သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂါဇာမွာ စစ္ေသြးႂကြေတြပစ္မွတ္ထားၿပီး အစၥေရးေလေၾကာင္းတိုက္ခိုက္


ISRAEL-PALESTINIANS/GAZA

ပါလက္စတိုင္းေဒသမွာေတာ့ အခု စေနေန႔ အေစာပိုင္း အစၥေရးတိုက္ေလယာဥ္ေတြဟာ ဂါဇာမွာရွိတဲ့ စစ္ေသြးႂကြလို႔ ယူဆတဲ့ေနရာေတြကို ဗုံးႀကဲတိုက္ခိုက္ေနသလို၊ အစၥေရးေတာင္ပိုင္းမွာလည္း ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ခံေနရပါတယ္။ ဒီမတိုင္ခင္ နာရီပိုင္းအတြင္း ေသာၾကာေန႔တုန္းကေတာ့ အစၥေရးရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြအတြင္း အႀကီးတန္းပါလက္စတိုင္း စစ္ေသြးႂကြေခါင္းေဆာင္တဦးနဲ႔ အသက္ ၅ ႏွွစ္အ႐ြယ္ ကေလးမတဦးအပါအဝင္ လူ ၁၁ ဦးထက္မနည္း ေသဆုံးခဲ့ပါတယ္။ ပါလက္စတိုင္း အစၥလာမ္မစ္ Jihad ရဲ႕ အႀကီးတန္း တပ္မႈးတဦးကို ပစ္မွတ္ထားၿပီး အစၥေရးက အခုလို တိုက္ခိုက္ခဲ့တဲ့ေနာက္ ႏွစ္ဖက္အၾကား စစ္ပြဲေတြ ျပန္စလုနီးပါး အေျခအေနေရာက္ေနပါတယ္။ ဒါေပမယ့္လည္း နယ္ေျမထိန္းခ်ဳပ္ထားတဲ့ ပါလက္စတိုင္း ဟားမတ္အဖြဲ႔ကေတာ့ အခုအခ်ိန္အထိ စစ္မက္ကိစၥေရွာင္ေနၿပီး၊

ဒီပဋိပကၡကေန ေဘးထြက္ေနခ်င္ပုံရပါတယ္။ အစၥေရးနဲ႔ ပါလက္စတိုင္း ဟားမတ္အဖြဲ႕အၾကားမွာ ေလးႏွစ္ၾကာေအာင္ စစ္ပြဲႀကီးေတြ စစ္ပြဲငယ္ေတြ ျဖစ္ခဲ့ၿပီး၊၊ ၿပီးခဲ့တဲ့ ၁၅ႏွစ္အတြင္းမွာ အဲဒီေဒသက ပါလက္စတိုင္း ႏွစ္သိန္းနီးပါး အသက္ဆုံးရႈံးခဲ့ရၿပီးပါၿပီ။ ဂါဇာေဒသမွာ အစၥေရးက စစ္ဆင္ေရးေတြလုပ္ေနတာ တလၾကာရွိေနၿပီး၊ အခု အေနာက္ဖက္ကမ္းမွာရွိတဲ့ အစၥလာမ္မစ္ ဂ်ီဟတ္အႀကီးတန္းေခါင္းေဆာင္တဦးကို ဖမ္းဆီးဖို႔ ဒီတပတ္အြင္း အစၮစေရးဖက္က ႀကိဳးပမ္းရာကေန အစၥေရး-ဂါဇာအၾကမ္းဖက္မႈေတြ ျပန္ျဖစ္လာတာပါ။

=== Unicode ====

ပါလက်စတိုင်းဒေသမှာတော့ အခု စနေနေ့ အစောပိုင်း အစ္စရေးတိုက်လေယာဉ်တွေဟာ ဂါဇာမှာရှိတဲ့ စစ်သွေးကြွလို့ ယူဆတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်နေသလို၊ အစ္စရေးတောင်ပိုင်းမှာလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံနေရပါတယ်။ ဒီမတိုင်ခင် နာရီပိုင်းအတွင်း သောကြာနေ့တုန်းကတော့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အကြီးတန်းပါလက်စတိုင်း စစ်သွေးကြွခေါင်းဆောင်တဦးနဲ့ အသက် ၅ နှစ်အရွယ် ကလေးမတဦးအပါအဝင် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပါလက်စတိုင်း အစ္စလာမ်မစ် Jihad ရဲ့ အကြီးတန်း တပ်မှုးတဦးကို ပစ်မှတ်ထားပြီး အစ္စရေးက အခုလို တိုက်ခိုက်ခဲ့တဲ့နောက် နှစ်ဖက်အကြား စစ်ပွဲတွေ ပြန်စလုနီးပါး အခြေအနေရောက်နေပါတယ်။ ဒါပေမယ့်လည်း နယ်မြေထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း ဟားမတ်အဖွဲ့ကတော့ အခုအချိန်အထိ စစ်မက်ကိစ္စရှောင်နေပြီး၊

ဒီပဋိပက္ခကနေ ဘေးထွက်နေချင်ပုံရပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်း ဟားမတ်အဖွဲ့အကြားမှာ လေးနှစ်ကြာအောင် စစ်ပွဲကြီးတွေ စစ်ပွဲငယ်တွေ ဖြစ်ခဲ့ပြီး၊၊ ပြီးခဲ့တဲ့ ၁၅နှစ်အတွင်းမှာ အဲဒီဒေသက ပါလက်စတိုင်း နှစ်သိန်းနီးပါး အသက်ဆုံးရှုံးခဲ့ရပြီးပါပြီ။ ဂါဇာဒေသမှာ အစ္စရေးက စစ်ဆင်ရေးတွေလုပ်နေတာ တလကြာရှိနေပြီး၊ အခု အနောက်ဖက်ကမ်းမှာရှိတဲ့ အစ္စလာမ်မစ် ဂျီဟတ်အကြီးတန်းခေါင်းဆောင်တဦးကို ဖမ်းဆီးဖို့ ဒီတပတ်အွင်း အစဍ္ဍစရေးဖက်က ကြိုးပမ်းရာကနေ အစ္စရေး-ဂါဇာအကြမ်းဖက်မှုတွေ ပြန်ဖြစ်လာတာပါ။

XS
SM
MD
LG