သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းနစ်အကျော်အမော် Federer နောက်ဆုံးပွဲနဲ့ ပရိသတ်ကို နှုတ်ဆက်


Team Europe's Roger Federer of Switzerland, waves during the opening ceremony of the Laver Cup tennis tournament at the O2 in London, Sept. 23, 2022.
Team Europe's Roger Federer of Switzerland, waves during the opening ceremony of the Laver Cup tennis tournament at the O2 in London, Sept. 23, 2022.

ကမ္ဘာ့တင်းနစ် အကျော်အမော်တယောက်ဖြစ်တဲ့ Roger Federer ဟာ သောကြာနေ့က သူ့ရဲ့ နောက်ဆုံးကစားပွဲကို ကစားပြီး ကြေးစားတင်းနစ်ကစားသမားအဖြစ်ကနေ အနားယူသွားပါပြီ။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က O2 Arena ကွင်းမှာ Laver Cup ဖလားအတွက် နှစ်ယောက်တွဲကစားပွဲမှာ နောက်ထပ် တင်းနစ်အကျော်အမော်တယောက်ဖြစ်တဲ့ Rafael Nadal နဲ့အတူ နောက်ဆုံးပွဲကစားခဲ့တာပါ။

အသက် (၄၁) နှစ်မှာ ကြေးစားတင်းနစ်ကစားသမားအဖြစ် အနားယူလိုက်တဲ့ Roger Federer ရဲ့ နောက်ဆုံးကစားပွဲကို ပရိတ်သတ် တစ်သောင်း ခုနှစ်ထောင် ငါးရာ လာရောက်အားပေးခဲ့ကြပါတယ်။ Roger Federer ရဲ့ နောက်ဆုံးပွဲမှာ သူတို့အသင်းက ပြိုင်ဘက်အသင်းကို ရှုံးခဲ့ပါတယ်။ ဒါပေမဲ့ တခြားတင်းနစ်ကစားသမားတွေရော ပွဲလာပရိတ်သတ်တွေကပါ Federer ကို အားပေးနှုတ်ဆက်ခဲ့ကြပါတယ်။

Federer ကိုယ်တိုင်လဲ မျက်ရည်ရွှဲနဲ့ သူ့ရဲ့ပရိတ်သတ်တွေကို နှုတ်ဆက်စကား ပြောခဲ့ပါတယ်။ Switzerland နိုင်ငံက ကမ္ဘာ့အကျော်အမော် Federer ဟာ ကြေးစားတင်းနစ်ကစားသမားအဖြစ် (၂၄) နှစ်ကြာ ကစားတဲ့၊ သက်တမ်းအတွင်း Grand Slam ဆုကြီးပေါင်း (၂၀) ကို ရရှိခဲ့တဲ့အပြင် ကမ္ဘာတဝန်းက တင်းနစ်ပြိုင်ပွဲပေါင်း (၁၀၃) ပွဲကို အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။ သူရဲ့အားကစားစွမ်းရည်၊ တည်တည်ငြိမ်ငြိမ် ကစားတတ်တဲ့ ဟန်တွေကြောင့် ကမ္ဘာတဝန်းက ပရိတ်သတ်တွေရဲ့ အားပေးမှုကို သူရရှိခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ် (၁) တင်းနစ်ကစားသမားတဦး ဖြစ်ခဲ့တဲ့ Roger Federer ဟာ ဒူးဒဏ်ရာကြောင့် နောက်ပိုင်းကစားပွဲတွေမှာ အရင်လောက် မကစားနိုင်ဖြစ်ခဲ့ပြီးနောက်မှာ ကြေးစားတင်းနစ်ကစားသမား အဖြစ်ကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

=== Unicode ===





XS
SM
MD
LG