သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး Superman တောင် မကယ်နိုင် (အာဆီယံအထူးသံတမန်)


ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn မြန်မာ့နိုင်ငံ လူသားချင်းစာနာမှုအကူအညီပေးရေး ဆွေးနွေးစဉ်။ (မေ ၆၊၂၀၂၂)
ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn မြန်မာ့နိုင်ငံ လူသားချင်းစာနာမှုအကူအညီပေးရေး ဆွေးနွေးစဉ်။ (မေ ၆၊၂၀၂၂)

မြန်မာ့အကျပ်အတည်းကို Superman တောင် မဖြေရှင်းနိုင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်က စေနေန့မှာ ဝန်ခံလိုက်ပါတယ်။ အာဆီယံက ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ သဘောတူညီချက် ၅ ရပ်ဟာ တိုးတက်မှု မရှိဘူးလို့ သောကြာနေ့က ထုတ်ပြန်ချက်မှာ အာဆီယန်က ပြောပါတယ်။

ရေတိုမှာ တိုးတက်မှုရရှိဖို့ မျှော်လင့်ချက်နည်းသွားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn က စနေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ “ကျွန်တော်က အထူးသံတမန်သာ ဖြစ်ပါတယ်၊ စူပါမင်း မဟုတ်ပါဘူး” လို့ သူကဆိုပြီး၊ “မြန်မာ့ပြဿနာကို စူပါမင်းတောင် ရှင်းနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ ပြောသွားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခမျိုးကို ဆွေးနွေးညှိနှိုင်းဖို့ နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။ မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ် နှစ်ခါပဲ သွားပြီးရုံနဲ့ တချို့လူတွေက စိတ်မရှည်ကြတော့ဘဲ၊ အကျိုးရလာဒ်ကို တောင်းဆိုကြပါတယ်” လို့ Prak Sokhonn ပြောပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံခေါင်းဆောင်များ ထိပ်သီးညီလာခံမတိုင်မီမှာ စစ်ကောင်စီက ခိုင်ခိုင်မာမာ အရေးယူဆောင်ရွက်ချက် တချို့ရှိဖို့ လိုလိမ့်မယ်လို့လည်း သူက အလေးပေးပြောသွားပါတယ်။

ပြီးခဲ့တဲ့အပတ် အစောပိုင်းတုန်းက မလေးရှားက မြန်မာအပေါ် တင်းတင်းမာမာ အရေးယူဖို့ တောင်းဆိုရာမှာ နိုဝင်ဘာအထိ တိုးတက်မှု မရှိခဲ့ရင်၊ မြန်မာကိုအဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းထားနိုင်တဲ့အထိ ပြောဆိုခဲ့တာရှိပါတယ်။ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့သူပေါင်းဟာ အရင်အပတ်အကုန်မှာ ၁၅,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်သလို၊ အသတ်ခံရသူပေါင်းဟာလည်း သြဂုတ်လ ၅ ရက်အထိ ၁,၅၆၅ ယောက် ရှိသွားခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။

=== Unicode ====





XS
SM
MD
LG