သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ ပိတ်ဆို့ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေဆဲ


ရန်ကုန်မှာ ပိတ်ဆို့ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေဆဲ
ရန်ကုန်မှာ ပိတ်ဆို့ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေဆဲ

{{Zawgyi/Unicode}}

စစ်တပ်က အာဏာသိမ်းပြီး ၃၃ ရက်မြောက် ဒီကနေ့အထိ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အားကောင်းနေဆဲပါ။ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာတွေကြောင့် သေဆုံးသူတွေနဲ့ ဒဏ်ရာပြင်းထန်သူတွေ ရှိလာနေပေမယ့် ကိုယ့်အနီးဝန်းကျင်လမ်းမပေါ် ထွက်ပြီး ပြည်သူတွေဘက်က ဆက်လက်ဆန္ဒဖော်ထုတ်နေပါတယ်။ ဆန္ဒပြပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြမှာပါ။

အာဏာသိမ်းတာ လက်မခံတဲ့ ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားမှုတွေကို အရင်က လမ်းလျှောက်ချီတက်ပြီး လူသိများတဲ့နေရာတွေမှာ စုဝေးခဲ့ကြတာပါ။ ဆန္ဒပြသူတွေဘက်က ကြွေးကြော်သံတွေနဲ့ လူစုဝေးတာသာ ရှိနေပေမယ့် ဒါကို အကြမ်းဖက်ဖြိုခွင်းတာတွေ ရှိလာတဲ့နောက်မှာတော့ လမ်းလျှောက်ချီတက်တဲ့ သပိတ်စစ်ကြောင်းတွေထက် ကိုယ့်ရဲ့အနီးဝန်းကျင်က လမ်းမတွေပေါ်မှာသာ အများစုက ဆန္ဒပြလာပါတယ်။ ဒါပေမယ့်လည်း ဒီလိုဆန္ဒပြမှုတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတာကတော့ ဆက်ရှိနေတုန်းပါ။

ဒီကနေ့ မနက်အစောပိုင်းကတည်းက စမ်းချောင်းဘက်က ဆန္ဒပြသူတွေကို လက်နက်ကိုင်တွေက ဖြိုခွင်းပြီးတဲ့နောက် ဗဟိုလမ်းတောက်လျှောက်ဆင်းလာပြီး အသံဗုံးသုံး ဖြိုခွဲတာတွေလည်း ရှိခဲ့ပါတယ်။ ဖြိုခွဲခံရတာတွေ ရှိခဲ့တဲ့ စမ်းချောင်းမှာ လူငယ်တွေက ဆန္ဒပြသပိတ်ကို နေ့လည်ပိုင်းမှာ တကျော့ပြန်စုဝေးခဲ့တယ်လို့ အဲဒီအနီးဝန်းကျင်မှာ နေထိုင်သူတဦးက ပြောပါတယ်။

"သူတို့က မျက်ရည်ယိုဗုံးတွေ ပစ်တာ ကျောင်းကုန်းလမ်းထိပ်နားထိ ရောက်တယ်။ မနက်ကတော့ စမ်းချောင်း၊ ဗဟိုလမ်းအတိုင်း ဝင်လာတာ ၉ နာရီလောက်က စစ်ကားတွေနဲ့ ရဲတွေဝင်လာပြီးတော့ သူတို့ဗဟိုလမ်းအတိုင်း သွားကြတာ၊ သမိုင်းအထိ သွားကြတာလားမသိဘူး။ အခု ၃ နာရီလောက်ကျတော့ ပြန်လာပြီးတော့ ဒီနားက သပိတ်ကြောင်းကို ဖြိုတယ်။"

အင်းစိန်တံတားအနီးမှာ ပြည်သူတွေဘက်က တားဆီးထားတဲ့ လုံခြုံရေးအကာအရံတွေကိုလက်နက်ကိုင်တွေဘက်က မီးရှို့ဖျက်စီးတာတွေ လုပ်ခဲ့ပါတယ်။ သပိတ်စစ်ကြောင်းတွေ အင်အားကောင်းခဲ့တဲ့ တာမွေမြို့နယ်ဘက်မှာလည်း ပြည်သူတွေပြင်ဆင်ထားတဲ့ အကာအရံတွေ ဖျက်ဆီးခံရတာရှိပေမယ့် ရပ်ကွက်နေပြည်သူတွေက ထပ်ပြီးပြင်ဆင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ဆန္ဒပြသူတွေအများအပြား ပစ်ခတ်ခံရလို့ သေဆုံးသူများခဲ့တဲ့ မြောက်ဥက္ကလာမှာလည်း ဒီကနေ့အထိ ဆန္ဒပြမှုတွေ အားကောင်းနေဆဲပါ။ ဒီနေ့ ဆန္ဒပြသူတွေကို ရာဘာကျည်နဲ့ပစ်တာ၊ မျက်ရည်ယိုဗုံးသုံးတာတွေ ရှိခဲ့ပြီး ထိခိုက်သူတချို့လည်း ရှိခဲ့ပါတယ်။

