သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ၊ အာသံပြည်နယ်ရေကြီးမှုကြောင့် ၆၂ ဦးထက်မနည်း သေဆုံး


Indian army personnel rescue flood-affected villagers on a boat in Jalimura village, west of Gauhati, India, June 18, 2022.
Indian army personnel rescue flood-affected villagers on a boat in Jalimura village, west of Gauhati, India, June 18, 2022.

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို ဝင်ရောက်တိုက်ခတ်နေတဲ့ မုတ်သုန်မိုးကြောင့် လူပေါင်း ၆ သန်းလောက် ဘေးဒုက္ခ ရောက်နေကြပြီး အခြေအနေဟာ ဒီထက် ပိုဆိုးနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အာသံပြည်နယ်အတွင်း ဒီကနေ့မှာ ရေကြီးမှုကြောင့် သေဆုံးသူ ၈ ဦး ထပ်တိုးခဲ့တာကြောင့် သီတင်းပတ်နဲ့ချီ ရွာသွန်းနေတဲ့ ဒီမုတ်သုန်မိုးကြောင့် အခုချိန်ထိ သေဆုံးသူ ၆၂ ဦးရှိသွားပြီ ဖြစ်ပါတယ်။ အိန္ဒိယအရှေ့မြောက်ဒေသက ပြည်နယ်ကြီးတခုဖြစ်တဲ့ အာသံပြည်နယ်မြို့တော် Guwahati မှာ ဒူးခေါင်းလောက်ရှိတဲ့ ရေထဲမှာ မြို့ခံတွေ သွားလာနေကြသလို၊ ကားတွေဟာလည်း ရေလျှံနေတဲ့ လမ်းမတွေပေါ်မှာ မောင်းနေကြရပါတယ်။

Guwahati မြို့ရဲ့အရှေ့မြောက်ဘက်မှာရှိတဲ့ ကျေးရွာတွေမှာ မြစ်ရေလျှံပြီး လူနေအိမ်တွေထဲ ရေတွေဝင်ကုန်တယ်လို့ ဆိုပါတယ်။ နှစ်စဉ်ရွာသွန်းနေကျ မုတ်သုံမိုးဟာ အရှေ့တောင်အာရှနိုင်ငံတွေက လယ်သမားတွေရဲ့ အသက်သွေးကြောသဖွယ်ဖြစ်သလို ပစ္စည်းဥစ္စာနဲ့ အသက်ဆုံးရှုံးမှုတွေလည်း ရှိတတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဆိုးရွားတဲ့ ရာသီဥတုဒဏ်တွေကို ကြုံတွေ့နေရတာပါ။

ဥတုရာသီ ပြောင်းလဲမှုကြောင့် ဆိုးရွားတဲ့ ဘေးဒုက္ခတွေ ပိုမိုရင်ဆိုင်ရနိုင်ခြေရှိနေတာမှာ ဘင်္ဂလားဒေ့ရှ်လို ကုန်းနိမ့်ပိုင်းနိုင်ငံတွေက ပိုပြီးခံရကိန်းရှိတယ်လို့ ဆိုပါတယ်။

===Unicode ===





XS
SM
MD
LG