သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္၊ စစ္ေကာင္စီတို႔နဲ႔ သုံးပြင့္ဆိုင္ေဆြးေႏြးဖို႔ အာဆီယံကို 'ကန္' တိုက္တြန္း


ျမန္မာ့အေရး အေမရိကန္၊ အာဆီယံ ပူးတဲြေၾကညာခ်က္ ေကာက္ႏုတ္ခ်က္


စစ္ေကာင္စီရဲ ႔ အထိန္းသိမ္းခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္တို႔နဲ႔ ေဆြးေႏြးျခင္းအားျဖင့္ ျမန္မာႏိုင္ငံရဲ႕ လူသားခ်င္းစာနာေထာက္ထားေရး အက်ပ္အတည္းကို အဆုံးသတ္ဖို႔ အေမရိကန္ျပည္ေထာင္စုက အာဆီယန္ကို တိုက္တြန္းလိုက္ပါတယ္။ ဘန္ေကာက္၊ အေမရိကန္သံ႐ုံးရဲ႕ သံ႐ုံးယာယီတာဝန္ခံ Michael Heath က သတင္းစာရွင္းလင္းပြဲမွာ အခုလို ေျပာလိုက္တာျဖစ္ေၾကာင္း ထိုင္းႏိုင္ငံရဲ ႔ ဘန္ေကာက္ပို႔စ္သတင္းစာႀကီးက ေရးပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အက်ိဳးစီးပြါးအတြက္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ အေျဖရရွိဖို႔ အာဆီယန္ရဲ႕ အားထုတ္မႈေတြကို ကြၽန္ေတာ္တို႔ ေထာက္ခံပါတယ္လို႔ သူက ဆိုပါတယ္။ ယုံၾကည္မႈ ထူေထာင္ၿပီး၊ ပါဝင္ပတ္သက္သူေတြအားလုံး နဲ႔ ပြင့္ပြင့္လင္းလင္း ေတြ႔ဆုံႏိုင္ေရး အာဆီယံ ဥကၠဌရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ရဲ႕ လုပ္ေဆာင္ႏိုင္ရည္ကို အသုံးခ်ေရးလည္း အဲဒီ အားထုတ္မႈေတြထဲမွာ ပါဝင္ပါတယ္လို႔ မစၥတာ Michael Heath က ေျပာပါတယ္။ ‘

အေမရိကန္နဲ႔ ထိုင္းႏိုင္ငံတို႔ဟာ မဟာဗ်ဴဟာနဲ႔ ကာကြယ္ေရးဆိုင္ရာ ေဆြးေႏြးပြဲကို ေမလ (၉) ရက္ နဲ႔ (၁၀) ရက္တို႔မွာ က်င္းပခဲ့ၿပီး၊ အာဆီယန္-အေမရိကန္ ေဆြးေႏြးဆက္ဆံေရးကို ပိုၿပီးခိုင္မာေအာင္ တည္ေဆာက္ၾကဖို႔ ကတိကဝတ္ျပဳခဲ့ၾကပါတယ္။ ေဒသတြင္း ၿငိမ္းခ်မ္း‌ေရး၊ လုံၿခဳံေရး၊ တည္ၿငိမ္ေရးနဲ႔ ႂကြယ္ဝေရးကို တိုးျမႇင့္ေဆာင္႐ြက္ၾကၿပီး၊ စိန္ေခၚခ်က္ အသစ္ေတြကို ရင္ဆိုင္ႏိုင္တဲ့ ဆက္ဆံေရးအျဖစ္ ထိန္းသိမ္းၾကဖို႔ ႏွစ္ႏိုင္ငံ ပူးတြဲေၾကညာခ်က္မွာ ေဖာ္ျပခဲ့ၾကပါတယ္။

=== Unicode ===

စစ်ကောင်စီရဲ့ အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဆွေးနွေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းကို အဆုံးသတ်ဖို့ အမေရိကန်ပြည်ထောင်စုက အာဆီယန်ကို တိုက်တွန်းလိုက်ပါတယ်။ ဘန်ကောက်၊ အမေရိကန်သံရုံးရဲ့ သံရုံးယာယီတာဝန်ခံ Michael Heath က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံရဲ့ ဘန်ကောက်ပို့စ်သတင်းစာကြီးက ရေးပါတယ်။

မြန်မာနိုင်ငံရဲ့ အကျိုးစီးပွါးအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရရှိဖို့ အာဆီယန်ရဲ့ အားထုတ်မှုတွေကို ကျွန်တော်တို့ ထောက်ခံပါတယ်လို့ သူက ဆိုပါတယ်။ ယုံကြည်မှု ထူထောင်ပြီး၊ ပါဝင်ပတ်သက်သူတွေအားလုံး နဲ့ ပွင့်ပွင့်လင်းလင်း တွေ့ဆုံနိုင်ရေး အာဆီယံ ဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ လုပ်ဆောင်နိုင်ရည်ကို အသုံးချရေးလည်း အဲဒီ အားထုတ်မှုတွေထဲမှာ ပါဝင်ပါတယ်လို့ မစ္စတာ Michael Heath က ပြောပါတယ်။ ‘

အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ဟာ မဟာဗျူဟာနဲ့ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို မေလ (၉) ရက် နဲ့ (၁၀) ရက်တို့မှာ ကျင်းပခဲ့ပြီး၊ အာဆီယန်-အမေရိကန် ဆွေးနွေးဆက်ဆံရေးကို ပိုပြီးခိုင်မာအောင် တည်ဆောက်ကြဖို့ ကတိကဝတ်ပြုခဲ့ကြပါတယ်။ ဒေသတွင်း ငြိမ်းချမ်း‌ရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝရေးကို တိုးမြှင့်ဆောင်ရွက်ကြပြီး၊ စိန်ခေါ်ချက် အသစ်တွေကို ရင်ဆိုင်နိုင်တဲ့ ဆက်ဆံရေးအဖြစ် ထိန်းသိမ်းကြဖို့ နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့ကြပါတယ်။

XS
SM
MD
LG