သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီတပ္ဖြဲ႔ဝင္တခ်ိဳ႕ကို KNLA နဲ႔ PDF ပူးေပါင္းတပ္ဖြဲ႔ ဖမ္းဆီး


KNLA-PDF ေကာ္ဘရာစစ္ေၾကာင္းနဲ႔ လက္နက္ခဲယမ္း အေျမာက္အမ်ားနဲ႔ ဖမ္းဆီးခံ စစ္ေကာင္စီတပ္ဖြဲ႔ဝင္မ်ား (ဓါတ္ပံု -- ေကာ္ဘရာစစ္ေၾကာင္းမွတ္တမ္း)

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္အတြင္းမွာရွိတဲ့ စစ္ေကာင္စီရဲ႕ ဘုရားကုန္းစခန္းအတြက္ လက္နက္ခဲယမ္း လာပို႔တဲ့ စစ္ေကာင္စီတပ္ဖြဲ႔ဝင္တခ်ိဳ႕ကို ဖမ္းမိခဲ့ၿပီး၊ လက္နက္ခဲယမ္း အေျမာက္အမ်ားကိုပါ သိမ္းဆည္းရမိခဲ့တဲ့အေၾကာင္း KNLA - PDF အဖြဲ႔ေတြ ပူးေပါင္းထားတဲ့ ေကာ္ဘရာစစ္ေၾကာင္းက ေျပာပါတယ္။ ဒီျဖစ္ရပ္အၿပီးမွာပဲ စစ္ေကာင္စီက ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္တာေတြ ရွိတယ္လို႔လည္း ဆိုပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ဒီျဖစ္ရပ္ေတြနဲ႔ပတ္သက္လို႔ တစုံတရာ တုံ႔ျပန္ေျပာဆိုတာ မရွိေသးပါဘူး။ ထိုင္းအေျခစိုက္ ဗြီအိုေအျမန္မာ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ ျမဝတီ-ေဝၚေလ ကမ္းလမ္းမေပၚမွာ စစ္ေကာင္စီရဲ ဘုရားကုန္းစခန္းအတြက္ လက္နက္ခဲယမ္းေတြ လာပို႔တဲ့ စစ္ေကာင္စီ ဗိုလ္ႀကီးတဦးအပါအဝင္ (၆) ဦးကို KNLA-PDF ပူးေပါင္းထားတဲ့ ေကာ္ဘရာစစ္ေၾကာင္းက စက္တင္ဘာလ (၉) ရက္ေန႔ ဖမ္းဆီးခဲ့ၿပီး လက္နက္ခဲယမ္းအေျမာက္အမ်ားကို သိမ္းဆည္းခဲ့တယ္လို႔ ေကာ္ဘရာစစ္ေၾကာင္းက ေျပာေရးဆိုခြင့္ရွိသူ ကိုမ်ိဳးသူရကိုကိုက အခုလိုေျပာပါတယ္။

စစ္ေကာင္စီရဲ ႔ တပ္မ (၄၄) လက္ေအာက္ခံ ခမရ (၁၀၂) က ဗိုလ္ႀကီးတေယာက္နဲ႔ အပါအဝင္ (၆) ေယာက္ဟာ (၆) ဘီးကားနဲ႔ ျမဝတီကေန သုံးထပ္ေကြ႔ကို လက္နက္ခဲ့ယမ္းေတြ လာပို႔တာ ျဖစ္ပါတယ္။ သုံးထပ္ေကြ႔ကို ေက်ာ္လြန္ၿပီး က်ေနာ္တို႔ ေကာ္ဘရာစစ္ေၾကာင္း လုံၿခဳံေရးယူထားတဲ့ေနရာကို ေရာက္တဲ့အခါမွာ က်ေနာ္တို႔ရဲေဘာ္ေတြက ဖမ္းဆီးရမိတာ ျဖစ္ပါတယ္။ တဦးကေတာ့ အရပ္သားျဖစ္လို႔ ဖမ္းဆီးတာမလုပ္ဘဲ၊ စစ္ေကာင္စီတပ္သား (၅) ဦးကိုသာ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ဖမ္းဆီးခံထားရသူေတြကေတာ့ ဗိုလ္ႀကီးရဲရင့္ေမာင္အပါအဝင္ စစ္ေကာင္စီတပ္သား စုစုေပါင္း (၅) ဦး ျဖစ္ပါတယ္။ ဖမ္းဆီးခံရတဲ့ စစ္ေကာင္စီတပ္ဖြဲဝင္ေတြနဲ႔အတူ လက္နက္ႀကီး ဗုံးသီး (၄၀၀) နဲ႔ လက္နက္ခဲယမ္းမ်ားကို သိမ္းဆည္းခဲ့တယ္လို႔လည္း ဆိုပါတယ္။

