သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဘာကီနာဖာဆို စစ်တပ် အာဏာပြန်သိမ်း


In this image from video broadcast by RTB state television, coup spokesman Capt. Kiswendsida Farouk Azaria Sorgho reads a statement in Ougadougou, Burkina Faso, Sept. 30, 2022. Members of Burkina Faso's army seized control of state television late Friday,
In this image from video broadcast by RTB state television, coup spokesman Capt. Kiswendsida Farouk Azaria Sorgho reads a statement in Ougadougou, Burkina Faso, Sept. 30, 2022. Members of Burkina Faso's army seized control of state television late Friday,

အာဖရိကနိုင်ငံတခုဖြစ်တဲ့ Burkina Faso မှာ လွန်ခဲ့တဲ့ (၈) လက အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် Paul Henri Damiba ကို ဖြုတ်ချပြီး၊ စစ်တပ်က အာဏာပြန် သိမ်းလိုက်တဲ့အကြောင်း ဘာကီနာ ဖာဆို စစ်တပ်က ဗိုလ်ကြီး Ibrahim Traore က သောကြာနေ့ ညနေမှာ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက Damiba အာဏာသိမ်းရာမှာ ကူညီခဲ့တဲ့ စစ်တပ်အရာရှိ အုပ်စုတွေကပဲ အာဏာပြန်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့လည်း Traore ရဲ့ ကြေညာချက် ဖော်ပြထားပါတယ်။ အစ္စလာမစ် လက်နက်ကိုင်တွေရဲ့ ပုန်ကန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့နိုင်ငံကို ခေါင်းဆောင် Damiba က ဘေးကင်း တည်ငြိမ်အောင် မထားနိုင်တဲ့အတွက် အခုလို အာဏာပြန်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဗိုလ်ကြီး Traore လက်မှတ်ရေးထိုးထားတဲ့ ကြေညာချက်ကိုတော စစ်အရာရှိတဦးက သောကြာနေ့နှောင်းပိုင်းမှာ နိုင်ငံပိုင် ရုပ်သံကနေ ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် ဇန်နဝါရီလက သမ္မတ Roch Kabore ကို ဖြုတ်ချ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် Damiba က အာဏာသိမ်းချိန်မှာ နိုင်ငံကို ပိုပြီးလုံခြုံအောင် လုပ်သွားမယ်လို့ ကတိပြုခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး မကြာသေးခင်လတွေအတွင်း နိုင်ငံရေးအရ တင်းမာမှုတွေလည်း ကြီးထွားလာခဲ့ပါတယ်။

Burkina Faso နိုင်ငံရဲ့ သမ္မတအနေနဲ့ Damiba ဟာ နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက် မိန့်ခွန်းပြောကြားပြီး ပြန်အရောက်မှာ အခုလို အာဏာပြန်သိမ်းယူခံရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ခေါင်းဆောင်အသစ်တွေဟာ လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာထားပြီး Burkina Faso နိုင်ငံ နယ်စပ်တွေကို ပိတ်ထားပါတယ်။ ဒါအပြင် ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်လည်း နိုင်ငံတွင်းမှာ ထုတ်ပြန်ထားပါတယ်။

===== Unicode =====







XS
SM
MD
LG