သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ ဆိုးရွားတဲ့ မိုးခေါင်ရေရှားမှုနဲ့ ကြုံနေရ


တရုတ်နိုင်ငံတောင်ပိုင်း Longquan ကျေးရွာက စိုက်ခင်းတခုအား သြဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
တရုတ်နိုင်ငံတောင်ပိုင်း Longquan ကျေးရွာက စိုက်ခင်းတခုအား သြဂုတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။

တရုတ်နိုင်ငံတောင်ပိုင်းက လယ်သမားတွေဟာ ဒေသတွင်း ကာလရှည်ကြာဖြစ်ပေါ်နေတဲ့ မိုးခေါင် ရေရှားမှုနဲ့ အပူလှိုင်းဒဏ်တွေကြောင့် ကောက်ပဲသီးနှံတွေကို ကာကွယ်နိုင်ဖို့ ကြိုးစား လုပ်ဆောင်နေကြတယ်လို့ အစိုးရပိုင် CCTV သတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ အပူချိန်ကို မှတ်တမ်းစတင်ပြုစုခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၁ နှစ်အတွင်းမှာ အခုနှစ်ဟာ အပူဆုံး၊ အခြောက်သွေ့ဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာမို့ ကောက်ပဲသီးနှံတွေ ညှိုးခြောက်ကုန်ပြီး ရေလောင်ကန်တွေဟာလည်း ပုံမှန် ရှိသင့်တဲ့ ပမာဏရဲ့ ထက်ဝက်ဘဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

Sichuan ပြည်နယ်အတွင်း အပူချိန် ၄၅ ဒီဂရီ ဆဲစီးယပ်အထိ တက်လာတာကြောင့် လေအေးစက် အသုံးပြုမှု အဆမတန် များလာတဲ့အတွက် အိမ်တွေကို လျှပ်စစ်မီး အလုံအလောက် ပေးနိုင်ရေးအတွက် ပြည်နယ်အတွင်းက စက်ရုံအလုပ်ရုံတွေကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပိတ်ပစ်ခဲ့ရပါတယ်။

Hubei နဲ့ Hunan ပြည်နယ်တွေအပါအဝင် နေရာဒေသ အတော်များများမှာ နွေဦးရာသီသီးနှံ စိုက်ပျိုးတဲ့နေရာမှာ ရေလုံလောက်စွာ ရနိုင်ရေးအတွက် စိုက်ပျိုးရေးအတွက် အသုံးပြဖို့ရေ ခွဲဝေ ဖြန့်ချိမှုတွေ လုပ်ဆောင်နေပါတယ်။

ဒေသခံအာဏာပိုင်တွေက လယ်သမားတွေ စိုက်ပျိုးရေ ရရှိရေးအတွက် နီးစပ်ရာ ရေလှောင်ကန်တွေက ရေတွေကို စက်နဲ့စုပ်တင်ပေးတဲ့ တချိန်ထဲမှာဘဲ ရေချွေတာနိုင်ရေးအတွက် ယာယီဆည်တွေ တည်ဆောက်ပေးနေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအတွင်း ၁၀ ရက်ဆက်တိုက်အဖြစ် အပူချိန် စံချိန်ချိုးမြင့်တက်မယ့်အကြောင်း တရုတ်အစိုးရ မိုးဇလဌာနက ဒီကနေ့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

====Unicode====







XS
SM
MD
LG