သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးဖ်က္ခ်ေပးတဲ့ ေဆးခန္းေတြ အင္တာနက္ေပၚ ျပန္ရွာမရေအာင္ Google ဖ်က္ေပးမည္


FILE - A woman walks below a Google sign on the campus in Mountain View, Calif., on Sept. 24, 2019.

ကေလးဖ်က္ခ်ေပးတဲ့ ေဆးခန္းေတြနဲ႔ အျခားေနရာေတြကို အင္တာနက္ေပၚမွာ ရွာခဲ့၊ ၾကည့္ခဲသူေတြရဲ႕ သတင္းအခ်က္အလက္ေတြကို Google က အလိုအေလ်ာက္ ဖ်က္ေပသြားမွာ ျဖစ္ပါတယ္။ ပုဂၢလိက သတင္းအခ်က္အလက္ေတြ ကာကြယ္ေရးနဲ႔ ပတ္သက္ၿပီး၊ သူ႔ရဲ႕ဘေလာဂ့္မွာ ဂူဂဲက ေသာၾကာေန႔က အခုလိုတင္ခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္ တရားလႊတ္ေတာ္ခ်ဳပ္က ကေလးဖ်က္ခ်တာဟာ ဖြဲ႕စည္းပုံက ေပးထားတဲ့ အခြင့္အေရး မဟုတ္ဘူးလို႔ ဆုံးျဖတ္ၿပီးတဲ့ေနာက္ပိုင္းမွာ ျပည္နယ္ေတြက ကေလးဖ်က္တာ ကို တားျမစ္တဲ့ ဥပေဒေတြ ျပဌာန္းခဲ့တာေၾကာင့္ ဂူဂဲက အခုလို ေၾကညာလိုက္တာ ျဖစ္ပါတယ္။ ျပည္နယ္ဥပေဒတခ်ိဳ႕မွာ ကေလးဖ်က္ခ်တာ ဒါမွမဟုတ္ ပ်က္က်လို႔ ကုသဖို႔ အင္တာနက္မွာ ရွာ‌ေဖြရင္ကိုပဲ တရားစြဲဆိုရာမွာ အဲဒီ သတင္းအခ်က္အလက္ေတြကို အသုံးျပဳႏိုင္ပါတယ္။ အစိုးရေတြက စုံစမ္းစစ္ေဆးၾကတဲ့အခါ သူတို႔ သံသယရွိသူေတြရဲ႕ ဒစ္ဂ်စ္တယ္မွတ္တမ္း ဒါမွမဟုတ္ အင္တာနက္မွတ္တမ္းေတြကို ေထာင္ခ်ီ ေတာင္းဆိုမႈေတြ ရွိတယ္လို႔ ဂူဂဲက ေျပာပါတယ္။

ဒါ့အျပင္ ကေလးဖ်က္တဲ့ ေဆးခန္းအဖြဲ႔ေတြသာမက၊ ကေလးေမြးေအာင္ လုပ္ေပးတဲ့ ေဆးခန္းေတြ၊ မူယစ္ေဆးဝါး အပါအဝင္ စြဲလန္းတာေတြ ကို ကုသေပးတဲ့ ေဆးခန္းနဲ႔အဖြဲ႔ေတြ၊ ကိုယ္အေလးခ်ိန္ ခ်ေပးတဲ့ ေဆးခန္းေတြနဲ႔ အလွျပင္ ခြဲစိတ္ကုသမႈ လုပ္ေပးတဲ့ ေဆးခန္းေတြကို ရွာေဖြ၊ ၾကည့္ရွရင္လည္း ၾကည့္ရႈေၾကာင္း မက်န္ေအာင္ အလိုအေလ်ာက္ ဖ်က္ေပးမွာ ျဖစ္ပါတယ္။ မိမိ သြားေရာက္ၾကည့္ရႈတဲ့ အင္တာနက္စာမ်က္ႏွာရဲ႕ ရာဇဝင္ကို ကိုယ္တိုင္ဖ်က္လို႔ ရေပမဲ့၊ ဒီေနရာေတြမွာေတာ့ အလိုအေလ်ာက္ ပ်က္ေအာင္ ဂူဂဲက လုပ္ေပးလိုက္တာ ျဖစ္ပါတယ္။

===Unicode ====

ကလေးဖျက်ချပေးတဲ့ ဆေးခန်းတွေနဲ့ အခြားနေရာတွေကို အင်တာနက်ပေါ်မှာ ရှာခဲ့၊ ကြည့်ခဲသူတွေရဲ့ သတင်းအချက်အလက်တွေကို Google က အလိုအလျောက် ဖျက်ပေသွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက သတင်းအချက်အလက်တွေ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး၊ သူ့ရဲ့ဘလောဂ့်မှာ ဂူဂဲက သောကြာနေ့က အခုလိုတင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် တရားလွှတ်တော်ချုပ်က ကလေးဖျက်ချတာဟာ ဖွဲ့စည်းပုံက ပေးထားတဲ့ အခွင့်အရေး မဟုတ်ဘူးလို့ ဆုံးဖြတ်ပြီးတဲ့နောက်ပိုင်းမှာ ပြည်နယ်တွေက ကလေးဖျက်တာ ကို တားမြစ်တဲ့ ဥပဒေတွေ ပြဌာန်းခဲ့တာကြောင့် ဂူဂဲက အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ပြည်နယ်ဥပဒေတချို့မှာ ကလေးဖျက်ချတာ ဒါမှမဟုတ် ပျက်ကျလို့ ကုသဖို့ အင်တာနက်မှာ ရှာ‌ဖွေရင်ကိုပဲ တရားစွဲဆိုရာမှာ အဲဒီ သတင်းအချက်အလက်တွေကို အသုံးပြုနိုင်ပါတယ်။ အစိုးရတွေက စုံစမ်းစစ်ဆေးကြတဲ့အခါ သူတို့ သံသယရှိသူတွေရဲ့ ဒစ်ဂျစ်တယ်မှတ်တမ်း ဒါမှမဟုတ် အင်တာနက်မှတ်တမ်းတွေကို ထောင်ချီ တောင်းဆိုမှုတွေ ရှိတယ်လို့ ဂူဂဲက ပြောပါတယ်။

ဒါ့အပြင် ကလေးဖျက်တဲ့ ဆေးခန်းအဖွဲ့တွေသာမက၊ ကလေးမွေးအောင် လုပ်ပေးတဲ့ ဆေးခန်းတွေ၊ မူယစ်ဆေးဝါး အပါအဝင် စွဲလန်းတာတွေ ကို ကုသပေးတဲ့ ဆေးခန်းနဲ့အဖွဲ့တွေ၊ ကိုယ်အလေးချိန် ချပေးတဲ့ ဆေးခန်းတွေနဲ့ အလှပြင် ခွဲစိတ်ကုသမှု လုပ်ပေးတဲ့ ဆေးခန်းတွေကို ရှာဖွေ၊ ကြည့်ရှရင်လည်း ကြည့်ရှုကြောင်း မကျန်အောင် အလိုအလျောက် ဖျက်ပေးမှာ ဖြစ်ပါတယ်။ မိမိ သွားရောက်ကြည့်ရှုတဲ့ အင်တာနက်စာမျက်နှာရဲ့ ရာဇဝင်ကို ကိုယ်တိုင်ဖျက်လို့ ရပေမဲ့၊ ဒီနေရာတွေမှာတော့ အလိုအလျောက် ပျက်အောင် ဂူဂဲက လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG