သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICC တည်ထောင်တာ အနှစ် (၂၀) ပြည့်ပြီ


FILE - The International Criminal Court, or ICC, is seen in The Hague, Netherlands, Nov. 7, 2019.
FILE - The International Criminal Court, or ICC, is seen in The Hague, Netherlands, Nov. 7, 2019.

ဆယ်စုနှစ်စုအတွင်း ဝေဖန်မှုတွေနဲ့ အငြင်းပွါးမှုတွေ ကြုံခဲ့ရပြီးတဲ့နောက်၊ ယူကရိန်းစစ်ပွဲရဲ့ တွန်းအားနဲ့အတူ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ဟာ အနှစ် (၂၀) မြောက်နေ့ ကို သောကြာနေ့က ဆင်နွှဲလိုက်ပါတယ်။

ရောမပဋိညာဉ်လို့ သိကြတဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ သဘောတူညီချက်ကို ၁၉၉၈ မှာ လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ဒါကို အကောင်အထည်ဖော်ဖို့ ၂၀၀၂ ခုနှစ် ဇူလိုင် (၁) ရက်နေ့မှာ ICC ကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း (၂၀) အတွင်းမှာ (၅) မှုကိုပဲ စီရင်ချက်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ အားလုံးဟာ အာဖရိကက သူပုန်ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေက တရားမစွဲဆိုချင်လို့ဖြစ်စေ၊ တရားစွဲဆိုနိုင်စွမ်း မရှိလို့ဖြစ်စေ၊ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွတ်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုနဲ့ ကျူးကျော်မှုတွေအတွက် အိုင်စီစီဟာ နောက်ဆုံးဖြေရှင်းစရာ ခုံရုံး ဖြစ်ပါတယ်။

“ဒီကနေ့ တရားဥပဒေ စိုးမိုးရေးကို ဆက်လက်ကိုင်စွဲ မထားနိုင်တော့ဘူးဆိုရင်၊ မနက်ဖန်မှာ လူတိုင်းအတွက် မျှော်လင့်ချက် အလွန့်အလွန်ကို နည်းသွားပါပြီ” လို့ အိုင်စီစီ ရဲ့ ရှေ့နေချုပ် Karim Khan က ဆိုပါတယ်။

ယူကရိန်း ကျူးကျော်စစ်ကြောင့် အဲဒီ အချက်ကို ပိုလို့အသိအမှတ်ပြုလာကြတယ်လို့ Khan က ပြောပါတယ်။

အခုထိတော့ လူသိများတဲ့ အစိုးရခေါင်းဆောင်တွေကို အိုင်စီစီ က အရေးမယူနိုင်သေးပါဘူး။ Ivory Coast သမ္မတဟောင်း Laurent Gbagbo မှာ အပြစ်မရှိကြောင်း အိုင်စီစီ က ကြေညာခဲ့သလို၊ ကွန်ဂိုရဲ့ ဒုတိယသမ္မတဟောင်း Jean-Pierre Bemba ကိုလည်း အယူခံရာမှာ တရားသေ လွှတ်ခဲ့ပါတယ်။ ကင်ညာသမ္မတ Uhuru Kenyatta အပေါ် စွဲဆိုထားတာတွေကိုလည်း စွဲချက်မမြောက်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

===Unicode ====







XS
SM
MD
LG