အီသီယိုပီယားမှာ လေကြောင်းတိုက်ခိုက်မူထဲ မူလတန်းကလေးငယ်တွေ ပါသွားခဲ့တာကို ကုလက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
အီသီယိုပီးယားနိုင်ငံ တီဂရေးဒေသမှာ သောကြာနေ့က လကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် လူ (၄) ဦး သေဆုံးခဲ့ရတယ်လို့ UNICEF ကုလသမဂ္ဂကလေးများများရံပုံငွေအဖွဲ့က ဒီနေ့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။
၅ လ ကြာ အပစ်အခတ်ရပ်စာချုပ် သက်တမ်းကုန်ဆုံး နေပြီဖြစ်တဲ့ တီဂရေးဒေသ တောင်ပိုင်းစွန်းနယ်စပ်မှာ အစိုးရနဲ့သူပုန်တွေကြား တိုက်ပွဲပြန်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
တီဂရေးဒေသ မြို.တော် Mekele မှာ လေကြောင်း တိုက်ခိုက်မှုကနေ မူလတန်းကျောင်းကို ထိမှန်ပြီး ကလေးငယ်တွေ အပါအဝင် အများပြား သေဆုံး ဒဏ်ရာရတာ အတွက် UNICEF အမှုဆောင်အရာရှိချုပ် Catherine Russell က တွစ်တာကနေ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
နိုင်ငံမြောက်ပိုင်းဒေသတွေကို ထိန်းချုပ်ထားတဲ့ တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) အဖွဲ့ကလည်း အခုလို မူလတန်းကလေးတွေပါ ထိသွားရတာက၊ လူနေရပ်ကွက်ထဲ ပစ်ထည့်လိုက်တာကြောင့်လို့ ပြောထားပါတယ်။ ဒါကို အစိုးရဘက်ကတော့ ငြင်းထားပါတယ်။ / ခင်ဗျာ
အသီယိုပီးယားအစိုးရဘက်ကတော့ စစ်ရေးနေရာတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အခုလို အရပ်သားတွေ ထိသွားရတာက TPLF သူပုန်အဖွဲ့လက်ချက်သာဖြစ်တယ်လို့ ပြန်စွတ်စွဲထားပါတယ်။
=== Unicode ===