သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမှာ လောင်စာဆီဈေး ၃၀% တက်


Motorists queue up to fill up their tanks after the government announced an increase in fuel prices, at a gasoline station in Jakarta, Indonesia, Sept. 3, 2022.
Motorists queue up to fill up their tanks after the government announced an increase in fuel prices, at a gasoline station in Jakarta, Indonesia, Sept. 3, 2022.

အင်ဒိုနီးရှားနိုင်ငံမှာ လောင်စာဆီဈေးသက်သာအောင် အစိုးရကပေးနေတဲ့ အမတော်ကြေးကို လျှော့ချလိုက်တဲ့အတွက် နိုင်ငံတဝန်းက လောင်စာဆီဈေးတွေ စနေနေ့က ၃၀% တက်သွားပါတယ်။ အရှေ့တောင် အာရှတိုက်ရဲ့ အကြီးဆုံးစီးပွားနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ အစိုးရက အဲဒီလို ကြားဝင်ထောက်ပံ့ပေးနေတာကြောင့် ငွေကြေးဖောင်းပွမှု ကမ္ဘာမှာအနည်းဆုံးရှိနေတာပါ။

အစိုးရဆိုင်တွေက ရောင်းချနေတဲ့ ဆီဈေးတွေ တက်တော့မလားဆိုပြီး အင်ဒိုနီးရှား ပြည်သူတွေအကြား စိုးရိမ်စိတ်တွေ သီတင်းပတ် အတန်ကြာ ဖြစ်ပေါ်နေခဲ့တာပါ။ စနေနေ့က ဈေးမတက်ခင် မော်တော်ဆိုင်ကယ်တွေနဲ့ ကားတွေ ဓါတ်ဆီဆိုင်တွေမှာ တန်းစီပြီး အလုအယက် ဝယ်ယူခဲ့ကြပါတယ်။

(၈) နှစ်အတွင်း ပထမဆုံးအကြိမ် လောင်စာဆီတွေကို ဈေးတင်လိုက်တဲ့အတွက် အရင်က ဓါတ်ဆီ တစ်လီတာကို အမေရိကန်ဒေါ်လာနဲ့ (၅၁) ပြား ရှိခဲ့ရာက (၆၇) ပြား၊ ဒီဇယ် တလီတာကို အရင်က (၃၅) ပြား ရှိခဲ့ရာက (၄၆) ပြားအထိ အသီးသီးတက်သွားခဲ့ပါတယ်။

ကမ္ဘာတဝန်း လောင်စာဆီဈေးတွေတက်နေတာမှာ အင်ဒိုနီးရှားအစိုးရက တိုင်းပြည်လောင်စာဆီအတွက် အမတော်ကြေး အခုနှစ် စိုက်ပေးရတာ ဒေါ်လာ (၃၄) ဘီလီယံ ရှိလာပြီဖြစ်တာကြောင့် အခုလို လောင်စာဆီဈေးကို မဖြစ်မနေ နောက်ဆုံးအဆင့်အဖြစ်နဲ့ တိုးမြင့်လိုက်ရတာလို့ သမ္မတ Joko Widodo က ပြောပါတယ်။

လောင်စာဆီဈေးကို လက်ရှိအတိုင်း ဆက်ထားနိုင်ဖို့ အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် မဖြစ်နိုင်တော့တဲ့အဆုံး ဒီခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ရတယ်လို့ သမ္မတ Widodo က ပြောပါတယ်။

==== Unicode ====






XS
SM
MD
LG