သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ရေကြီးမြေပြိုမှုကြောင့် လူ ၅၀ ထက်မနည်းသေ


အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် Nagaon ခရိုင်အတွင်း ရေကြီးနေသည့် မြင်ကွင်း။
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် Nagaon ခရိုင်အတွင်း ရေကြီးနေသည့် မြင်ကွင်း။

မုတ်သုန်မိုးသည်းပြီး ရေကြီးမြေပြိုတာကြောင့် အိန္ဒိယမြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ အနည်းဆုံး လူ ၅၀ သေဆုံးသွားကြတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ပြောကြပါတယ်။ မြောက်ပိုင်းဟိမဝန္တာဒေသ HIMACHAL PRADESH ပြည်နယ်မှာ လွန်ခဲ့တဲ့ ၃ ရက်က မိုးကြီးမြေပြိုခဲ့တာကြောင့် အနည်းဆုံး လူ ၃၆ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ တောတောင်ထူတဲ့ ကပ်လျက်ပြည်နယ် UTTARAKHAND မှာလည်း လူ ၄ ယောက် သေဆုံးပြီး ၁၃ ယောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အရှေ့ပိုင်း Odisha ပြည်နယ်မှာတော့ လူ ၆ ယောက် သေဆုံးခဲ့ပြီး၊ မိုးဆက်လက် ကြီးနေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ Odisha ပြည်နယ်မှာမိုးကြီး ရေလွှမ်းတဲ့ဒဏ်ကို လူ ၈ သိန်းကျော် ခံကြရပြီး၊ လူပေါင်း ၁ သိန်း ၂ သောင်းကျော် ကို နေရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ မီးပြတ်၊ ရေပြတ်ပြီး၊လမ်းတွေ ပျက်သွားခဲ့ပါတယ်။

ဒီလအစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ ဗဟိုအစိုးရရဲ့ မိုးလေဝဿ ကြေညာချက်မှာတော့ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ပျမ်းမျှရွာသွန်းတဲ့အတိုင်း ရွာမယ်လို့ ခန့်မှန်းခဲ့တာပါ။

==== Unicode ===




XS
SM
MD
LG