အိိႏၵိယႏိုင္ငံမွာ စစ္သားစုေဆာင္းမူ အစီအစဥ္သစ္အေပၚ ဆႏၵျပမူေတြ ပိုၿပီးက်ယ္ျပန႔္ ျပင္းထန္လာေနတာမွာ ႏိုင္ငံအေရွ႕ပိုင္း ဘီဟာျပည္နယ္မွာ ဒီေန႔ ဆႏၵျပသူေတြဟာ ျပည္သူပိုင္ပစၥည္းေတြကို ဖ်က္စီးခဲ့ၾကသလို၊ မီးရထားဘူတာ႐ုံထဲက ႐ုံးခန္းေတြကိုလည္း ဝင္ေရာက္ဖ်က္ဆီးခဲ့ၾကပါတယ္။
ေထာင္နဲ႔ခ်ီတဲ့လူငယ္ေတြဟာ ရထားတြဲေတြကို တိုက္ခိုက္ဖ်က္ဆီး၊ တာရာေတြကို မီးရႈိ႕ခဲ့ၾကတဲ့အျပင္ တာဝန္ရွိသူေတြနဲ႔လည္း ပဋိပကၡ ျဖစ္ခဲ့ၾကပါတယ္။ ရဲ (၄) ဦးထက္မနည္း ထိခိုက္ဒဏ္ရာရခဲ့သလို ဆႏၵျပသူ (၁၂) ဦးထက္မနည္းကို ဖမ္းဆီးခဲ့တယ္လို႔ ဘီဟာျပည္နယ္ ရဲဌာနတာဝန္ရွိသူက ေျပာပါတယ္။
အိႏၵိယႏိုင္ငံတဝွမ္း ဗုဒၶဟူးေန႔ထဲက စတင္ေနတဲ့ ဆႏၵျပပြဲေတြအတြင္း အနည္းဆုံး လူ (၂) ဦးေသဆုံးခဲ့ပါတယ္။
အိႏၵိယမွာ ႏွစ္စစ္ စစ္သား (၄) ေသာင္း (၆) ေထာင္ေလာက္ကို စုေဆာင္းၿပီး (၄) ႏွစ္တာဝန္ထမ္းေဆာင္ၿပီးသြားရင္ (၂၅)% ကိုပဲ ေရရွည္စစ္မႈထမ္းဖို႔ ခန႔္အပ္မွာျဖစ္ၿပီး၊ က်န္တဲ့သူေတြကို အနားေပးမယ္လို႔ အစိုးရက ဗုဒၶဟူးေန႔မွာ ေၾကညာခဲ့ၿပီးေနာက္ ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့တာပါ။ (၄) ႏွစ္အၿပီး စစ္မႈထမ္းအျဖစ္ ဆက္မခန႔္သူေတြကို ေဒၚလာ (၁) ေသာင္း (၄) ေထာင္နဲ႔ ညီမွ်တဲ့ ေငြေၾကးတလုံးထဲေပးမွာ ျဖစ္ေပမဲ့ တျခား ပင္စင္ခံစားခြင့္ေတြ ရရွိမွာ မဟုတ္ပါဘူး။
ဝန္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ BJP ပါတီအစိုးရက အစိုးရဘတ္ဂ်က္ေလွ်ာ့ခ်ႏိုင္ဖို႔ ျပဳလုပ္တဲ့ အစီအစဥ္သစ္က သတ္မွတ္လစာ၊ ပင္စင္နဲ႔ တျခားအခြင့္အလမ္းေတြ ရႏိုင္တဲ့ ကာကြယ္ေရးဌာနမွာ အၿမဲတမ္းအလုပ္ရႏိုင္ဖို႔ အခြင့္အလမ္းနည္းသြားတဲ့အတြက္ ဆင္းရဲမႈကေန ထြက္ေပါက္အျဖစ္ စစ္ထဲဝင္ခ်င္ၾကတဲ့ အမ်ိဳးသားလူငယ္အမ်ားစု မေက်မနပ္ျဖစ္ ဆႏၵျပေနၾကတာျဖစ္ပါတယ္။
ဆႏၵျပပြဲေတြဟာ Uttar Pradesh ၊ Bihar ၊ Rajasthan ၊ Haryana ၊ Uttarkhand ၊ Jharkhand နဲ႔ တျခားျပည္နယ္ေတြအထိ ပ်ံ႕ႏွံ႔ျဖစ္ပြားေနပါတယ္။ ဒီျပည္နယ္အမ်ားစုမွာ ဆႏၵျပသူေတြအေနနဲ႔ အစိုးရ ႐ုံးေတြ၊ ဘတ္စကားေတြနဲ႔ ရဲကားေတြကို မီးရႈိ ႔ခဲ့ၾကၿပီး၊ လုံၿခဳံေရးတပ္ဖြဲ႕ေတြနဲ႔ အျပန္အလွန္ တိုက္ခိုက္မူေတြျဖစ္ခဲ့ကာ၊ ရထားကို မီးရႈိ ႔တဲ့ေနရာက လူငယ္တစ္ဦး ေသနတ္နဲ႔ အပစ္ခံရၿပီး မေန႔က ေသဆုံးခဲ့ရပါတယ္။
ဒီ ရထားမီးရႈိ ႔မူတြင္း ပစ္ခတ္မူက ႏိုင္ငံေတာင္ပိုင္း Telangana ျပည္နယ္မွာ ျဖစ္ခဲ့ၿပီး၊ ေနာက္ အေရွ ႔ပိုင္းျပည္နယ္ Bihar မွာလည္း မီးေလာင္ခဲ့တဲ့ ရထားထဲ မီးခိုးမႊန္ စိတ္ဖိစီးၿပီး ႏွလုံးေဖာက္ကာ၊ ရထားခရီးသည္ လူလတ္ပိုင္းတစ္ဦး ေသဆုံးခဲ့ရပါေသးတယ္။
==== Unicode =====
