သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံက ဆန်တန်ချိန် နှစ်သိန်း ဝယ်ယူမည်


Women farm workers tending to a rice plantation outside Naypyidaw on 1 May, 2018 during Labour Day in Myanmar.
Women farm workers tending to a rice plantation outside Naypyidaw on 1 May, 2018 during Labour Day in Myanmar.

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံကနေ ဆန်တန်ချိန် နှစ်သိန်း ဝယ်ယူသွားမှာဖြစ်တယ်လို့ The Straits Times သတင်းက ဒီနေ့ ဖော်ပြလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား တရားဝင်ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေမယ့်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား နှစ်ဘက်သဘောတူညီမှုရခဲ့ပြီး၊ (၁) တန်ကို အမေရိကန်ဒေါ်လာ ၄၆၅ ဒေါ်လာခွဲ (၄၆၅.၅၀ ဒေါ်လာ) နဲ့ ဝယ်သွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူ နှစ်ဦးက ပြောပါတယ်။

ဒီသဘောညီချက်ကို မကြာခင်မှာ နှစ်ဘက်တာဝန်ရှိသူတွေ တရားဝင်လက်မှတ်ထိုးပြီးတော့ စာချုပ်ချုပ်ဆိုကြမှာဖြစ်ပြီး၊ ဆန်တွေကိုလည်း နှစ်လအတွင်းမှာ တင်ပို့သွားမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီခဲ့တဲ့နှစ်တွေအတွင်း ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးမပြေလည်ခဲ့ပေမယ့်၊ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့ကြားမှာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြည်တွင်းမှာလိုအပ်နေတဲ့ စားနှပ်ရိက္ခာ ဖူလုံမှုရှိစေဖို့အတွက် မြန်မာနိုင်ငံကနေ အခုလို ဆန်ဝယ်ယူဖို့လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတွေဆီကနေလည်း စုစုပေါင်း ဆန်တန်ချိန် သုံးသိန်း သုံးသောင်း ဝယ်ထားပါတယ်။ ပြည်တွင်းကုန်ဈေးနှုန်းကြီးမြှင့်တာတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင်းရဲတဲ့သူ သန်းပေါင်းများစွာကို ဆန်တွေ ဈေးသက်သက်သာသာနဲ့ ရောင်းချတာတွေကို ထပ်တိုးလုပ်ဆောင်ခဲ့သလို၊ ပြီးခဲ့တဲ့ တပတ်ကလည်း ဆန်တင်သွင်းတဲ့ သွင်းကုန်ခွန်တွေကိုလည်း ၂၅ % ကနေ ၁၅% ကို လျှော့ချခ့ပါတယ်။

==== Unicode ====






XS
SM
MD
LG