သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံတြင္း စက္သုံးဆီ ျပတ္လပ္မႈအေျခေန ပိုဆိုးဝါးလာ


MYANMAR-ECONOMY-OIL-GAS

ျမန္မာႏိုင္ငံမွာ ၾသဂုတ္လ ၁၀ ရက္စၿပီး စက္သုံးဆီ ျပတ္လပ္မႈအေျခေန ဆိုးလာေနၿပီး ေစ်းေတြလည္း တရိပ္ရိပ္တက္လာေနပါတယ္။ တပတ္အတြင္းမွာပဲ စက္သုံးဆီက တလီတာကို က်ပ္ ၅၀၀ တက္လာတာျဖစ္ၿပီး ရန္ကုန္အပါအဝင္ ၿမိဳ႕ႀကီးေတြက ဆီဆိုင္အမ်ားစုမွာ ဆီမရွိေတာ့ပဲ ဒီကေန႔ ၾသဂုတ္လ ၁၃ ရက္ေန႔အထိ အေရာင္းပိတ္ထားတာပါ။ တခ်ဳိ႕ေနရာေတြမွာ အကန႔္အသတ္နဲ႔ ေရာင္းေပးတဲ့ ဆီကို တန္းစီ၊ ေစာင့္ဆိုင္းဝယ္ယူေနရတယ္လို႔ မႏၲေလးၿမိဳ႕က ယာဥ္လိုင္းပိုင္ရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

"တေန႔တျခား ပိုဆိုးလာတယ္ေပါ့ေနာ္ ဒီေန႔ဆိုရင္ 92 တလီတာကို မႏၲေလးမွာ ၂,၃၆၅က်ပ္ ၿပီးေတာ့ အဲလိုသာေစ်းကတက္တာ ဆီဆိုင္ေတြက တခ်ဳိ ႔ဆိုင္ေတြ ေတာ္ေတာ္မ်ားမ်ား ပိတ္တဲ့အတြက္ ရတဲ့ဆိုင္ေတြမွာ တအားကို ကားေတြပိတ္ညပ္ေနေအာင္ တိုးေနရတယ္ဗ်။ က်ေနာ္တို႔က ဘာေၾကာက္လာလဲဆိုေတာ့ Highway ခရီးေတြလာေတြ သြားမယ္ဆိုရင္ လမ္းမွာဆီမရတာမ်ိဳးေတြျဖစ္ရင္ အဲဒီျပႆနာကိုေၾကာက္ၿပီး မလိုက္ရဲတာေတြ ျဖစ္လာမယ္၊ ကားေတြ ခရီးမထြက္ရဲတာေတြ ျဖစ္လာမယ္၊ အဲဒီျပႆနာေတြ အခုႀကဳံေနရတယ္ဗ်။"

ရန္ကုန္မွာ ၾသဂုတ္လ ၁၀ ရက္ေန႔မွာ 92 ေအာက္တိန္း တလီတာကို ၁,၈၆၀ က်ပ္ ရိွၿပီး၊ ဒီေန႔ ၁၃ ရက္မွာေတာ့ ၂,၃၂၀ က်ပ္ ျဖစ္လာတာပါ။ တိုက္ပြဲေတြေၾကာင့္ နယ္ေျမမတည္ၿငိမ္တဲ့ ေနရာေတြနဲ႔ လမ္းပမ္းဆက္သြယ္ေရး ခက္ခဲတဲ့ၿမိဳ႕ေတြမွာဆိုရင္ ေအာက္တိန္းတလီတာကို က်ပ္တေသာင္းဝန္းက်င္ေလာက္ ျဖစ္ေနပါတယ္။

ဆီပန႔္လိုင္စင္မရွိတဲ့ ျပင္ပက စက္သုံးဆီဆိုင္ေတြမွာေတာ့ ေစ်းေတြက ပိုႀကီးေနတာျဖစ္ၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း အထူးသျဖင့္ မူဆယ္၊ လားရႈိးၿမိဳ႕နယ္ေတြမွာ ေအာက္တိန္းဓာတ္ဆီ တလီတာကို က်ပ္ ၅,၄၀၀ ေလာက္ ရိွပါတယ္။ ဆီပန႔္လိုင္စင္ရ ဆိုင္ေတြမွာလည္း လိုသေလာက္ဝယ္လို႔မရဘဲ ကားတစီးကို အမ်ားဆုံး က်ပ္ႏွစ္ေသာင္းဖိုးပဲ ေရာင္းခ်ေပးေနတာ ျဖစ္ပါတယ္။

