သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 အကြမ်းဖက်တိုက်ခိုက်မှု ၂၁ နှစ်မြောက် နှစ်ပတ်လည်နေ့


Sept 11 Anniversary
Sept 11 Anniversary

[[Zawgyi/Unicode]]

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့ဟာ အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်မှု ခံခဲ့ရတဲ့ ၂၁ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။

ဒီနေ့ကို နိုင်ငံတဝန်း အမှတ်ရ အောက်မေ့ဘွယ်နေ့အဖြစ် သတ်မှတ်ထားပြီး အဲဒီနေ့က တိုက်ခိုက်ခံခဲ့ရတဲ့ နေရာ (၃) နေရာမှာ အမှတ်ရအောက်မေ့ဘွယ် အခမ်းအနားတွေ ကျင်းပတာ၊ သေဆုံးသွားသူတွေရဲ့ နံမည်တွေကို ရွတ်ဆိုတာ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးကြတာတွေ ပြုလုပ်ကြလေ့ရှိပါတယ်။

နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေး မိုးမျှော် အဆောက်အဦးအကြီး တိုက်ခိုက်ခံခဲ့ရတဲ့ နေရာမှာ ကျင်းပမယ့် ၉/၁၁ အောက်မေ့ဘွယ် နိုင်ငံတော်အခမ်းအနားကို သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ဒုသမ္မတ Kamala Harris နဲ့ ခင်ပွန်းဖြစ်သူတို့ တက်ရောက်ပါတယ်။

သမ္မတ Joe Biden ကတော့ စက်တင်ဘာ ၁၁ ရက်နေ့က တိုက်ခိုက်ခံခဲ့ရတဲ့အထဲပါတဲ ဝါရှင်တန်မြို့အပြင်က ပင်တဂွန် စစ်ဌာနချုပ်မှာ ကျင်းပတဲ့ အောက်မေ့ဘွယ်အခမ်းအနားကို တက်ရောက်ပြီး လွမ်းသူပန်းခွေချတာ၊ အမှတ်တရ မိန့်ခွန်းပြောကြားတာတွေ ပြုလုပ်ခဲ့ပါတယ်။ သမ္မတနဲ့အတူ ကာကွယ်ရေးဝန်ကြီး Lloyd Austin လည်း အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

သမ္မတကတော် Jill Biden ကတော့ လေယာဉ်ခရီးစဉ် အမှတ် ၉၃ ပျက်ကျခဲ့တဲ့ Pennsylvania ပြည်နယ်၊ Shanksville က လယ်ကွင်းအတွင်း ကျင်းပမယ့် အောက်မေ့ဘွယ်အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ အာဖဂန်နစ္စတန်နိုင်ငံမှာ ခြေကုတ်ယူထားတဲ့ al-Qaida အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်နိုင်ငံအတွင်း လူပေါင်း ၃,၀၀၀ လောက် သေဆုံးခဲ့ရတာပါ။
အမေရိကန်က ထိန်းချုပ်ထားတဲ့ အာဖဂန်နစ်စတန်နိုင်ငံရဲ့ အရံငွေ ဒေါ်လာ ၇ ဘီလီယံ ထဲက ထက်ဝက်လောက်ကို အမေရိကန်မှာ ၂၀၀၁ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးဒဏ်ရာရသူတွေအတွက် သုံးစွဲခွင့်ပေးမယ့် သမ္မတအမိန့်တရပ်ကို အမေရိကန်သမ္မတ Joe Biden က အခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။

==== Unicode ====







XS
SM
MD
LG