သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် မြို့တော်ခမ်းမအနီး ပေါက်ကွဲမှုဖြစ်ပွား


Soldiers keep watch inside the City Hall compound in Yangon on February 1, 2021, as Myanmar's military detained the country's de facto leader Aung San Suu Kyi and the country's president in a coup. (Photo by STR / AFP)
Soldiers keep watch inside the City Hall compound in Yangon on February 1, 2021, as Myanmar's military detained the country's de facto leader Aung San Suu Kyi and the country's president in a coup. (Photo by STR / AFP)

(zawgyi/unicode)

ရန်ကုန်မြို့လယ် မြို့တော်ခန်းမအနီးမှာ ဒီကနေ့မနက်ပိုင်း ၁၁နာရီဝန်းကျင်က ပေါက်ကွဲမှုတခုဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့တော်ခန်းမဘေး အတားအဆီးအကာအရံတွေအနားမှာ ပေါက်ကွဲတာဖြစ်ပြီး၊ ပေါက်ကွဲပြီးနောက် လူနာတင်ကားတွေ ရောက်ရှိလာတယ်လို့ ပြောပါတယ်။ ကျောက်တံတားမြို့နယ် ၁ ရပ်ကွက် စည်ပင်လမ်းမှာရှိတဲ့ မြို့တော်ခန်းမ ဝင်/ထွက် ဂိတ်ပေါက်ကို အကြမ်းဖက်အမျိုးသားနှစ်ဦးက လက်ပစ်ဗုံး နှစ်လုံးနဲ့ ပစ်ပေါက်ထွက်ပြေးသွားတယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လုံခြုံရေးဝန်ထမ်းတချို့နဲ့ စည်ပင်ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒီပေါက်ကွဲမှုနဲ့ဆက်နွယ်လို့ အနီးအနားက လူငယ်နှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးတာရှိတယ်လို့လည်း မျက်မြင်တွေကပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီသတင်းထုတ်ပြန်ရာမှာတော့ ဖြစ်စဉ်ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျှက်ရှိတယ်လို့ပဲ ဖော်ပြပါတယ်။

အခု ပေါက်ကွဲမှုဖြစ်တဲ့မလှမ်းမကမ်းမှာပဲ မနေ့ ဇူလိုင်လ ၂၉ရက်နေ့တုန်းကတော့ တပ်ထောက်ခံတဲ့ အင်အားစုတွေက၊ စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှု ထောက်ခံပွဲတရပ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ထောက်ခံပွဲကျင်းပနေချိန် အနီးအနား ရန်ကုန်မြို့ထဲတဝိုက်မှာတော့ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရပြီးတဲ့နောက်ပိုင်းကတည်းက ရန်ကုန်အပါအဝင် မြို့ပြနေရာအတော်များများမှာ ဗုံးပေါက်ကွဲမှုတွေရှိသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေ၊ စစ်ကောင်စီနဲ့ဆက်နွယ်တယ်ဆိုပြီး သံသယရှိခံရသူအများအပြား တိုက်ခိုက် လုပ်ကြံခံရမှုတွေ မကြာမကြာဖြစ်နေတာပါ။ ဒီဖြစ်စဉ်တွေနဲ့ဆက်နွယ်ပြီး စစ်ကောင်စီက သံသယနဲ့ဖမ်းဆီးထားသူတွေရှိသလို၊ တချို့ကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ထွေ ပြစ်ဒဏ်ချမှတ်ထားတာတွေရှိခဲ့ပါတယ်။ စစ်ကောင်စီဖက်ကတော့ ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေဟာ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရရဲ့ ညွှန်ကြားမှုကြောင့်ဖြစ်တယ်လို့ စွပ်စွဲလေ့ရှိပါတယ်။ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ မြို့ပြပျောက်ကျားအဖွဲ့တွေကလည်း ဒီတိုက်ခိုက်မှုတွေကို သူတို့ဆောင်ရွက်တာလို့ ကြေညာလေ့ရှိပါတယ်။

(unicode)



XS
SM
MD
LG