သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“ျမန္မာကို ကူညီဖို႔ လက္ေလွ်ာ့မည္မဟုတ္” အာဆီယံကိုယ္စားလွယ္


CAMBODIA-MYANMAR-DIPLOMACY

ျမန္မာ့အေရး အာဆီယံအထူးကိုယ္စားလွယ္အေနနဲ႔ ျမန္မာျပည္ကို တတိယအႀကိမ္ သြားေရာက္ဖို႔ ျပင္ဆင္ေနၿပီး၊ ျမန္မာႏိုင္ငံကို အကူအညီေပးဖို႔ သူ႔ႀကိဳးစားမႈေတြကိုလည္း လက္ေလွ်ာ့လိုက္မွာ မဟုတ္ဘူးလို႔ ကေမာၻဒီယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က သတင္းေထာက္ေတြကို ေျပာပါတယ္။ လာမယ့္ စက္တင္ဘာလအေစာပိုင္း ျမန္မာျပည္ကို တတိယအႀကိမ္သြားဖို႔ ျပင္ဆင္ထားတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ျမန္မာစစ္ေကာင္စီဖက္က အေျခအေနေတြကို ထိမ္းထိမ္းသိမ္းသိမ္း ကိုင္တြယ္ဖို႔လည္း သူက သတိေပးပါတယ္။

“လူသိရွင္ၾကား ေျပာၿပီးပါၿပီ။ ဒီလို ေနာက္ထပ္ ကြပ္ျမက္သတ္ျဖတ္မႈေတြ ထပ္လုပ္မယ္ဆိုရင္ေတာ့ အေျခအေနေတြကို ျပန္စဥ္းစားသုံးသပ္ရပါလိမ့္မယ္။ က်ေနာ္တို႔ ရပ္တည္ခ်က္ကို ျပန္သုံးသပ္ရပါလိမ့္မယ္။ ဒီအတြက္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီး ၉ ဦးစလုံးက သေဘာတူထားပါတယ္။”

ႏိုင္ငံေရးလႈပ္ရွားသူေလးဦးကို ေသဒဏ္စီရင္ကြပ္မ်က္ခဲ့တာဟာ ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေစဖို႔ အာဆီယံရဲ႕ ႀကိဳးပမ္းမႈေတြကို ထီုက္ေစခဲ့တယ္လို႔လည္း ကေမာၻဒီယားႏိုင္ငံျခားေရးဝန္ႀကီးက အခု စေနေန႔ သတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။

အာဆီယံအလွည့္က်ဥကၠဌအျဖစ္ တာဝန္ယူထားတဲ့ ကေမာၻဒီယားႏိုင္ငံဟာ၊ ျမန္မာ့အေရး အာဆီယံအထူးကိုယ္စားလွယ္အျဖစ္လည္း Prak Sokhonn ကို ခန႔္အပ္ထားတာပါ။ ၿပီးခဲ့တဲ့ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားနဲ႔ ဆက္စပ္အစည္းအေဝးေတြမွာ ျမန္မာစစ္ေကာင္စီကို တတ္ေရာက္ခြင့္မေပးခဲ့ပါဘူး။ ျမန္မာဘက္က တိုးတက္ျဖစ္ထြန္း မျမင္ရသေ႐ြ႕ေတာ့၊ စစ္ေကာင္စီကို အာဆီယံမွာ ကိုယ္စားျပဳခြင့္မေပးဖို႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြက သေဘာထားအတူတူ ရွိတယ္လို႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ႀကဳံလာတဲ့ အၾကမ္းဖက္မႈေတြနဲ႔ ႏိုင္ငံေရးအက်ပ္အတည္းေတြကို ေျဖရွင္းဖို႔ ျမန္မာ့အေရး အာဆီယံဘုံသေဘာထား ၅ ခ်က္ကို၊ စစ္ေကာင္စီ ဥကၠဌအပါအဝင္ အာဆီယံေခါင္းေဆာင္ေတြက ၂၀၂၁ ခုႏွစ္အတြင္းမွာပဲ တညီတည္း ခ်မွတ္ခဲ့တာပါ။ ဒါကို ျမန္မာစစ္ေကာင္စီဖက္က လိုက္ေလ်ာဖို႔ ပ်က္ကြက္တယ္ဆိုၿပီး အာဆီယံေရာ ႏိုင္ငံတကာကပါ အျပစ္တင္ပါတယ္။

