ကမာၻအဝွမ္း ကိုဗစ္ေရာဂါျဖစ္ပြားမႈနဲ႔ အေသအေပ်ာက္ႏႈန္းေတြဟာ ကပ္ေရာဂါႀကီး စျဖစ္ကတည္းကဆိုရင္ အနိမ့္ဆုံးအဆင့္နီးပါး ေရာက္လာၿပီလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO ၫြန္ၾကားေရးမွဴးခ်ဳပ္ Dr.Tedros Adhanom Ghebreyesus က ေသာၾကာေန႔ ေျပာလိုက္ပါတယ္ ။
ဒါေပမဲ့လဲ ကပ္ေရာဂါႀကီး ၿပီးဆုံးသြားၿပီလို႔ ေျပာဆိုဖို႔ အင္မတန္ေစာလြန္းသလို၊ ကူးစက္ပ်႕ႏွံမႈတိုးလာတာ ေရာဂါပိုးရွိမရွိ စမ္းသပ္မႈနည္းလာတာ ကာကြယ္ေဆး မထိုးရေသးတဲ့အေရအတြက္ လူဦးရည္ တစ္ဘီလီလ်ံ ရွိေသးတာေတြေၾကာင့္ အႏၲရာယ္ရွိေနတုန္းပဲလို႔လည္း WHO ၫႊန္ၾကားေရးမႈးခ်ဳပ္က ေသာၾကာေန႔ကလုပ္တဲ့ GLOBSEC Bratislava ေဆြးေႏြးပြဲႀကီးမွာ သတိေပးခဲ့ပါတယ္။
လက္ရွိကာကြယ္ေဆးေတြကို ေရွာင္ႏိုင္တဲ့ ပိုၿပီးျပင္းထန္တဲ့ ပိုးမ်ိဳးကြဲသစ္ေတြ ထြက္လာတာေၾကာင့္ အႏၲရာယ္က်ေရာက္ေနတုန္းပဲလို႔ WHO အႀကီးအကဲက ေျပာတာပါ။
အိႏၵိယႏိုင္ငံမွာေတာ့ အခုစေနေန႔မွာ ကိုဗစ္ေရာဂါပိုး စမ္းသပ္ေတြ႔ရွိသူ သုံးေထာင့္ကိုးရာေက်ာ္ ရွိတယ္လို႔ အိႏၵိယက်န္းမာေရးဝန္ႀကီးဌာနက ေၾကညာပါတယ္။ ဒါေပမဲ့လဲ မေန႔ ေသာၾကာေန႔တုန္းကေတာ့ သုံးလအတြင္း ပထမဆုံးအႀကိမ္အျဖစ္နဲ႔ ေန႔စဥ္စမ္းသပ္ေတြ႔ရွိမႈက ေလးေထာင္ေက်ာ္ ျဖစ္ခဲ့ပါတယ္။ John Hopkins ေဆးတကၠသိုလ္ ကို႐ိုနာဗိုင္းရပ္ ေလ့လာေရးဌာနရဲ႕ မွတ္တမ္းမွာေတာ့ အိႏၵိယႏိုင္ငံအတြင္း လူဦးရည္ (၄၃) သန္းေက်ာ္ ကိုဗစ္ေရာဂါပိုး စမ္းသပ္ေတြ႔ရွိခဲ့ၿပီး၊ ေရာဂါပိုးေၾကာင့္ ေသဆုံးသူက ငါးသိန္းအထက္ ရွိခဲ့ပါတယ္။
တကမာၻလုံးမွာဆိုရင္ေတာ့ ေရာဂါပိုးစမ္းသပ္ေတြ႔ရွိသူ (၅၃၁) သန္းေက်ာ္ခဲ့ၿပီး၊ ေသဆုံးသူက (၆.၃) သန္း ရွိတယ္လို႔ John Hopkins မွတ္တမ္းမွာ ေဖာ္ျပပါတယ္။ တကမာၻလုံးမွာ ကာကြယ္ေဆးထိုးထားတဲ့ အေရအတြက္ကေတာ့ (၁၁.၆၆) ဘီလီလ်ံ ရွိတယ္လို႔လည္း John Hopkins တကၠသိုလ္ မွတ္တမ္းမွာ ေဖာ္ျပပါတယ္။
=== Unicode ===
ကမ္ဘာအဝှမ်း ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့ အသေအပျောက်နှုန်းတွေဟာ ကပ်ရောဂါကြီး စဖြစ်ကတည်းကဆိုရင် အနိမ့်ဆုံးအဆင့်နီးပါး ရောက်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွန်ကြားရေးမှူးချုပ် Dr.Tedros Adhanom Ghebreyesus က သောကြာနေ့ ပြောလိုက်ပါတယ် ။
ဒါပေမဲ့လဲ ကပ်ရောဂါကြီး ပြီးဆုံးသွားပြီလို့ ပြောဆိုဖို့ အင်မတန်စောလွန်းသလို၊ ကူးစက်ပျ့နှံမှုတိုးလာတာ ရောဂါပိုးရှိမရှိ စမ်းသပ်မှုနည်းလာတာ ကာကွယ်ဆေး မထိုးရသေးတဲ့အရေအတွက် လူဦးရည် တစ်ဘီလီလျံ ရှိသေးတာတွေကြောင့် အန္တရာယ်ရှိနေတုန်းပဲလို့လည်း WHO ညွှန်ကြားရေးမှုးချုပ်က သောကြာနေ့ကလုပ်တဲ့ GLOBSEC Bratislava ဆွေးနွေးပွဲကြီးမှာ သတိပေးခဲ့ပါတယ်။
လက်ရှိကာကွယ်ဆေးတွေကို ရှောင်နိုင်တဲ့ ပိုပြီးပြင်းထန်တဲ့ ပိုးမျိုးကွဲသစ်တွေ ထွက်လာတာကြောင့် အန္တရာယ်ကျရောက်နေတုန်းပဲလို့ WHO အကြီးအကဲက ပြောတာပါ။
အိန္ဒိယနိုင်ငံမှာတော့ အခုစနေနေ့မှာ ကိုဗစ်ရောဂါပိုး စမ်းသပ်တွေ့ရှိသူ သုံးထောင့်ကိုးရာကျော် ရှိတယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ဒါပေမဲ့လဲ မနေ့ သောကြာနေ့တုန်းကတော့ သုံးလအတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ နေ့စဉ်စမ်းသပ်တွေ့ရှိမှုက လေးထောင်ကျော် ဖြစ်ခဲ့ပါတယ်။ John Hopkins ဆေးတက္ကသိုလ် ကိုရိုနာဗိုင်းရပ် လေ့လာရေးဌာနရဲ့ မှတ်တမ်းမှာတော့ အိန္ဒိယနိုင်ငံအတွင်း လူဦးရည် (၄၃) သန်းကျော် ကိုဗစ်ရောဂါပိုး စမ်းသပ်တွေ့ရှိခဲ့ပြီး၊ ရောဂါပိုးကြောင့် သေဆုံးသူက ငါးသိန်းအထက် ရှိခဲ့ပါတယ်။
တကမ္ဘာလုံးမှာဆိုရင်တော့ ရောဂါပိုးစမ်းသပ်တွေ့ရှိသူ (၅၃၁) သန်းကျော်ခဲ့ပြီး၊ သေဆုံးသူက (၆.၃) သန်း ရှိတယ်လို့ John Hopkins မှတ်တမ်းမှာ ဖော်ပြပါတယ်။ တကမ္ဘာလုံးမှာ ကာကွယ်ဆေးထိုးထားတဲ့ အရေအတွက်ကတော့ (၁၁.၆၆) ဘီလီလျံ ရှိတယ်လို့လည်း John Hopkins တက္ကသိုလ် မှတ်တမ်းမှာ ဖော်ပြပါတယ်။