အိန္ဒိယနိုင်ငံမှာ စစ်သားစုဆောင်းမူ အစီအစဉ်သစ်အပေါ် ဆန္ဒပြမူတွေ ပိုပြီးကျယ်ပြန့် ပြင်းထန်လာနေတာမှာ နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ ဒီနေ့ ဆန္ဒပြသူတွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်စီးခဲ့ကြသလို၊ မီးရထားဘူတာရုံထဲက ရုံးခန်းတွေကိုလည်း ဝင်ရောက်ဖျက်ဆီးခဲ့ကြပါတယ်။
ထောင်နဲ့ချီတဲ့လူငယ်တွေဟာ ရထားတွဲတွေကို တိုက်ခိုက်ဖျက်ဆီး၊ တာရာတွေကို မီးရှို့ခဲ့ကြတဲ့အပြင် တာဝန်ရှိသူတွေနဲ့လည်း ပဋိပက္ခ ဖြစ်ခဲ့ကြပါတယ်။ ရဲ (၄) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို ဆန္ဒပြသူ (၁၂) ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဘီဟာပြည်နယ် ရဲဌာနတာဝန်ရှိသူက ပြောပါတယ်။
အိန္ဒိယနိုင်ငံတဝှမ်း ဗုဒ္ဓဟူးနေ့ထဲက စတင်နေတဲ့ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ (၂) ဦးသေဆုံးခဲ့ပါတယ်။
အိန္ဒိယမှာ နှစ်စစ် စစ်သား (၄) သောင်း (၆) ထောင်လောက်ကို စုဆောင်းပြီး (၄) နှစ်တာဝန်ထမ်းဆောင်ပြီးသွားရင် (၂၅)% ကိုပဲ ရေရှည်စစ်မှုထမ်းဖို့ ခန့်အပ်မှာဖြစ်ပြီး၊ ကျန်တဲ့သူတွေကို အနားပေးမယ်လို့ အစိုးရက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပြီးနောက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။ (၄) နှစ်အပြီး စစ်မှုထမ်းအဖြစ် ဆက်မခန့်သူတွေကို ဒေါ်လာ (၁) သောင်း (၄) ထောင်နဲ့ ညီမျှတဲ့ ငွေကြေးတလုံးထဲပေးမှာ ဖြစ်ပေမဲ့ တခြား ပင်စင်ခံစားခွင့်တွေ ရရှိမှာ မဟုတ်ပါဘူး။
ဝန်ကြီးချုပ် Narendra Modi ရဲ့ BJP ပါတီအစိုးရက အစိုးရဘတ်ဂျက်လျှော့ချနိုင်ဖို့ ပြုလုပ်တဲ့ အစီအစဉ်သစ်က သတ်မှတ်လစာ၊ ပင်စင်နဲ့ တခြားအခွင့်အလမ်းတွေ ရနိုင်တဲ့ ကာကွယ်ရေးဌာနမှာ အမြဲတမ်းအလုပ်ရနိုင်ဖို့ အခွင့်အလမ်းနည်းသွားတဲ့အတွက် ဆင်းရဲမှုကနေ ထွက်ပေါက်အဖြစ် စစ်ထဲဝင်ချင်ကြတဲ့ အမျိုးသားလူငယ်အများစု မကျေမနပ်ဖြစ် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲတွေဟာ Uttar Pradesh ၊ Bihar ၊ Rajasthan ၊ Haryana ၊ Uttarkhand ၊ Jharkhand နဲ့ တခြားပြည်နယ်တွေအထိ ပျံ့နှံ့ဖြစ်ပွားနေပါတယ်။ ဒီပြည်နယ်အများစုမှာ ဆန္ဒပြသူတွေအနေနဲ့ အစိုးရ ရုံးတွေ၊ ဘတ်စကားတွေနဲ့ ရဲကားတွေကို မီးရှို့ခဲ့ကြပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် တိုက်ခိုက်မူတွေဖြစ်ခဲ့ကာ၊ ရထားကို မီးရှို့တဲ့နေရာက လူငယ်တစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး မနေ့က သေဆုံးခဲ့ရပါတယ်။
ဒီ ရထားမီးရှို့မူတွင်း ပစ်ခတ်မူက နိုင်ငံတောင်ပိုင်း Telangana ပြည်နယ်မှာ ဖြစ်ခဲ့ပြီး၊ နောက် အရှေ့ပိုင်းပြည်နယ် Bihar မှာလည်း မီးလောင်ခဲ့တဲ့ ရထားထဲ မီးခိုးမွှန် စိတ်ဖိစီးပြီး နှလုံးဖောက်ကာ၊ ရထားခရီးသည် လူလတ်ပိုင်းတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။