=== Unicode ===

မြန်မာနိုင်ငံမှာ သြဂုတ်လ ၁၀ ရက်စပြီး စက်သုံးဆီ ပြတ်လပ်မှုအခြေနေ ဆိုးလာနေပြီး ဈေးတွေလည်း တရိပ်ရိပ်တက်လာနေပါတယ်။ တပတ်အတွင်းမှာပဲ စက်သုံးဆီက တလီတာကို ကျပ် ၅၀၀ တက်လာတာဖြစ်ပြီး ရန်ကုန်အပါအဝင် မြို့ကြီးတွေက ဆီဆိုင်အများစုမှာ ဆီမရှိတော့ပဲ ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့အထိ အရောင်းပိတ်ထားတာပါ။ တချို့နေရာတွေမှာ အကန့်အသတ်နဲ့ ရောင်းပေးတဲ့ ဆီကို တန်းစီ၊ စောင့်ဆိုင်းဝယ်ယူနေရတယ်လို့ မန္တလေးမြို့က ယာဉ်လိုင်းပိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

"တနေ့တခြား ပိုဆိုးလာတယ်ပေါ့နော် ဒီနေ့ဆိုရင် 92 တလီတာကို မန္တလေးမှာ ၂,၃၆၅ကျပ် ပြီးတော့ အဲလိုသာဈေးကတက်တာ ဆီဆိုင်တွေက တချို့ဆိုင်တွေ တော်တော်များများ ပိတ်တဲ့အတွက် ရတဲ့ဆိုင်တွေမှာ တအားကို ကားတွေပိတ်ညပ်နေအောင် တိုးနေရတယ်ဗျ။ ကျနော်တို့က ဘာကြောက်လာလဲဆိုတော့ Highway ခရီးတွေလာတွေ သွားမယ်ဆိုရင် လမ်းမှာဆီမရတာမျိုးတွေဖြစ်ရင် အဲဒီပြဿနာကိုကြောက်ပြီး မလိုက်ရဲတာတွေ ဖြစ်လာမယ်၊ ကားတွေ ခရီးမထွက်ရဲတာတွေ ဖြစ်လာမယ်၊ အဲဒီပြဿနာတွေ အခုကြုံနေရတယ်ဗျ။"

ရန်ကုန်မှာ သြဂုတ်လ ၁၀ ရက်နေ့မှာ 92 အောက်တိန်း တလီတာကို ၁,၈၆၀ ကျပ် ရှိပြီး၊ ဒီနေ့ ၁၃ ရက်မှာတော့ ၂,၃၂၀ ကျပ် ဖြစ်လာတာပါ။ တိုက်ပွဲတွေကြောင့် နယ်မြေမတည်ငြိမ်တဲ့ နေရာတွေနဲ့ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတဲ့မြို့တွေမှာဆိုရင် အောက်တိန်းတလီတာကို ကျပ်တသောင်းဝန်းကျင်လောက် ဖြစ်နေပါတယ်။

ဆီပန့်လိုင်စင်မရှိတဲ့ ပြင်ပက စက်သုံးဆီဆိုင်တွေမှာတော့ ဈေးတွေက ပိုကြီးနေတာဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း အထူးသဖြင့် မူဆယ်၊ လားရှိုးမြို့နယ်တွေမှာ အောက်တိန်းဓာတ်ဆီ တလီတာကို ကျပ် ၅,၄၀၀ လောက် ရှိပါတယ်။ ဆီပန့်လိုင်စင်ရ ဆိုင်တွေမှာလည်း လိုသလောက်ဝယ်လို့မရဘဲ ကားတစီးကို အများဆုံး ကျပ်နှစ်သောင်းဖိုးပဲ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG