သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ဒီမိုကေရစီအေရး ကူညီဖို႔ ဂ်ပန္လႊတ္ေတာ္အမတ္ေတြ ဦးေဆာင္တဲ့အဖြဲ႔တည္ေထာင္


Japan Myanmar Protest

ဒုကၡႀကဳံေနရတဲ့ ျမန္မာျပည္သူေတြကို ကူညီဖို႔နဲ႔ ဒီမိုကေရစီလမ္းေၾကာင္းေပၚကို ျမန္မာႏိုင္ငံ ျပန္လည္ေရာက္ရွိေရးအတြက္ ဂ်ပန္အင္န္ဂ်ီအို အဖြဲ႔အစည္းအသစ္တစ္ဖြဲ႕ဟာ ရံပုံေငြ ရွာေဖြေရး လႈပ္ရွားမႈတစ္ရပ္အျဖစ္ ဇြန္လ ၁၅ ရက္ေန႔က သတင္းစာရွင္းလင္းပြဲတစ္ရပ္ကို က်င္းပခဲ့ေၾကာင္း ဂ်ပန္ႏိုင္ငံ အေျခစိုက္ Mainichi သတင္းစာက ဆိုပါတယ္။

ျမန္မာႏိုင္ငံတကာ ေထာက္ကူေရအဖြဲ႔လို႔ အဓိပၸါယ္ရတဲ့ Myanmar International Assistance Organization (MIAO) အဖြဲ႔အသစ္ကို ဖြဲ႔စည္းလိုက္ၾကျဖစ္ၿပီး၊ ဒီအဖြဲ႔မွာ ပါတီေပါင္းစုံ က လႊတ္ေတာ္အမတ္ေတြနဲ႔ တျခားသူေတြ ပါဝင္ၾကပါတယ္။ အစားအေသာက္နဲ႔ ေဆးဝါးေတြအပါအဝင္၊ လိုအပ္တဲ့ အကူအညီေတြကိုေပးဖို႔ ေဒသခံအဖြဲ႔အစည္းေတြနဲ႔အတူ အလုပ္လုပ္သြားမယ့္အျပင္ နယ္စပ္ျဖတ္ေက်ာ္ အကူအညီေတြေပးဖို႔လည္း ရည္႐ြယ္ထားတယ္လို႔ ေျပာပါတယ္။ ဂ်ပန္အစိုးရ ေပးေနတဲ့ အကူအညီေတြ လိုရာကို တကယ္အမွန္အတိုင္း ေရာက္မေရာက္ကိုလည္း ေစာင့္ၾကည္မွာ ျဖစ္ပါတယ္။

ဇြန္လမွာ စတင္ ေၾကညာလိုက္တဲ့ ဒီအဖြဲ႔ဟာ ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG) ကို ဂ်ပန္အစိုးရက အသိအမွတ္ျပဳေရးအတြက္လည္း ေဆာ္ၾသစည္း႐ုံးသြားမယ္လို႔ ဆိုပါတယ္။ ဒီသတင္းစာ ရွင္းလင္းပြဲကို ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe ရဲ႕ ဇနီး Akie Abe လည္း တက္ေရာက္ခဲ့ပါတယ္။ NUG အစိုးရရဲ႕ ဂ်ပန္ႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္ Saw Ba Hla Thein ကလည္း သတင္းစာရွင္းလင္းပြဲကို တက္ေရာက္ခဲ့ၿပီး၊ ဒီအဖြဲ႔ဟာ NUG ကို အသိအမွတ္ျပဳေရးအတြက္ ေပါင္းကူးတံတား ျဖစ္ပါတယ္လို႔ ေျပာပါတယ္။

ဂ်ပန္အစိုးရက အကူအညီေပးလိုက္တဲ့ ဆန္အိတ္တစ္ဝက္ဟာ ဆန္ကြဲေတြ ျဖစ္ေနေၾကာင္း မဂၢဇင္းတစ္ခုက ေဖာ္ျပခဲ့တာကို ကိုးကားၿပီး၊ ဂ်ပန္အစိုးရ အကူအညီေပးတာေတြကို ေစာင့္ၾကည့္တဲ့ လုပ္ငန္းကိုလုပ္ဖို႔ လိုအပ္ေနတယ္လို႔ အဖြဲ႔ရဲ႕ အလုပ္အမႈေဆာင္အရာရွိ (CEO) Yutaka Nagasugi က ဆိုပါတယ္။

ေျမျပင္မွာျဖစ္ေနတဲ့ ပကတိျဖစ္ရပ္ေတြကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို တင္ျပပါမယ္လို႔ အဖြဲ႔ရဲ႕ ၫႊန္ၾကားေရးမႉးတစ္ဦးျဖစ္သူ Ichiro Aisawa ကလည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံ ဒီမိုကေရစီအေျပာင္းအလဲကို ေထာက္ခံတဲ့ ဂ်ပန္လႊတ္ေတာ္အုပ္စုရဲ႕ အလုပ္အမႈေဆာင္အရာရွိအျဖစ္ ေဆာင္႐ြက္သူ Michihiro Ishibashi ကလည္း MIAO အဖြဲ႔ရဲ႕ ၫႊန္ၾကားေရးမႉးတစ္ဦးအျဖစ္ ေဆာင္႐ြက္မွာ ျဖစ္ပါတယ္။

====Unicode ====

ဒုက္ခကြုံနေရတဲ့ မြန်မာပြည်သူတွေကို ကူညီဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးအတွက် ဂျပန်အင်န်ဂျီအို အဖွဲ့အစည်းအသစ်တစ်ဖွဲ့ဟာ ရံပုံငွေ ရှာဖွေရေး လှုပ်ရှားမှုတစ်ရပ်အဖြစ် ဇွန်လ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် Mainichi သတင်းစာက ဆိုပါတယ်။

မြန်မာနိုင်ငံတကာ ထောက်ကူရေအဖွဲ့လို့ အဓိပ္ပါယ်ရတဲ့ Myanmar International Assistance Organization (MIAO) အဖွဲ့အသစ်ကို ဖွဲ့စည်းလိုက်ကြဖြစ်ပြီး၊ ဒီအဖွဲ့မှာ ပါတီပေါင်းစုံ က လွှတ်တော်အမတ်တွေနဲ့ တခြားသူတွေ ပါဝင်ကြပါတယ်။ အစားအသောက်နဲ့ ဆေးဝါးတွေအပါအဝင်၊ လိုအပ်တဲ့ အကူအညီတွေကိုပေးဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့အတူ အလုပ်လုပ်သွားမယ့်အပြင် နယ်စပ်ဖြတ်ကျော် အကူအညီတွေပေးဖို့လည်း ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ ဂျပန်အစိုးရ ပေးနေတဲ့ အကူအညီတွေ လိုရာကို တကယ်အမှန်အတိုင်း ရောက်မရောက်ကိုလည်း စောင့်ကြည်မှာ ဖြစ်ပါတယ်။

ဇွန်လမှာ စတင် ကြေညာလိုက်တဲ့ ဒီအဖွဲ့ဟာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဂျပန်အစိုးရက အသိအမှတ်ပြုရေးအတွက်လည်း ဆော်သြစည်းရုံးသွားမယ်လို့ ဆိုပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲကို ဝန်ကြီးချုပ်ဟောင်း Shinzo Abe ရဲ့ ဇနီး Akie Abe လည်း တက်ရောက်ခဲ့ပါတယ်။ NUG အစိုးရရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Saw Ba Hla Thein ကလည်း သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ပြီး၊ ဒီအဖွဲ့ဟာ NUG ကို အသိအမှတ်ပြုရေးအတွက် ပေါင်းကူးတံတား ဖြစ်ပါတယ်လို့ ပြောပါတယ်။

ဂျပန်အစိုးရက အကူအညီပေးလိုက်တဲ့ ဆန်အိတ်တစ်ဝက်ဟာ ဆန်ကွဲတွေ ဖြစ်နေကြောင်း မဂ္ဂဇင်းတစ်ခုက ဖော်ပြခဲ့တာကို ကိုးကားပြီး၊ ဂျပန်အစိုးရ အကူအညီပေးတာတွေကို စောင့်ကြည့်တဲ့ လုပ်ငန်းကိုလုပ်ဖို့ လိုအပ်နေတယ်လို့ အဖွဲ့ရဲ့ အလုပ်အမှုဆောင်အရာရှိ (CEO) Yutaka Nagasugi က ဆိုပါတယ်။

မြေပြင်မှာဖြစ်နေတဲ့ ပကတိဖြစ်ရပ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြပါမယ်လို့ အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ Ichiro Aisawa ကလည်း ပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲကို ထောက်ခံတဲ့ ဂျပန်လွှတ်တော်အုပ်စုရဲ့ အလုပ်အမှုဆောင်အရာရှိအဖြစ် ဆောင်ရွက်သူ Michihiro Ishibashi ကလည်း MIAO အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးတစ်ဦးအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG