သြစတြေးလျနိုင်ငံ အရှေ့ဘက်ခြမ်းဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းနေတာနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် နိုင်ငံရဲ့အကြီးဆုံး Sydney မြို့ အနောက်တောင်ပိုင်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်တိမ်းပေးကြဖို့ အာဏာပိုင်တွေက ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။
“အခုလို မိုးသည်းထန်စွာ ရွာသွန်းခြင်းရဲ့ အကျိုးဆက်အဖြစ်နဲ့ Warrangamba ဆည်က ရေတွေလျှံကျမှုလာခြင်းက မြစ်၊ ချောင်းတွေ ရေလျှံပြီး သိသာကြီးမားတဲ့ ရေကြီးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်” လို့ သြစတြေးလျ အရေးပေါ်ဌာနနဲ့ ခုခံကာကွယ်ရေးဝန်ကြီး Steph Cooke က ပြောသွားတာပါ။
မနှစ်က ဒီဒေသမှာ ကြုံတွေ့ခဲ့ရတဲ့ အလားတူ မိုးသည်းရေကြီးမှုတွေထက် အခုတခေါက်က ပိုဆိုးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် ရေကြီးမှုတုန်းက အန္တရာယ်မကြုံခဲ့ရသူတွေအနေနဲ့လည်း အခုတကြိမ်မှာ မနှစ်ကလိုပဲ ဘာမှဖြစ်မှာမဟုတ်ဘူးလို့ ယူဆလို့ မရနိုင်ကြောင်း ဝန်ကြီး Steph Cooke က ပြောပါတယ်။
အခု ရေကြီးမှုဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအခြေမှာ ရှိတယ်လို့ ဝန်ကြီးက သတိပေးပြောကြားပါတယ်။
လာမယ့်ရက်အနည်းအတွင်း မိုးဆက်တိုက် ရွာသွန်းဖို့ ရှိနေတာကြောင့် ပြည်သူလူထုအနေနဲ့ အချိန်မရွေး ဘေးကင်းရာ ရှောင်တိမ်းနိုင်ဖို့ ပြင်ဆင်ထားကြဖို့ ဝန်ကြီး Steph Cooke က သတိပေးပြောကြားပါတယ်။
===Unicode====
အခု ရကွေီးမှုဟာ အသကျအန်တရာယျ စိုးရိမျရတဲ့အနအေခွမှော ရှိတယျလို့ ဝနျကွီးက သတိပေးပွောကွားပါတယျ။