သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး ေတြ႕ဆုံေဆြးေႏြး


U.S. Secretary of State Antony Blinken in Thailand

ထိုင္းႏိုင္ငံမွာ ေရာက္ရွိေနတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ Prayut Chan-ocha နဲ႔ ဒီကေန႔ တနဂၤေႏြေန႔မွာ သြားေရာက္ေတြ႔ဆုံခဲ့ ပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္ နဲ႔ မေတြ႔ဆုံမီမွာ အေမရိကန္ နဲ႔ ထိုင္း ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ မဟာဗ်ဴဟာ-မဟာမိတ္နဲ႔ မိတ္ဘက္ဆိုင္ရာ ပူးတြဲေၾကညာခ်က္နဲ႔ ေရာင္းလိုအား ကြင္းဆက္ဆိုင္ရာ ႀကံ့ႀကံ့ခံႏိုင္ေရး နားလည္မႈစာခြၽန္ေတာ္တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က သတင္းေထာက္ေတြကို အခုလို ေျပာခဲ့ပါတယ္။

“လြတ္လပ္၊ ပြင့္လင္း၊ ႏွစ္ႏိုင္ငံ ဆက္စပ္ႂကြယ္ဝ၊ ႀကံ့ႀကံ့ခံႏိုင္ၿပီး၊ လုံၿခဳံစိတ္ခ်ရတဲ့ အင္ဒို-ပစိဖိတ္ေဒသ ျဖစ္ေပၚေရးကို တူညီတဲ့ပန္းတိုင္အျဖစ္ ကြၽန္ေတာ္တို႔ ႏွစ္ႏိုင္ငံလုံးက ရႈျမင္ၾကပါတယ္။ အဲဒီေမွ်ာ္မွန္းခ်က္ကို ေရွ႕ရႈၿပီး၊ မၾကာမီႏွစ္မ်ားအတြင္းက ကြၽန္ေတာ္တို႔ ပိုလို႔နီးနီးကပ္ကပ္ အလုပ္လုပ္ခဲ့ၾကပါတယ္။” လို႔ ဘလင္ကန္က ေျပာၾကားသြားခဲ့တာပါ။

အေမရိကန္နဲ႔ ထိုင္းတို႔ဟာ က်န္းမာေရးနဲ႔ ရာသီဥတုဆိုင္ရာ ပူေပါင္းေဆာင္႐ြက္ေရးကိုလည္း တိုးခ်ဲ႕ေဆာင္႐ြက္ၾကမွာ ျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘး ကြယ္လြန္သြားခဲ့တဲ့အတြက္ ဝမ္းနည္းစကားေျပာၾကားဖို႔ ဂ်ပန္ႏိုင္ငံကို တနလၤာေန႔မွာ သြားေရာက္မွာ ျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာပါတယ္။

=== Unicode ====

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayut Chan-ocha နဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ သွားရောက်တွေ့ဆုံခဲ့ ပါတယ်။ ထိုင်းဝန်ကြီးချုပ် နဲ့ မတွေ့ဆုံမီမှာ အမေရိကန် နဲ့ ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မဟာဗျူဟာ-မဟာမိတ်နဲ့ မိတ်ဘက်ဆိုင်ရာ ပူးတွဲကြေညာချက်နဲ့ ရောင်းလိုအား ကွင်းဆက်ဆိုင်ရာ ကြံ့ကြံ့ခံနိုင်ရေး နားလည်မှုစာချွန်တော်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သတင်းထောက်တွေကို အခုလို ပြောခဲ့ပါတယ်။

“လွတ်လပ်၊ ပွင့်လင်း၊ နှစ်နိုင်ငံ ဆက်စပ်ကြွယ်ဝ၊ ကြံ့ကြံ့ခံနိုင်ပြီး၊ လုံခြုံစိတ်ချရတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်ရေးကို တူညီတဲ့ပန်းတိုင်အဖြစ် ကျွန်တော်တို့ နှစ်နိုင်ငံလုံးက ရှုမြင်ကြပါတယ်။ အဲဒီမျှော်မှန်းချက်ကို ရှေ့ရှုပြီး၊ မကြာမီနှစ်များအတွင်းက ကျွန်တော်တို့ ပိုလို့နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ကြပါတယ်။” လို့ ဘလင်ကန်က ပြောကြားသွားခဲ့တာပါ။

အမေရိကန်နဲ့ ထိုင်းတို့ဟာ ကျန်းမာရေးနဲ့ ရာသီဥတုဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးကိုလည်း တိုးချဲ့ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်သွားခဲ့တဲ့အတွက် ဝမ်းနည်းစကားပြောကြားဖို့ ဂျပန်နိုင်ငံကို တနင်္လာနေ့မှာ သွားရောက်မှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG