သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖိလစ္ပိုင္သမၼတေဟာင္း Fidel Ramos ကြယ္လြန္


FILE - Former Philippine President Fidel Ramos speaks at a news conference on Nov. 21, 2016 in suburban Makati city, east of Manila.

ဖိလစ္ပိုင္အာဏာရွင္ေဟာင္း Ferdinand Marcos ကို ျဖဳတ္ခ်တဲ့ေနရာမွာ အဓိကအခန္းက႑က ပါဝင္ခဲ့တဲ့ ဖိလစ္ပိုင္းသမၼတေဟာင္း Fidel Valdez Ramos ကြယ္လြန္သြားပါၿပီ။ အေမရိကန္ စစ္သင္တန္းေက်ာင္းဆင္းတဦးျဖစ္တဲ့ Fidel Ramos ဟာ ကိုရီးယားစစ္ပြဲ၊ ဗီယက္နမ္စစ္ပြဲေတြကို ကိုယ္တိုင္ႀကဳံေတြ႕ခဲ့သူတဦးျဖစ္ၿပီး ၁၉၈၆ ခုႏွစ္က ဖိလစ္ပိုင္မွာ ဒီမိုကေရစီအေရး ေတာင္းဆိုဆႏၵျပမႈေတြျဖစ္ေပၚၿပီး အာဏာရွင္ မားကို႔စ္ကို ျဖဳတ္ခ်တဲ့ေနရာမွာ ဦးေဆာင္ပါဝင္ခဲ့သူ ျဖစ္ပါတယ္။ သူဟာ ကြယ္လြန္ခ်ိန္မွာ အသက္ ၉၄ ႏွစ္ ရွိပါၿပီ။

ဘာေရာဂါနဲ႔ ကြယ္လြန္သြားတယ္ဆိုတာ ႐ုတ္တရက္ မသိရေသးေပမယ့္ သူ႔ရဲ႕ လက္ေထာက္တဦးအျဖစ္ ကာလရွည္ၾကာ တာဝန္ထမ္းေဆာင္ခဲ့သူ Norman Legaspi ကေတာ့ သူဟာ ႏွလုံးေရာဂါနဲ႔ အတိတ္ေမ့ေရာဂါေတြ ခံစားေနရတာေၾကာင့္ ေဆး႐ုံကို မၾကာခဏ တက္ေနခဲ့ရတယ္လို႔ ေအပီ သတင္းဌာနကို ေျပာပါတယ္။

ကြယ္လြန္ခ်ိန္ မိသားစု၊ ေဆြမ်ိဳးအသိုင္းအဝိုင္းေတြ သူ႔နေဘးနား ရွိေနခဲ့ၿပီး ေသဆုံးရျခင္းနဲ႔ဆိုင္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို မိသားစုက တနဂၤေႏြေန႔ေႏွာင္းပိုင္းမွာ ထုတ္ျပန္သြားဖို႔ရွိတယ္လို႔ Norman Legaspi က ေျပာပါတယ္။

လက္ရွိ ဖိလစ္ပိုင္အစိုးရရဲ႕ သတင္းျပန္ၾကားေရးတာဝန္ခံက သူကြယ္လြန္တဲ့အတြက္ ဝမ္းနည္းေၾကာင္း Ramos ရဲ႕ မိသားစုထံ ေပးပို႔ခဲ့တယ္လို႔ ဆိုပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ဒီမိုကေရစီေခါင္းေဆာင္ Corazon Aquino ရာထူးက အနားယူသြားၿပီးတဲ့ေနာက္ Fidel Ramos ဟာ ၁၂ ေယာက္ေျမာက္ ဖိလစ္ပိုင္သမၼတအျဖစ္ ၁၉၉၂ ခုႏွစ္ကေန ၁၉၉၈ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

+==Unicode ====

ဖိလစ်ပိုင်အာဏာရှင်ဟောင်း Ferdinand Marcos ကို ဖြုတ်ချတဲ့နေရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဖိလစ်ပိုင်းသမ္မတဟောင်း Fidel Valdez Ramos ကွယ်လွန်သွားပါပြီ။ အမေရိကန် စစ်သင်တန်းကျောင်းဆင်းတဦးဖြစ်တဲ့ Fidel Ramos ဟာ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးဖြစ်ပြီး ၁၉၈၆ ခုနှစ်က ဖိလစ်ပိုင်မှာ ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြမှုတွေဖြစ်ပေါ်ပြီး အာဏာရှင် မားကို့စ်ကို ဖြုတ်ချတဲ့နေရာမှာ ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ် ရှိပါပြီ။

ဘာရောဂါနဲ့ ကွယ်လွန်သွားတယ်ဆိုတာ ရုတ်တရက် မသိရသေးပေမယ့် သူ့ရဲ့ လက်ထောက်တဦးအဖြစ် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ Norman Legaspi ကတော့ သူဟာ နှလုံးရောဂါနဲ့ အတိတ်မေ့ရောဂါတွေ ခံစားနေရတာကြောင့် ဆေးရုံကို မကြာခဏ တက်နေခဲ့ရတယ်လို့ အေပီ သတင်းဌာနကို ပြောပါတယ်။

ကွယ်လွန်ချိန် မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းတွေ သူ့နဘေးနား ရှိနေခဲ့ပြီး သေဆုံးရခြင်းနဲ့ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို မိသားစုက တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ထုတ်ပြန်သွားဖို့ရှိတယ်လို့ Norman Legaspi က ပြောပါတယ်။

လက်ရှိ ဖိလစ်ပိုင်အစိုးရရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက သူကွယ်လွန်တဲ့အတွက် ဝမ်းနည်းကြောင်း Ramos ရဲ့ မိသားစုထံ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် Corazon Aquino ရာထူးက အနားယူသွားပြီးတဲ့နောက် Fidel Ramos ဟာ ၁၂ ယောက်မြောက် ဖိလစ်ပိုင်သမ္မတအဖြစ် ၁၉၉၂ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

XS
SM
MD
LG