ျမန္မာစစ္ေကာင္စီ ဥကၠဌကေတာ့ ကပ္ေဘးနဲ႔ မၿငိမ္သက္မႈေတြေၾကာင့္ ဒီ သေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ မျဖစ္ခဲ့တာပါလို႔ သူ႔မိန႔္ခြန္းတခုမွာ ေျပာထားပါတယ္။

==== Unicode ====

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာပြည်ကို တတိယအကြိမ် သွားရောက်ဖို့ ပြင်ဆင်နေပြီး၊ မြန်မာနိုင်ငံကို အကူအညီပေးဖို့ သူ့ကြိုးစားမှုတွေကိုလည်း လက်လျှော့လိုက်မှာ မဟုတ်ဘူးလို့ ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က သတင်းထောက်တွေကို ပြောပါတယ်။ လာမယ့် စက်တင်ဘာလအစောပိုင်း မြန်မာပြည်ကို တတိယအကြိမ်သွားဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာစစ်ကောင်စီဖက်က အခြေအနေတွေကို ထိမ်းထိမ်းသိမ်းသိမ်း ကိုင်တွယ်ဖို့လည်း သူက သတိပေးပါတယ်။

“လူသိရှင်ကြား ပြောပြီးပါပြီ။ ဒီလို နောက်ထပ် ကွပ်မြက်သတ်ဖြတ်မှုတွေ ထပ်လုပ်မယ်ဆိုရင်တော့ အခြေအနေတွေကို ပြန်စဉ်းစားသုံးသပ်ရပါလိမ့်မယ်။ ကျနော်တို့ ရပ်တည်ချက်ကို ပြန်သုံးသပ်ရပါလိမ့်မယ်။ ဒီအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး ၉ ဦးစလုံးက သဘောတူထားပါတယ်။”

နိုင်ငံရေးလှုပ်ရှားသူလေးဦးကို သေဒဏ်စီရင်ကွပ်မျက်ခဲ့တာဟာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းစေဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထီုက်စေခဲ့တယ်လို့လည်း ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီးက အခု စနေနေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီယားနိုင်ငံဟာ၊ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်အဖြစ်လည်း Prak Sokhonn ကို ခန့်အပ်ထားတာပါ။ ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီကို တတ်ရောက်ခွင့်မပေးခဲ့ပါဘူး။ မြန်မာဘက်က တိုးတက်ဖြစ်ထွန်း မမြင်ရသရွေ့တော့၊ စစ်ကောင်စီကို အာဆီယံမှာ ကိုယ်စားပြုခွင့်မပေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက သဘောထားအတူတူ ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ကြုံလာတဲ့ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ မြန်မာ့အရေး အာဆီယံဘုံသဘောထား ၅ ချက်ကို၊ စစ်ကောင်စီ ဥက္ကဌအပါအဝင် အာဆီယံခေါင်းဆောင်တွေက ၂၀၂၁ ခုနှစ်အတွင်းမှာပဲ တညီတည်း ချမှတ်ခဲ့တာပါ။ ဒါကို မြန်မာစစ်ကောင်စီဖက်က လိုက်လျောဖို့ ပျက်ကွက်တယ်ဆိုပြီး အာဆီယံရော နိုင်ငံတကာကပါ အပြစ်တင်ပါတယ်။

မြန်မာစစ်ကောင်စီ ဥက္ကဌကတော့ ကပ်ဘေးနဲ့ မငြိမ်သက်မှုတွေကြောင့် ဒီ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ မဖြစ်ခဲ့တာပါလို့ သူ့မိန့်ခွန်းတခုမှာ ပြောထားပါတယ်။

XS
SM
MD
LG