိမ္းေစ်းကို ေစ်းခ်ေရာင္းေနတာပါ။ သီရိလကၤာႏိုင္ငံဟာ ယူကရိန္းစစ္ပြဲမွာ ၾကားေနပါတယ္။
==== Unicode ====
သီရိလင်္ကာနိုင်ငံက ရုရှားဆီမှ ရေနံဝယ်ရမယ့် အခြေအနေကို ရောက်နေကြောင်း၊ အသစ်ခန့်လိုက်တဲ့ ဝန်ကြီးချုပ်က ပြောပါတယ်။ တခြားက ဝယ်လို့ရတဲ့နေရာတွေလည်း ပထမ ကြည့်ပါမယ်။ ဒါပေမဲ့ မော်စကိုကနေ ရေနံစိမ်းကို ဝယ်ဖို့လည်း ဖွင့်ထားပါတယ်လို့ အေပီသတင်းဌာနနဲ့ စနေနေ့ကလုပ်တဲ့ အင်တာဗျူးမှာ သီရိလင်္ကာဝန်ကြီးချုပ် ဝစ်ကရယ်မယ်ဆင်ဂေး (Ranil Wickremesinghe) က ပြောသွားခဲ့တာပါ။
တရုတ်ဆီက ငွေကြေးအကူအညီ လက်ခံဖို့လည်း ဆန္ဒရှိပါတယ်လို့ သူက ဆိုပါတယ်။ သူက ဘဏ္ဍာရေး ဝန်ကြီးတာဝန်လည်း ယူထားပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ နိုင်ငံခြားငွေကြေးရံပုံငွေက ကုန်သလောက်နီးပါး ဖြစ်နေပြီး၊ အကြွေးငွေ အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံ တင်နေပါတယ်။ ဒီနှစ် ၇ ဘီလီယံ ဆပ်ရမှာ ဖြစ်ပေမဲ့ ရပ်ဆိုင်းထားပါတယ်။ တင်သွင်းကုန်တွေ အကုန်လောက်နီးနီး ရပ်ဆိုင်းသွားခဲ့ပြီး၊ ပြည်သူလူထုမှာ အခြေခံစားကုန်နဲ့ လိုအပ်တာတွေ ဝယ်ရဖို့ အခက်အခဲ ဖြစ်နေကြပါတယ်။ လျှပ်စစ်မီးလည်း မှန်မှန်မပေးနိုင်ဘဲ ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်က သီရိလင်္ကာနိုင်ငံဟာ ရုရှားဆီက ရေနံစိမ်း တန် ၉၉၀၀၀ တင်သွင်းခဲ့ပါတယ်။ ပိတ်ဆို့အရေးယူတာကို ခံနေရတဲ့အတွက် ရုရှားက ရေနံစိမ်းဈေးကို ဈေးချရောင်းနေတာပါ။ သီရိလင်္ကာနိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာ ကြားနေပါတယ်။