သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္နဲ႔ ျမန္မာႏိုင္ငံတို႔မွာ ေရႀကီးမႈေတြျဖစ္


China flood

တ႐ုတ္ႏိုင္ငံ၊ စီခြၽမ္ျပည္နယ္ထဲမွာ ႐ုတ္တရက္ေရႀကီးခဲ့တာေၾကာင့္ လူ ၇ ဦးထက္မနည္းေသဆုံးၿပီး ၈ ဦးဒဏ္ရာရခဲ့ေၾကာင္း တ႐ုတ္အစိုးရပိုင္ CCTV သတင္းဌာနက တနဂၤေႏြေန႔မွာ ေၾကညာပါတယ္။ ျမစ္ထဲေ ႐ုတ္တရက္ေရေတြစီးဆင္းလာတာကို ခရီးသြားဧည့္သည္ေတြ အံ့ၾသၿပီး ရပ္ၾကည့္ေနတာကို ႐ုပ္သံကပုံရိပ္ေတြမွာ ေတြ႕ရပါတယ္။ စေနေန႔က အဲဒီလို႐ုတ္တရက္ေရႀကီးမႈကေန လြတ္ေအာင္ လူတခ်ိဳ႕ထြက္ေျပးတာကို လည္းေတြ႕ရပါတယ္။

အခင္းျဖစ္ရာေနရာကို တ႐ုတ္အာဏာပိုင္ေတြက ကယ္ဆယ္ေရးအဖြဲ႕ကို ေစလႊတ္ထားသလို ထိခိုက္ဒဏ္ရာရသူေတြကိုလည္း နီးစပ္ရာေဆး႐ုံေတြကို ပို႔ေပးထားပါတယ္။ ပူေႏြးစြတ္စိုတဲ့ ေႏြရာသီကာလေတြမွာ အခုလို ေရႀကီးေရလ်ံမႈမ်ိဳး တ႐ုတ္ႏိုင္ငံမွာ ပုံမွန္ႀကဳံရေလ့ ရွိတယ္ဆိုေပမယ့္ ဥတုရာသီေျပာင္းလဲမႈ အက်ိဳးဆက္ေၾကာင္း ျပင္းထန္ဆိုး႐ြားတဲ့ ရာသီဥတုမ်ိဳးပိုအျဖစ္မ်ားလာတယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက သတိေပးထားတာပါ။

တခ်ိန္ထဲမွာပဲ ထိုင္းနယ္စပ္နဲ႔ မိုင္၂၂ မိုင္အကြာ ျမန္မာႏိုင္ငံထဲက ေရေလွာင္တမံတခု က်ိဳးေပါက္ခဲ့တာေၾကာင့္ ထိုင္းႏိုင္ငံရဲ႕ Sai ျမစ္ေရ ႐ုတ္တရက္တက္လာတဲ့အတြက္ ထိုင္းေျမာက္ပိုင္းမွာ ေရႀကီးေရလ်ံေနပါတယ္။ စေနေန႔ေရႀကီးေရလွ်ံမႈမွာ လူေတြ၊ လမ္းေဘးေဈးဆိုင္ေတြပါ ေရစီးနဲ႔အတူေမွ်ာပါသြားတာကို လူမႈကြန္ယက္ပုံရိပ္ေတြမွာ ေတြ႕ရပါတယ္။

အပူပိုင္းမုန္တိုင္း Mulan ေၾကာင့္ မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ရာက ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ မဲဆိုင္ၿမိဳ႕ဖက္မွာ ေရႀကီးေရလ်ံေနတာပါ။ အခုလို မိုးႀကီးခဲ့တာေၾကာင့္ ရွမ္းျပည္ထဲက ဆည္ေတြမွာလည္း ေရတက္ၿပီး လ်ံထြက္လာတယ္လို႔ ေဒသတြင္းသတင္းေတြကို ကိုးကားၿပီး ႐ိုက္တာသတင္းတရပ္မွာ ေရးသားထားပါတယ္။ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕ဘက္မွာလည္း ေရေတြႀကီးေနၿပီး မယ္ဆိုင္ၿမိဳ႕မွာေတာ့ အိမ္ေျခ ၂ ေထာင္ေလာက္ ေရေဘးသင့္ခဲ့ေၾကာင္း ထိုင္း PBS သတင္းမွာ ေဖာ္ျပပါတယ္။

=== Unicode ====

တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်ထဲမှာ ရုတ်တရက်ရေကြီးခဲ့တာကြောင့် လူ ၇ ဦးထက်မနည်းသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့ကြောင်း တရုတ်အစိုးရပိုင် CCTV သတင်းဌာနက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ မြစ်ထဲေ ရုတ်တရက်ရေတွေစီးဆင်းလာတာကို ခရီးသွားဧည့်သည်တွေ အံ့သြပြီး ရပ်ကြည့်နေတာကို ရုပ်သံကပုံရိပ်တွေမှာ တွေ့ရပါတယ်။ စနေနေ့က အဲဒီလိုရုတ်တရက်ရေကြီးမှုကနေ လွတ်အောင် လူတချို့ထွက်ပြေးတာကို လည်းတွေ့ရပါတယ်။

အခင်းဖြစ်ရာနေရာကို တရုတ်အာဏာပိုင်တွေက ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ထားသလို ထိခိုက်ဒဏ်ရာရသူတွေကိုလည်း နီးစပ်ရာဆေးရုံတွေကို ပို့ပေးထားပါတယ်။ ပူနွေးစွတ်စိုတဲ့ နွေရာသီကာလတွေမှာ အခုလို ရေကြီးရေလျံမှုမျိုး တရုတ်နိုင်ငံမှာ ပုံမှန်ကြုံရလေ့ ရှိတယ်ဆိုပေမယ့် ဥတုရာသီပြောင်းလဲမှု အကျိုးဆက်ကြောင်း ပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုမျိုးပိုအဖြစ်များလာတယ်လို့ တရုတ်အာဏာပိုင်တွေက သတိပေးထားတာပါ။

တချိန်ထဲမှာပဲ ထိုင်းနယ်စပ်နဲ့ မိုင်၂၂ မိုင်အကွာ မြန်မာနိုင်ငံထဲက ရေလှောင်တမံတခု ကျိုးပေါက်ခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့ Sai မြစ်ရေ ရုတ်တရက်တက်လာတဲ့အတွက် ထိုင်းမြောက်ပိုင်းမှာ ရေကြီးရေလျံနေပါတယ်။ စနေနေ့ရေကြီးရေလျှံမှုမှာ လူတွေ၊ လမ်းဘေးဈေးဆိုင်တွေပါ ရေစီးနဲ့အတူမျှောပါသွားတာကို လူမှုကွန်ယက်ပုံရိပ်တွေမှာ တွေ့ရပါတယ်။

အပူပိုင်းမုန်တိုင်း Mulan ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာက ထိုင်းနိုင်ငံမြောက်ပိုင်း၊ မဲဆိုင်မြို့ဖက်မှာ ရေကြီးရေလျံနေတာပါ။ အခုလို မိုးကြီးခဲ့တာကြောင့် ရှမ်းပြည်ထဲက ဆည်တွေမှာလည်း ရေတက်ပြီး လျံထွက်လာတယ်လို့ ဒေသတွင်းသတင်းတွေကို ကိုးကားပြီး ရိုက်တာသတင်းတရပ်မှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်မှာလည်း ရေတွေကြီးနေပြီး မယ်ဆိုင်မြို့မှာတော့ အိမ်ခြေ ၂ ထောင်လောက် ရေဘေးသင့်ခဲ့ကြောင်း ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။

XS
SM
MD
LG