အာဖဂန္နစၥတန္ႏိုင္ငံ ကဘူးလ္ၿမိဳ႕က လူနည္းစု ဆစ္ခ္ (Sikh) ဘာသာဝင္ေတြရဲ႕ ဘုရားေက်ာင္းကို စစ္ေသြးႂကြေတြက ဒီေန႔မနက္ အေစာပိုင္းက တိုက္ခိုက္ခဲ့တာေၾကာင့္ ႏွစ္ေယာက္ထက္မနည္း ေသဆုံးၿပီး၊ (၇) ေယာက္ ဒဏ္ရာရသြားတယ္လို႔ အာဖဂန္တာဝန္ရွိသူေတြက ေျပာပါတယ္။
ေသဆုံးတဲ့သူ (၂) ေယာက္မွာ (၁) ေယာက္က Sikh လူမ်ိဳးတဦး ျဖစ္ၿပီးေတာ့ ၊ ေနာက္တေယာက္ကေတာ့ တာလီဘန္လုံၿခဳံေရးအဖြဲ႕ဝင္ ျဖစ္တယ္လို႔ အာဖဂန္ျပည္ထဲေရးဝန္ႀကီးဌာန ေျပာခြင့္ရ Abdul Nafi Takor က သတင္းေထာက္ေတြကို ေျပာပါတယ္။
ေသနတ္သမားအုပ္စုဟာ Kart-e-Parwan အရပ္က ဘုရားေက်ာင္းထဲ အဝင္ဝမွာရွိတဲ့ လုံၿခဳံေရးေတြကို လက္ပစ္ဗုံးေတြနဲ႔ ပစ္ၿပီးေတာ့ အဲဒီဘုရားေက်ာင္းထဲကို ဝင္သြားတာျဖစ္တယ္လို႔ Takor က ေျပာပါတယ္။
အဲဒီေနာက္ တာလီဘန္လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ဘုရားေက်ာင္းဝင္းကို အျမန္ဝိုင္းလိုက္ၿပီးေတာ့ ႏွစ္ဘက္ အျပန္အလွန္ပစ္ခတ္ၾကတာမွာ စစ္ေသြးႂကြေတြ အကုန္လုံံးေသဆုံးသြားခဲ့ပါတယ္။ အဲဒီေနရာကေန မီးခိုလုံးႀကီးေတြ ထြက္လာတာကို ေဒသတြင္း ႐ုပ္သံလိုင္းေတြက ျပသခဲ့ပါတယ္။
စစ္ေသြးႂကြေတြဟာ ေဖာက္ခြဲေရးပစၥည္းေတြ အျပည့္တင္လာတဲ့ကားကို လူစည္ကားတဲ့ေနရာကို ေမာင္းၿပီး ေဖာက္ခြဲဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္၊ သူတို႔ ပစ္မွတ္ထားတဲ့ေနရာကို မေရာက္ခင္မွာ ေပါက္ကြဲသြားခဲ့တယ္လို႔ အာဖဂန္ျပည္ထဲေရးဝန္ႀကီးဌာန ေျပာခြင့္ရက ေျပာပါတယ္။ တိုက္ခိုက္မႈ ျဖစ္ပြားတဲ့အခ်ိန္မွာ ဘုရားေက်ာင္းအတြင္း လူ (၃၀) ေလာက္ ရွိတယ္လို႔ ဘုရားေက်ာင္းတာဝန္ရွိသူ Gornam Singh က ေျပာပါတယ္။
အခုခ်ိန္ထိေတာ့ ဘယ္သူကမွ သူတို႔လက္ခ်က္ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုတာ မရွိေသးပါဘူး။
=== Unicode ====
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က လူနည်းစု ဆစ်ခ် (Sikh) ဘာသာဝင်တွေရဲ့ ဘုရားကျောင်းကို စစ်သွေးကြွတွေက ဒီနေ့မနက် အစောပိုင်းက တိုက်ခိုက်ခဲ့တာကြောင့် နှစ်ယောက်ထက်မနည်း သေဆုံးပြီး၊ (၇) ယောက် ဒဏ်ရာရသွားတယ်လို့ အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးတဲ့သူ (၂) ယောက်မှာ (၁) ယောက်က Sikh လူမျိုးတဦး ဖြစ်ပြီးတော့ ၊ နောက်တယောက်ကတော့ တာလီဘန်လုံခြုံရေးအဖွဲ့ဝင် ဖြစ်တယ်လို့ အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Abdul Nafi Takor က သတင်းထောက်တွေကို ပြောပါတယ်။
သေနတ်သမားအုပ်စုဟာ Kart-e-Parwan အရပ်က ဘုရားကျောင်းထဲ အဝင်ဝမှာရှိတဲ့ လုံခြုံရေးတွေကို လက်ပစ်ဗုံးတွေနဲ့ ပစ်ပြီးတော့ အဲဒီဘုရားကျောင်းထဲကို ဝင်သွားတာဖြစ်တယ်လို့ Takor က ပြောပါတယ်။
အဲဒီနောက် တာလီဘန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘုရားကျောင်းဝင်းကို အမြန်ဝိုင်းလိုက်ပြီးတော့ နှစ်ဘက် အပြန်အလှန်ပစ်ခတ်ကြတာမှာ စစ်သွေးကြွတွေ အကုန်လုံံးသေဆုံးသွားခဲ့ပါတယ်။ အဲဒီနေရာကနေ မီးခိုလုံးကြီးတွေ ထွက်လာတာကို ဒေသတွင်း ရုပ်သံလိုင်းတွေက ပြသခဲ့ပါတယ်။
စစ်သွေးကြွတွေဟာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်လာတဲ့ကားကို လူစည်ကားတဲ့နေရာကို မောင်းပြီး ဖောက်ခွဲဖို့ ကြိုးပမ်းခဲ့ပေမယ့်၊ သူတို့ ပစ်မှတ်ထားတဲ့နေရာကို မရောက်ခင်မှာ ပေါက်ကွဲသွားခဲ့တယ်လို့ အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားတဲ့အချိန်မှာ ဘုရားကျောင်းအတွင်း လူ (၃၀) လောက် ရှိတယ်လို့ ဘုရားကျောင်းတာဝန်ရှိသူ Gornam Singh က ပြောပါတယ်။
အခုချိန်ထိတော့ ဘယ်သူကမှ သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။