လှည်းတန်း - အင်းစိန်လမ်းမအနီးက နေရာတွေမှာလည်း ဆန္ဒပြသူတွေကို ပစ်ခတ်လူစုခွဲတာတွေ ရှိခဲ့ပေမယ့် တကျော့ပြန်ဆန္ဒပြမှုတွေ ဆက်ရှိနေခဲ့ပါတယ်။ ရန်ကုန်မြို့က တရုတ်တန်း - လသာတဝိုက်မှာလည်း အိမ်ပေါ်တွေထိတက်ပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ကုသပေးနိုင်ဖို့ ရွေ့လျားဆေးခန်းပုံစံ လူနာတင်ကားတချို့လည်း မြို့နယ်အလိုက် သွားလာနေတာရှိပါတယ်။ အဲဒီမှာ ပါဝင်အင်အားဖြည့်နေတဲ့ ဒေါက်တာကျော်မင်းထွန်းက ...

"ကိုယ့်မြို့နယ်၊ ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ရဲ့သပိတ်ကြောင်း၊ အဲလိုတွေပဲ တွေ့တယ်။ ထိပ်တိုက်တွေ့လည်း အေးဆေးပဲ၊ ပြန်ပြီးတော့ လူစုကွဲသွားတာပေါ့နော်။ ထိပ်တိုက် ပြင်းထန်တဲ့ပုံစံနဲ့ တွေ့နေရတာလည်း မဟုတ်ဘူးပေါ့နော်။ ကိုယ့်စည်းကြားမှာပဲရှိတယ်၊ လမ်းမှာပဲ ပြီးသွားတယ်။ ကျနော် အင်းစိန်ဘက်ရောက်တယ်၊ အေးအေးဆေးဆေးပဲ။ ကျောက်မြောင်း၊ တာမွေဘက်မှာလည်း မီးခိုးဗုံးခွဲတယ်၊ အသံဗုံးခွဲတယ်။ အဲလောက်နဲ့ပဲ ပြီးသွားပါတယ်။"

နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြမှုတွေထဲ ရန်ကုန်အပြင် မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် အပါအဝင် ဧရာဝတီတိုင်းဘက်က မြို့တွေနဲ့ နေရာအသီးသီးမှာ ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲတာတွေ ရှိနေပေမယ့် ပြည်သူတွေဘက်ကလည်း သူတို့ရဲ့ အာဏာရှင်ဖြုတ်ချရေးဆန္ဒတွေကို ဆက်ပြီးဖော်ထုတ်နေတုန်းပါ။

ဗြိတိန်ဝန်ကြီးချုပ်ကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းတာတွေ တိုးလာနေတဲ့အပေါ် ထိတ်လန့်တုန်လှုပ်စရာဖြစ်ကြောင်းနဲ့ စစ်တပ်ရဲ့ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့ မနေ့တုန်းက တောင်းဆိုလိုက်ပါတယ်။ အဲဒါအပြင် အမေရိကန်ရဲ့ ကုန်သွယ်ရေးအမည်မည်းစာရင်းထဲမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ စစ်တပ်ရဲ့စီးပွားရေးတွေကို ထည့်သွင်းလိုက်ပြီးတော့ နောက်ထပ်အရေးယူမှုတွေ ချမှတ်ဖို့ကိုလည်း ပြန်လည်သုံးသပ်နေတယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ကြေညာထားပါတယ်။

..................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}






ပွီးခဲ့တဲ့ ဗုဒ်ဓဟူးနေ့တုနျးက ဆန်ဒပွသူတှအေမြားအပွား ပဈခတျခံရလို့ သဆေုံးသူမြားခဲ့တဲ့ မွောကျဥက်ကလာမှာလညျး ဒီကနေ့အထိ ဆန်ဒပွမှုတှေ အားကောငျးနဆေဲပါ။ ဒီနေ့ ဆန်ဒပွသူတှကေို ရာဘာကညြျနဲ့ပဈတာ၊ မကြျရညျယိုဗုံးသုံးတာတှေ ရှိခဲ့ပွီး ထိခိုကျသူတခြို့လညျး ရှိခဲ့ပါတယျ။





XS
SM
MD
LG