သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားမှာ ထရပ်ကားသမားတွေ ၆ ရက်မြောက်နေ့ ဆန္ဒပြ


A member of the Cargo Truckers Solidarity union stands next to a truck during a strike in Yeosu, South Korea, June 9, 2022.
A member of the Cargo Truckers Solidarity union stands next to a truck during a strike in Yeosu, South Korea, June 9, 2022.

တောင်ကိုရီးယားနိုင်ငံမှာ ထရပ်ကားမောင်းတဲ့သူတွေက လစာတိုးပေးဖို့ အစိုးရကို တောင်းဆိုဆွေးနွေမှုတွေ မအောင်မြင်ဖြစ်ခဲ့ပြီးတဲ့နောက်၊ ထရပ်ကားမောင်းတဲ့သူတွေဟာ ၆ ရက်မြောက်နေ့အဖြစ်နဲ့ ဒီနေ့မှာလည်း ဆက်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီလို ဆက်ပြီးတော့ ဆန္ဒပြခဲ့ကြတာကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ စက်မှုဇုန်တွေနဲ့ အဓိကဆိပ်ကမ်းတွေမှာလည်း ကုန်ပစ္စည်းတင်ပို့မှုတွေဟာ ထိခိုက်နေကြပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေဟာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ စနေနေ့က ၁၀ နာရီကျော်ကြာ တတိယအကြိမ်မြောက် ဆွေးနွေးခဲ့ကြပြီး၊ အလုပ်ပြန်ဆင်းကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ၂ ဘက် ကွာဟချက်တွေကို စေ့စပ်ညှိနှိုင်းလို့ မရခဲ့ဘူးလို့ တောင်ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။

နောက်ထပ် ဆွေးနွေးမှုတွေကို ဘယ်တော့ ဆက်လုပ်သွားနိုင်မလဲဆိုတာကို မသိဘူးလို့ သမဂ္ဂတာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါပေမဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနဘက်ကတော့ သူတို့အနေနဲ့ အလုပ်သမားသမဂ္ဂနဲ့ ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောလိုက်ပြီး အသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ တောင်ကိုရီးယားနိုင်ငံဟာ တပိုင်းလျှပ်ကူးပစ္စည်း၊ စမတ်ဖုန်း၊ မော်တော်ကား၊ ဓါတ်ခဲ နဲ့ တခြားအီလက်ထရောနစ်ကုန်ပစ္စည်းတွေ အဓိကပံ့ပိုးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံက ကိုဗစ်ကပ်ရောဂါအပေါ် ကန့်သတ်ထိန်းချုပ်မှုတွေနဲ့ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ထိခိုက်ခဲ့ရတဲ့ ကမ္ဘာတဝန်း ကုန်းကြမ်း(ထုတ်လုပ်မှုကွင်းဆက်) ကို ပိုပြီးတော့ မရေမရာဖြစ်စေခဲ့ပါတယ်။

==== Unicode ====




XS
SM
MD
LG