သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယမွာ ကိုဗစ္ကူးစက္သူ ၄ လအတြင္း အျမင့္ဆုံးေရာက္


A health worker administers Covishield vaccine for COVID-19 at a vaccination center in Hyderabad, India, July 15, 2022.

အိႏၵိယႏိုင္ငံမွာ ေန႔စဥ္ ကိုဗစ္ေရာဂါကူးစက္မႈေတြ ေလးလအတြင္း အျမင့္ဆုံးကို ေရာက္ေနခ်ိန္မွာ အစိုးရက ကိုဗစ္တားဆီးေရး ေဆာင္႐ြက္မႈေတြအေပၚ ကာကြယ္ေျပာဆိုေနပါတယ္။

စေနနဲ႔ တနဂၤေႏြ ၂၄ နာရီအတြင္း ကိုဗစ္အတည္ျပဳလူနာ ႏွစ္ေသာင္းေက်ာ္ ရွိခဲ့ပါတယ္။ ဒါဟာ ေဖေဖၚဝါရီလ ၂၀ ထဲကဆိုရင္ အမ်ားဆုံးအေရအတြက္ ျဖစ္တယ္လို႔ ႐ိုက္တာသတင္းဌာနက သူတို႔မွတ္တမ္းေတြအရ ေျပာၾကားပါတယ္။ အိႏၵိယက်န္းမာေရးဌာနစာရင္းအရ တညထဲမွာ ေသဆုံးသူ (၄၉) ေယာက္ ရွိၿပီး ကိုဗစ္ေၾကာင့္ ေသဆုံးသူဦးေရ စုစုေပါင္း (၅) သိန္း (၂) ေသာင္းေက်ာ္သြားၿပီလို႔ ေျပာပါတယ္။

ဒီလိုအေျခအေနမွာ ႏိုင္ငံတဝန္း ကိုဗစ္ကာကြယ္ေဆးအလုံးေရ (၂) ဘီလ်ံထိုးၿပီးသြားၿပီးျဖစ္ၿပီး၊ အ႐ြယ္ေရာက္ၿပီးသူေတြအားလုံးအတြက္ အားျဖည့္ကာကြယ္ေဆးေတြလည္း ထိုးဖို႔လုပ္ေဆာင္ေနတယ္လို႔ အစိုးရက ေျပာလိုက္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က စတင္ခဲ့တဲ့ အိႏၵိယႏိုင္ငံရဲ႕ ကာကြယ္ေဆးထိုးတဲ့အစီအစဥ္ဟာ ကမာၻေပၚမွာ အက်ယ္ျပန႔္ဆုံးနဲ႔ အခ်ိန္အၾကာဆုံး လုပ္ေဆာင္ႏိုင္တဲ့ အစီအစဥ္ျဖစ္ၿပီး အိႏၵိယဟာ သမိုင္းမွတ္တိုင္သစ္တရပ္ကို စိုက္ထူႏိုင္လိုက္တယ္လို႔ ဝန္ႀကီးခ်ဳပ္ နရင္ဒရာမိုဒီကေတာ့ ခ်ီးက်ဴးလိုက္ပါတယ္။ အတိုက္အခံေတြကေတာ့ ဝန္ႀကီးခ်ဳပ္ မိုဒီဟာ ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး စီမံခန႔္ခြဲမႈေတြ ညံ့ဖ်င္းခဲ့တယ္လို႔ စြပ္စြဲလိုက္ၿပီး၊ အိႏၵိယအစိုးရကေတာ့ အဲဒီစြပ္စြဲခ်က္ေတြကို ပယ္ခ်လိုက္ပါတယ္။

ကာကြယ္ေဆးေတြထဲက (၈၀)% ေက်ာ္ကေတာ့ Astra Zeneca ကုမၸဏီက အိႏၵိယႏိုင္ငံတြင္းမွာထုတ္တဲ့ Covidshield ကာကြယ္ေဆးျဖစ္ၿပီး၊ က်န္တာကေတာ့ Covaxin, Corbevax နဲ႔ ႐ုရွားကထုတ္တဲ့ Sputnik V တို႔ျဖစ္ပါတယ္။ ဗဟိုအစိုးရကေတာ့ ေနာက္ထပ္ကူးစက္မႈေတြ မျဖစ္ေအာင္ အားျဖည့္ကာကြယ္ေဆးေတြထိုးဖို႔ အစီအစဥ္ေတြကို အရွိန္ျမင့္လုပ္ေဆာင္ေနပါတယ္။

===Unicode ====

အိန္ဒိယနိုင်ငံမှာ နေ့စဉ် ကိုဗစ်ရောဂါကူးစက်မှုတွေ လေးလအတွင်း အမြင့်ဆုံးကို ရောက်နေချိန်မှာ အစိုးရက ကိုဗစ်တားဆီးရေး ဆောင်ရွက်မှုတွေအပေါ် ကာကွယ်ပြောဆိုနေပါတယ်။

စနေနဲ့ တနင်္ဂနွေ ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ နှစ်သောင်းကျော် ရှိခဲ့ပါတယ်။ ဒါဟာ ဖေဖေါ်ဝါရီလ ၂၀ ထဲကဆိုရင် အများဆုံးအရေအတွက် ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက သူတို့မှတ်တမ်းတွေအရ ပြောကြားပါတယ်။ အိန္ဒိယကျန်းမာရေးဌာနစာရင်းအရ တညထဲမှာ သေဆုံးသူ (၄၉) ယောက် ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူဦးရေ စုစုပေါင်း (၅) သိန်း (၂) သောင်းကျော်သွားပြီလို့ ပြောပါတယ်။

ဒီလိုအခြေအနေမှာ နိုင်ငံတဝန်း ကိုဗစ်ကာကွယ်ဆေးအလုံးရေ (၂) ဘီလျံထိုးပြီးသွားပြီးဖြစ်ပြီး၊ အရွယ်ရောက်ပြီးသူတွေအားလုံးအတွက် အားဖြည့်ကာကွယ်ဆေးတွေလည်း ထိုးဖို့လုပ်ဆောင်နေတယ်လို့ အစိုးရက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်ဟာ ကမ္ဘာပေါ်မှာ အကျယ်ပြန့်ဆုံးနဲ့ အချိန်အကြာဆုံး လုပ်ဆောင်နိုင်တဲ့ အစီအစဉ်ဖြစ်ပြီး အိန္ဒိယဟာ သမိုင်းမှတ်တိုင်သစ်တရပ်ကို စိုက်ထူနိုင်လိုက်တယ်လို့ ဝန်ကြီးချုပ် နရင်ဒရာမိုဒီကတော့ ချီးကျူးလိုက်ပါတယ်။ အတိုက်အခံတွေကတော့ ဝန်ကြီးချုပ် မိုဒီဟာ ကပ်ရောဂါနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး၊ အိန္ဒိယအစိုးရကတော့ အဲဒီစွပ်စွဲချက်တွေကို ပယ်ချလိုက်ပါတယ်။

ကာကွယ်ဆေးတွေထဲက (၈၀)% ကျော်ကတော့ Astra Zeneca ကုမ္ပဏီက အိန္ဒိယနိုင်ငံတွင်းမှာထုတ်တဲ့ Covidshield ကာကွယ်ဆေးဖြစ်ပြီး၊ ကျန်တာကတော့ Covaxin, Corbevax နဲ့ ရုရှားကထုတ်တဲ့ Sputnik V တို့ဖြစ်ပါတယ်။ ဗဟိုအစိုးရကတော့ နောက်ထပ်ကူးစက်မှုတွေ မဖြစ်အောင် အားဖြည့်ကာကွယ်ဆေးတွေထိုးဖို့ အစီအစဉ်တွေကို အရှိန်မြင့်လုပ်ဆောင်နေပါတယ်။

XS
SM
MD
LG