သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘဂၤလားေဒရွ္ ႔ ေရႀကီးမႈ (၆) သန္းေက်ာ္ ေရေဘးသင့္


BANGLADESH-FLOOD-WEATHER

ဘဂၤလားေဒ့ရွ္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွာ ေရႀကီးမႈေတြေၾကာင့္ လူ (၁၉) ေယာက္ထက္မနည္း ေသဆုံးၿပီး၊ (၆) သန္းေလာက္ ေရေဘးဒဏ္ခံေနရတယ္လို႔ ဘဂၤလားေဒ့ရွ္အစိုးရ တာဝန္ရွိသူေတြက ေျပာလိုက္ပါတယ္။ ေသဆုံးတဲ့သူေတြထဲမွာ (၁၅) ေယာက္က မိုးႀကိဳးပစ္ခံရလို႔ ေသဆုံးၿပီး၊ (၄) ေယာက္ကေတာ့ ေျမၿပိဳက်လို႔ ေသဆုံးတာျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႔က ေျပာပါတယ္။ အေျခအေနေတြက အခုထက္ပိုၿပီး ဆိုးလာႏိုင္တယ္လို႔လည္း ေျပာပါတယ္။ ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္းေဒသေတြမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြအတြင္း ရက္အေတာ္ၾကာ မိုးအႀကီးအက်ယ္႐ြာသြန္းၿပီး ေရႀကီးေနတာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ရဲ႕ ေရႀကီးမႈကို ေစာင့္ၾကည့္သတိေပးေရးဌာနရဲ႕ အခ်က္အလက္ေတြအရေတာ့ မိုးသည္းထန္စြာ႐ြာသြန္းတာေၾကာင့္ ႏိုင္ငံအေရွ႕ေျမာက္ပိုင္းက Sylhet နဲ႔ Sunamganj ခ႐ိုင္ (၂) ခုက အဓိကျမစ္ႀကီးေတြက ျမစ္ေရဟာ အႏၲရာယ္ျဖစ္ေလာက္တဲ့အထိ ျမင့္တက္ေနၿပီး၊ အေရွ႕ေျမာက္ေဒသေနရာ အေတာ္မ်ားမ်ားဟာ ေရလႊမ္းမိုးတဲ့ဒဏ္ကို ခံေနရတယ္လို႔လည္း Sylhet ေဒသအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ ေဒသတခုလုံး လွ်ပ္စစ္မီး ျပတ္ေတာက္ေနၿပီး၊ စာသင္ေက်ာင္းေတြအားလုံးနီးပါးဟာလည္း အခုအခါမွာ အေရးေပၚေရေဘးကယ္ဆယ္ေရး စခန္းေတြအျဖစ္ လုပ္ထားပါတယ္။

အဲဒီေဒသက တခုတည္းေသာ ေလဆိပ္ျဖစ္တဲ့ Sylhet ၿမိဳ႕က Osmani ႏိုင္ငံတကာေလဆိပ္မွာလည္း ေလယာဥ္ေျပးလမ္းနားအထိ ေရႀကီးလာေနတာေၾကာင့္ ေလယာဥ္အဆင္းအတက္ေတြကို ရပ္ဆိုင္းထားတယ္လို႔ ျပည္နယ္တာဝန္ရွိသူေတြက ေျပာပါတယ္။ ေဒသတြင္း ေရေဘးကယ္ဆယ္ေရးလုပ္ငန္းေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ဖို႔အတြက္ ဘဂၤလားေဒ့ရွ္အစိုးရက တပ္ဖြဲ႔ေတြကို ခ်ထားလိုက္ၿပီး၊ ဇြန္လ (၁၉) ရက္ေန႔မွာ လုပ္မယ့္ အလယ္တန္းစာေမးပြဲကိုလည္း ရက္အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္းလိုက္ပါတယ္။

====Unicode =====

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရေကြီးမှုတွေကြောင့် လူ (၁၉) ယောက်ထက်မနည်း သေဆုံးပြီး၊ (၆) သန်းလောက် ရေဘေးဒဏ်ခံနေရတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ သေဆုံးတဲ့သူတွေထဲမှာ (၁၅) ယောက်က မိုးကြိုးပစ်ခံရလို့ သေဆုံးပြီး၊ (၄) ယောက်ကတော့ မြေပြိုကျလို့ သေဆုံးတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ပြောပါတယ်။ အခြေအနေတွေက အခုထက်ပိုပြီး ဆိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရက်အတော်ကြာ မိုးအကြီးအကျယ်ရွာသွန်းပြီး ရေကြီးနေတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ ရေကြီးမှုကို စောင့်ကြည့်သတိပေးရေးဌာနရဲ့ အချက်အလက်တွေအရတော့ မိုးသည်းထန်စွာရွာသွန်းတာကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းက Sylhet နဲ့ Sunamganj ခရိုင် (၂) ခုက အဓိကမြစ်ကြီးတွေက မြစ်ရေဟာ အန္တရာယ်ဖြစ်လောက်တဲ့အထိ မြင့်တက်နေပြီး၊ အရှေ့မြောက်ဒေသနေရာ အတော်များများဟာ ရေလွှမ်းမိုးတဲ့ဒဏ်ကို ခံနေရတယ်လို့လည်း Sylhet ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒေသတခုလုံး လျှပ်စစ်မီး ပြတ်တောက်နေပြီး၊ စာသင်ကျောင်းတွေအားလုံးနီးပါးဟာလည်း အခုအခါမှာ အရေးပေါ်ရေဘေးကယ်ဆယ်ရေး စခန်းတွေအဖြစ် လုပ်ထားပါတယ်။

အဲဒီဒေသက တခုတည်းသော လေဆိပ်ဖြစ်တဲ့ Sylhet မြို့က Osmani နိုင်ငံတကာလေဆိပ်မှာလည်း လေယာဉ်ပြေးလမ်းနားအထိ ရေကြီးလာနေတာကြောင့် လေယာဉ်အဆင်းအတက်တွေကို ရပ်ဆိုင်းထားတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက တပ်ဖွဲ့တွေကို ချထားလိုက်ပြီး၊ ဇွန်လ (၁၉) ရက်နေ့မှာ လုပ်မယ့် အလယ်တန်းစာမေးပွဲကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။

XS
SM
MD
LG