တ႐ုတ္သမၼတရွီက်င့္ဖ်င္ ေဟာင္ေကာင္ကြၽန္းကို ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက လာေရာက္စဥ္ သမၼတနဲ႔အတူ အုပ္စုလိုက္ ဓါတ္ပုံအတူတြဲ႐ိုက္ခဲ့တဲ့ ေဟာင္ေကာင္ဥပေဒျပဳအမတ္က သူ႔မွာ ကိုဗစ္-၁၉ ကူးစက္ေနတာကို စမ္းသပ္ေတြ႔ရွိခဲ့ေၾကာင္း ဒီကေန႔ အတည္ျပဳေျပာဆိုပါတယ္။
သမၼတရွီဟာ ၿဗိတိသွ်တို႔ထံက ေဟာင္ေကာင္ကြၽန္း တ႐ုတ္ႏိုင္ငံကို ျပန္အပ္တဲ့ (၂၅) ႏွစ္ျပည့္ အခမ္းအနားကို တက္ေရာက္ဖို႔အတြက္ လုံၿခဳံေရးေတြ တင္းၾကပ္စြာခ်ထားၿပီး သြားေရာက္ခဲ့တာပါ။ ဒါဟာ ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားကတည္းက တ႐ုတ္ျပည္မႀကီးျပင္ပကို သူ႔အေနနဲ႔ ပထမဆုံးအႀကိမ္ သြားေရာက္ျခင္းလည္း ျဖစ္ပါတယ္။
အသက္ ၄၂ ႏွစ္အ႐ြယ္ Steven Ho ဟာ တ႐ုတ္ျပည္မႀကီးကို လိုလားတဲ့ ပါတီဝင္ အမတ္တဦးျဖစ္ၿပီး၊ ၾကာသပေတးေန႔က သမၼတရွီက်င့္ဖ်င္နဲ႔အတူ ဓါတ္ပုံတြဲ႐ိုက္ဖို႔ ခြင့္ျပဳခ်က္ရခဲ့တဲ့ လႊတ္ေတာ္အမတ္ ၁၀၀ ထဲက တဦး ျဖစ္ပါတယ္။
Steven Ho ဟာ သမၼတရွီရဲ႕ အေနာက္ဘက္ႏွစ္တန္းေက်ာ္မွာ ရပ္ေနခဲ့တယ္လို႔ အစိုးရကထုတ္ျပန္တဲ့ အဲဒီ အုပ္စုလိုက္ဓါတ္ပုံမွာ ပါရွိပါတယ္။
သမၼတရွီနဲ႔ ဓါတ္ပုံ႐ိုက္တဲ့ ၾကာသပေတးေန႔က စမ္းသပ္စဥ္မွာေတာ့ သူ႔မွာ ကိုဗစ္ ကူးစက္ေနတယ္ဆိုတာကို မျပခဲ့ေပမယ့္ ေနာက္တေန႔ ေသာၾကေန႔ စမ္းသပ္တဲ့အခါမွာေတာ့ မေသခ်ာတဲ့အေျဖ ျပန္ထြက္လာတယ္လို႔ ဆိုပါတယ္။ အဲဒီလို မေရရာတဲ့အေျဖ ထြက္လာၿပီးတဲ့ေနာက္မွာေတာ့ ေသာၾကာေန႔ကျပဳလုပ္တဲ့ အခမ္းအနားေတြကို သူ႔အေနနဲ႔ မတက္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ဆိုပါတယ္။
Steven Ho ဟာ သမၼတရွီ ေဟာင္ေကာင္ကို လာေရာက္တဲ့အခ်ိန္အတြင္း ကိုဗစ္-၁၉ ကူးစက္ေနေၾကာင္း စမ္းသပ္ေတြ႔ရွိခဲ့တဲ့ ဒုတိယလူ ျဖစ္ပါတယ္။
==Unicode ====
တရုတ်သမ္မတရှီကျင့်ဖျင် ဟောင်ကောင်ကျွန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လာရောက်စဉ် သမ္မတနဲ့အတူ အုပ်စုလိုက် ဓါတ်ပုံအတူတွဲရိုက်ခဲ့တဲ့ ဟောင်ကောင်ဥပဒေပြုအမတ်က သူ့မှာ ကိုဗစ်-၁၉ ကူးစက်နေတာကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။
သမ္မတရှီဟာ ဗြိတိသျှတို့ထံက ဟောင်ကောင်ကျွန်း တရုတ်နိုင်ငံကို ပြန်အပ်တဲ့ (၂၅) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့အတွက် လုံခြုံရေးတွေ တင်းကြပ်စွာချထားပြီး သွားရောက်ခဲ့တာပါ။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားကတည်းက တရုတ်ပြည်မကြီးပြင်ပကို သူ့အနေနဲ့ ပထမဆုံးအကြိမ် သွားရောက်ခြင်းလည်း ဖြစ်ပါတယ်။
အသက် ၄၂ နှစ်အရွယ် Steven Ho ဟာ တရုတ်ပြည်မကြီးကို လိုလားတဲ့ ပါတီဝင် အမတ်တဦးဖြစ်ပြီး၊ ကြာသပတေးနေ့က သမ္မတရှီကျင့်ဖျင်နဲ့အတူ ဓါတ်ပုံတွဲရိုက်ဖို့ ခွင့်ပြုချက်ရခဲ့တဲ့ လွှတ်တော်အမတ် ၁၀၀ ထဲက တဦး ဖြစ်ပါတယ်။
Steven Ho ဟာ သမ္မတရှီရဲ့ အနောက်ဘက်နှစ်တန်းကျော်မှာ ရပ်နေခဲ့တယ်လို့ အစိုးရကထုတ်ပြန်တဲ့ အဲဒီ အုပ်စုလိုက်ဓါတ်ပုံမှာ ပါရှိပါတယ်။
သမ္မတရှီနဲ့ ဓါတ်ပုံရိုက်တဲ့ ကြာသပတေးနေ့က စမ်းသပ်စဉ်မှာတော့ သူ့မှာ ကိုဗစ် ကူးစက်နေတယ်ဆိုတာကို မပြခဲ့ပေမယ့် နောက်တနေ့ သောကြနေ့ စမ်းသပ်တဲ့အခါမှာတော့ မသေချာတဲ့အဖြေ ပြန်ထွက်လာတယ်လို့ ဆိုပါတယ်။ အဲဒီလို မရေရာတဲ့အဖြေ ထွက်လာပြီးတဲ့နောက်မှာတော့ သောကြာနေ့ကပြုလုပ်တဲ့ အခမ်းအနားတွေကို သူ့အနေနဲ့ မတက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
Steven Ho ဟာ သမ္မတရှီ ဟောင်ကောင်ကို လာရောက်တဲ့အချိန်အတွင်း ကိုဗစ်-၁၉ ကူးစက်နေကြောင်း စမ်းသပ်တွေ့ရှိခဲ့တဲ့ ဒုတိယလူ ဖြစ်ပါတယ်။