ဖမ္းဆီးရမိတဲ့ စစ္သုံ႔ပန္းေတြကို ဂ်ီနီဗာကြန္ဗားရွင္းအတိုင္း ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္က ခ်မွတ္ထားတဲ့စည္းကမ္းအတိုင္း ေကာင္းမြန္စြာ ထိမ္းသိမ္းေစာက္ေရွာက္ထားတယ္လို႔ ဆိုပါတယ္။ မေန႔က စစ္ေကာင္စီဘက္က ဗိုလ္ႀကီးတဦးအပါအဝင္ (၅) ဦး ဖမ္းဆီးခံရၿပီးတဲ့ေနာက္ စက္တင္ဘာလ (၁၀) ရက္မနက္ (၁) နာရီမထိုးခင္မွာပဲ ေကာ္ဘရာစစ္ေၾကာင္း ရွိႏိုင္မယ္လို႔ ယူဆရတဲ့ေနရာတဝိုက္ကို စစ္ေကာင္စီက ေလယာဥ္ေတြနဲ႔ ဗုံးႀကဲတိုက္ခိုက္မူေတြ လုပ္ခဲ့တယ္လို႔ ကိုမ်ိဳးသူရကိုကိုက ေျပာပါတယ္။

ဒီေန႔မနက္ေပါ့ေနာ္ ေမွာ္ဘီကေန စစ္ေကာင္စီရဲ႕MIG 29 အမ်ိဳးအစားလို႔ ယူဆရတဲ့ တိုက္ေလယာဥ္ (၁) စင္းနဲ႔ ဘလယ္ဒို႐ြာအနီးကို တိုက္ခိုက္ဗုံးႀကဲခဲ့တာပါ။ ေပါင္ ၅၀၀ ဗုံးသီးႏွစ္လုံးနဲ႔ပါ။ က်ေနာ္တိုရဲ ရဲေဘာ္တဦးကေတာ့ ထိခိုက္ဒဏ္ရာ ရရွိသြားပါတယ္။

စစ္ေကာင္စီတပ္သားေတြ ဖမ္းဆီခံရတာနဲ႔ ပတ္သက္လို႔ေတာ့ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။ ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ထဲမွာ ၿပီးခဲ့တဲ့ လတုန္းကလည္း စစ္ေကာင္စီတပ္သား (၂) ဦးကိုလည္း ေရွ႕တန္းစစ္ေျမျပင္မွာ ဖမ္းမိခဲ့သလို စက္တင္ဘာလ (၄) ရက္ေန႔က မြန္ျပည္နယ္ သံျဖဴဇရပ္-ေရးကားလမ္းမတစ္ေနရာမွာ ဖမ္းမိတဲ့ စစ္ေကာင္စီအရာရွိနဲ႔ တပ္သား (၈) ဦးကိုလည္း၊ စစ္သုံ႔ပန႔္မူဝါဒနဲ႔အညီ ေကာင္းမြန္စြာ ထိန္းသိမ္းထားတယ္လို႔ ေကအန္ယူက သတင္းထုတ္ျပန္ခဲ့ပါတယ္ရွင္။

=== Unicode ===

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ဘုရားကုန်းစခန်းအတွက် လက်နက်ခဲယမ်း လာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဖမ်းမိခဲ့ပြီး၊ လက်နက်ခဲယမ်း အမြောက်အများကိုပါ သိမ်းဆည်းရမိခဲ့တဲ့အကြောင်း KNLA ၊ PDF အဖွဲ့တွေ ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းက ပြောပါတယ်။ ဒီဖြစ်ရပ်အပြီးမှာပဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီ-ဝေါ်လေ ကမ်းလမ်းမပေါ်မှာ စစ်ကောင်စီရဲ ဘုရားကုန်းစခန်းအတွက် လက်နက်ခဲယမ်းတွေ လာပို့တဲ့ စစ်ကောင်စီ ဗိုလ်ကြီးတဦးအပါအဝင် ခြောက်ဦးကို KNLA-PDF ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းက ဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းခဲ့ပါတယ်။ ဒီနောက်မှာတော့ စက်တင်ဘာလ (၁၀) ရက်နေ့မနက် (၁) နာရီ မထိုးခင်မှာဘဲ၊ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မူ လုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီ-ဝေါ်လေ ကမ်းလမ်းမပေါ်မှာ စစ်ကောင်စီရဲ ဘုရားကုန်းစခန်းအတွက် လက်နက်ခဲယမ်းတွေ လာပို့တဲ့ စစ်ကောင်စီ ဗိုလ်ကြီးတဦးအပါအဝင် (၆) ဦးကို KNLA-PDF ပူးပေါင်းထားတဲ့ ကော်ဘရာစစ်ကြောင်းက စက်တင်ဘာလ (၉) ရက်နေ့ ဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက အခုလိုပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) က ဗိုလ်ကြီးတယောက်နဲ့ အပါအဝင် (၆) ယောက်ဟာ (၆) ဘီးကားနဲ့ မြဝတီကနေ သုံးထပ်ကွေ့ကို လက်နက်ခဲ့ယမ်းတွေ လာပို့တာ ဖြစ်ပါတယ်။ သုံးထပ်ကွေ့ကို ကျော်လွန်ပြီး ကျနော်တို့ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့နေရာကို ရောက်တဲ့အခါမှာ ကျနော်တို့ရဲဘော်တွေက ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ တဦးကတော့ အရပ်သားဖြစ်လို့ ဖမ်းဆီးတာမလုပ်ဘဲ၊ စစ်ကောင်စီတပ်သား (၅) ဦးကိုသာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူတွေကတော့ ဗိုလ်ကြီးရဲရင့်မောင်အပါအဝင် စစ်ကောင်စီတပ်သား စုစုပေါင်း (၅) ဦး ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေနဲ့အတူ လက်နက်ကြီး ဗုံးသီး (၄၀၀) နဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ဂျီနီဗာကွန်ဗားရှင်းအတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ချမှတ်ထားတဲ့စည်းကမ်းအတိုင်း ကောင်းမွန်စွာ ထိမ်းသိမ်းစောက်ရှောက်ထားတယ်လို့ ဆိုပါတယ်။ မနေ့က စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးအပါအဝင် (၅) ဦး ဖမ်းဆီးခံရပြီးတဲ့နောက် စက်တင်ဘာလ (၁၀) ရက်မနက် (၁) နာရီမထိုးခင်မှာပဲ ကော်ဘရာစစ်ကြောင်း ရှိနိုင်မယ်လို့ ယူဆရတဲ့နေရာတဝိုက်ကို စစ်ကောင်စီက လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မူတွေ လုပ်ခဲ့တယ်လို့ ကိုမျိုးသူရကိုကိုက ပြောပါတယ်။

ဒီနေ့မနက်ပေါ့နော် မှော်ဘီကနေ စစ်ကောင်စီရဲ့MIG 29 အမျိုးအစားလို့ ယူဆရတဲ့ တိုက်လေယာဉ် (၁) စင်းနဲ့ ဘလယ်ဒိုရွာအနီးကို တိုက်ခိုက်ဗုံးကြဲခဲ့တာပါ။ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးနဲ့ပါ။ ကျနော်တိုရဲ ရဲဘော်တဦးကတော့ ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။

စစ်ကောင်စီတပ်သားတွေ ဖမ်းဆီခံရတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ ပြီးခဲ့တဲ့ လတုန်းကလည်း စစ်ကောင်စီတပ်သား (၂) ဦးကိုလည်း ရှေ့တန်းစစ်မြေပြင်မှာ ဖမ်းမိခဲ့သလို စက်တင်ဘာလ (၄) ရက်နေ့က မွန်ပြည်နယ် သံဖြူဇရပ်-ရေးကားလမ်းမတစ်နေရာမှာ ဖမ်းမိတဲ့ စစ်ကောင်စီအရာရှိနဲ့ တပ်သား (၈) ဦးကိုလည်း၊ စစ်သုံ့ပန့်မူဝါဒနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG