သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကြၽန္စနစ္အဆုံးသတ္တဲ့ အထိမ္းအမွတ္ပြဲေတြ အေမရိကန္မွာဆင္ႏြဲ


Juneteenth Los Angeles

အေမရိကန္ျပည္ေထာင္စုမွာ ကြၽန္စနစ္အဆုံးသတ္ ခ်ဳပ္ၿငိမ္းသြားတဲ့အထိမ္းအမွတ္ Juneteenth အထိမ္းအမွတ္ပြဲေတြကို ဝါရွင္တန္ၿမိဳ႕ေတာ္အပါအဝင္ အေမရိကန္ၿမိဳ႕ေတြမွာ က်င္းပေနၾကပါတယ္။ အာဖရိကႏြယ္ဘြား အေမရိကန္ေတြ ဒီေန႔ကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၁၅၀) ေက်ာ္ထဲက လြတ္ေျမာက္တဲ့ေန႔အျဖစ္ ဆင္ႏြဲခဲ့ၾကေပမဲ့ ျပည္ေထာင္စုအစိုးရ ႐ုံးပိတ္ရက္အျဖစ္ သမၼတ Joe Biden လက္ထက္ ၂၀၂၁ ခုႏွစ္ကမွ တရားဝင္သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ျပည္နယ္တခ်ိဳ႕မွာပဲ ျပည္နယ္အစိုးရေတြက အဲဒီေန႔ကို အစိုးရ႐ုံးပိတ္ရက္အျဖစ္ သတ္မွတ္ထားပါေသးတယ္။

လူျဖဴရဲလက္ခ်က္နဲ႔ လူမည္း George Floyd ေသဆုံးခဲ့တဲ့ အျဖစ္ျဖစ္ခဲ့ၿပီးေနာက္ပိုင္း Juneteenth ကို အထိမ္းအမွတ္ အားလပ္ရက္ သတ္မွတ္ေရး ေဆာင္႐ြက္မႈေတြ အရွိန္ျမင့္ခဲ့ေပမဲ့ အခုေတာ့ အရွိန္ျပန္ေလ်ာ့သြားၿပီး ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ တရားဝင္ အားလပ္ရက္ သတ္မွတ္ေပးေရးက ေရွ ႔ဆက္မတိုးႏိုင္ဘဲ ရပ္တန႔္ေနပါတယ္။ Alabama, Mississippi, ေတာင္ Carolina, Tennessee စတဲ့ ျပည္နယ္ေတြအပါအဝင္ ျပည္နယ္ေတာ္ေတာ္မ်ားမ်ားမွာ ဒီႏွစ္ကစလို႔ ဇြန္လ (၁၉) ရက္ေန႔ကို တရားဝင္အားလပ္ရက္အျဖစ္ သတ္မွတ္ဖို႔ ျပည္နယ္ လႊတ္ေတာ္အမတ္ေတြ အတည္မျပဳႏိုင္ၾကေသးပါဘူး။ ဒါေၾကာင့္ အေမရိကန္ျပည္ေထာင္စုမွာ လူမ်ိဳးေရးခြဲျခားမူအေပၚ အေရးတယူ လုပ္ေဆာင္မူေတြ အားနည္းေနေသးတယ္လို႔ သံသယပြားသူေတြ ဆက္ရွိေနပါတယ္။

သမၼတ Abraham Lincoln က ကြၽန္စနစ္ ဖ်က္သိမ္းေရး ေၾကညာခ်က္ကို ၁၈၆၃ ဇန္နဝါရီလ (၁) ရက္ေန႔မွာ ေၾကညာခဲ့ေပမဲ့ ေနာင္ (၂) ႏွစ္ခြဲေက်ာ္ၾကာမွ Texas ျပည္နယ္မွာ ကြၽန္ျပဳခံထားရတဲ့ အာဖရိကႏြယ္ဘြား အေမရိကန္ေတြက သူတို႔ ကြၽန္အျဖစ္က လြတ္ေျမာက္တယ္ဆိုတာ သိရွိခဲ့ၾကတဲ့အတြက္ ၁၈၆၆ ခုႏွစ္ ဇြန္ (၁၉) ရက္ေန႔က စတင္ၿပီး ကြၽန္စနစ္ခ်ဳပ္ၿငိမ္းတဲ့ အထိမ္းအမွတ္ေတြကို ႏွစ္စဥ္ ျပဳလုပ္လာခဲ့ၾကတာ ျဖစ္ပါတယ္။

=== Unicode ====

ကျွန်စနစ်အဆုံးသတ်တဲ့ အထိမ်းအမှတ်ပွဲတွေ အမေရိကန်မှာဆင်နွဲ

အမေရိကန်ပြည်ထောင်စုမှာ ကျွန်စနစ်အဆုံးသတ် ချုပ်ငြိမ်းသွားတဲ့အထိမ်းအမှတ် Juneteenth အထိမ်းအမှတ်ပွဲတွေကို ဝါရှင်တန်မြို့တော်အပါအဝင် အမေရိကန်မြို့တွေမှာ ကျင်းပနေကြပါတယ်။ အာဖရိကနွယ်ဘွား အမေရိကန်တွေ ဒီနေ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၅၀) ကျော်ထဲက လွတ်မြောက်တဲ့နေ့အဖြစ် ဆင်နွဲခဲ့ကြပေမဲ့ ပြည်ထောင်စုအစိုးရ ရုံးပိတ်ရက်အဖြစ် သမ္မတ Joe Biden လက်ထက် ၂၀၂၁ ခုနှစ်ကမှ တရားဝင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်နယ်တချို့မှာပဲ ပြည်နယ်အစိုးရတွေက အဲဒီနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါသေးတယ်။

လူဖြူရဲလက်ချက်နဲ့ လူမည်း George Floyd သေဆုံးခဲ့တဲ့ အဖြစ်ဖြစ်ခဲ့ပြီးနောက်ပိုင်း Juneteenth ကို အထိမ်းအမှတ် အားလပ်ရက် သတ်မှတ်ရေး ဆောင်ရွက်မှုတွေ အရှိန်မြင့်ခဲ့ပေမဲ့ အခုတော့ အရှိန်ပြန်လျော့သွားပြီး ပြည်နယ်တော်တော်များများမှာ တရားဝင် အားလပ်ရက် သတ်မှတ်ပေးရေးက ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေပါတယ်။ Alabama, Mississippi, တောင် Carolina, Tennessee စတဲ့ ပြည်နယ်တွေအပါအဝင် ပြည်နယ်တော်တော်များများမှာ ဒီနှစ်ကစလို့ ဇွန်လ (၁၉) ရက်နေ့ကို တရားဝင်အားလပ်ရက်အဖြစ် သတ်မှတ်ဖို့ ပြည်နယ် လွှတ်တော်အမတ်တွေ အတည်မပြုနိုင်ကြသေးပါဘူး။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ လူမျိုးရေးခွဲခြားမူအပေါ် အရေးတယူ လုပ်ဆောင်မူတွေ အားနည်းနေသေးတယ်လို့ သံသယပွားသူတွေ ဆက်ရှိနေပါတယ်။

သမ္မတ Abraham Lincoln က ကျွန်စနစ် ဖျက်သိမ်းရေး ကြေညာချက်ကို ၁၈၆၃ ဇန်နဝါရီလ (၁) ရက်နေ့မှာ ကြေညာခဲ့ပေမဲ့ နောင် (၂) နှစ်ခွဲကျော်ကြာမှ Texas ပြည်နယ်မှာ ကျွန်ပြုခံထားရတဲ့ အာဖရိကနွယ်ဘွား အမေရိကန်တွေက သူတို့ ကျွန်အဖြစ်က လွတ်မြောက်တယ်ဆိုတာ သိရှိခဲ့ကြတဲ့အတွက် ၁၈၆၆ ခုနှစ် ဇွန် (၁၉) ရက်နေ့က စတင်ပြီး ကျွန်စနစ်ချုပ်ငြိမ်းတဲ့ အထိမ်းအမှတ်တွေကို နှစ်စဉ် ပြုလုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG