သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္နဲ႔ ဂ်ပန္တို႔မွာ အင္အားျပင္း Hinnamnor တိုင္ဖုန္း တိုက္ခတ္ေန


Asia Typhoon

တ႐ုတ္နဲ႔ ဂ်ပန္ႏိုင္ငံတို႔ကို ဝင္ေရာက္တိုက္ခတ္ေနတဲ့ တိုင္ဖုန္းမုန္တိုင္း Hinnamnor ေၾကာင့္ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္းမွာ ကူးတို႔လုပ္ငန္းေတြ ရပ္ဆိုင္းထားရၿပီး ဂ်ပန္ႏိုင္ငံမွာလည္း စာသင္ေက်ာင္းေတြပိတ္၊ ေလေၾကာင္းလိုင္းေတြ ရပ္ဆိုင္းလိုက္ရပါတယ္။ အခုႏွစ္အတြက္ အင္အားအျပင္းထန္ဆုံး ဒီမုန္တိုင္းဟာ ထိုင္ဝမ္ကြၽန္းနဲ႔ ကိုရီးယားႏိုင္ငံေတြမွာ ေလျပင္းတိုက္ခတ္ၿပီး မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ပါတယ္။

ရွန္ဟိုင္းၿမိဳ႕မွာ ရဲတပ္ဖြဲ႔ဝင္ ၅ ေသာင္းခ်ထားၿပီး၊ ကယ္ဆယ္ေရးလုပ္ငန္းေတြနဲ႔ အမ်ားျပည္သူေတြ အႏၲရာယ္ရွိတဲ့ေနရာေတြ မသြားႏိုင္ေအာင္ ေဆာင္႐ြက္ေပးေနတယ္လို႔ ဆိုပါတယ္။ ႏိုင္ငံအေရွ႕ပိုင္းက စီးပြားေရးၿမိဳ႕ေတာ္တခုျဖစ္တဲ့ Wenzhou မွာလည္း စာသင္ေက်ာင္းေတြကို ပိတ္ထားပါတယ္။

မုန္တိုင္း Hinnamnor ဟာ ေလတိုက္ႏႈန္း တနာရီ (၁၇၅) ကီလိုမီတာႏႈန္းနဲ႔ အေရွ႕တ႐ုတ္ပင္လယ္ဘက္ကို ဦးတည္ တိုက္ခတ္ေနတယ္လို႔ ေဟာင္ေကာင္အေျခစိုက္ ေစာင့္ၾကည့္ ေလ့လာေရးဌာနက ေျပာပါတယ္။

မုန္တိုင္းအရွိန္ေၾကာင့္ ဂ်ပန္ႏိုင္ငံေတာင္ပိုင္း အိုကီနာဝါကြၽန္းမွာ ေလယာဥ္ခရီးစဥ္ေတြ ဖ်က္သိမ္းဖို႔ အမိန႔္ထုတ္ျပန္ထားပါတယ္။ အိုကီနာဝါကြၽန္းမွာ မုန္တိုင္းဒဏ္ေၾကာင့္ သစ္ပင္ေတြ ယိမ္းထိုးေနတာနဲ႔ မိုးစက္ႀကီးေတြ လမ္းေဘးပလက္ေဖာင္းေပၚကို က်ေနတဲ့႐ုပ္ပုံေတြ NHK သတင္းမွာ ျပသေနပါတယ္။

ဒီမုန္တိုင္းဟာ ကိုရီးယားကြၽန္းဆြယ္မွာလည္း မိုးသည္းထန္စြာ ႐ြာသြန္းႏိုင္တာေၾကာင့္ ေရႀကီးမႈ သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

ထိုင္ဝမ္ကြၽန္းမွာေတာ့ မုန္တိုင္းေၾကာင့္ ခ႐ိုင္ ၃ ခုက ေဒသခံ ၆၀၀ ကို ေဘးကင္းရာ ေ႐ႊ႕ေျပာင္းေပးခဲ့ရပါတယ္။

=== Unicode ====

တရုတ်နဲ့ ဂျပန်နိုင်ငံတို့ကို ဝင်ရောက်တိုက်ခတ်နေတဲ့ တိုင်ဖုန်းမုန်တိုင်း Hinnamnor ကြောင့် တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ကူးတို့လုပ်ငန်းတွေ ရပ်ဆိုင်းထားရပြီး ဂျပန်နိုင်ငံမှာလည်း စာသင်ကျောင်းတွေပိတ်၊ လေကြောင်းလိုင်းတွေ ရပ်ဆိုင်းလိုက်ရပါတယ်။ အခုနှစ်အတွက် အင်အားအပြင်းထန်ဆုံး ဒီမုန်တိုင်းဟာ ထိုင်ဝမ်ကျွန်းနဲ့ ကိုရီးယားနိုင်ငံတွေမှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။

ရှန်ဟိုင်းမြို့မှာ ရဲတပ်ဖွဲ့ဝင် ၅ သောင်းချထားပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အများပြည်သူတွေ အန္တရာယ်ရှိတဲ့နေရာတွေ မသွားနိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ နိုင်ငံအရှေ့ပိုင်းက စီးပွားရေးမြို့တော်တခုဖြစ်တဲ့ Wenzhou မှာလည်း စာသင်ကျောင်းတွေကို ပိတ်ထားပါတယ်။

မုန်တိုင်း Hinnamnor ဟာ လေတိုက်နှုန်း တနာရီ (၁၇၅) ကီလိုမီတာနှုန်းနဲ့ အရှေ့တရုတ်ပင်လယ်ဘက်ကို ဦးတည် တိုက်ခတ်နေတယ်လို့ ဟောင်ကောင်အခြေစိုက် စောင့်ကြည့် လေ့လာရေးဌာနက ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းမှာ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ အိုကီနာဝါကျွန်းမှာ မုန်တိုင်းဒဏ်ကြောင့် သစ်ပင်တွေ ယိမ်းထိုးနေတာနဲ့ မိုးစက်ကြီးတွေ လမ်းဘေးပလက်ဖောင်းပေါ်ကို ကျနေတဲ့ရုပ်ပုံတွေ NHK သတင်းမှာ ပြသနေပါတယ်။

ဒီမုန်တိုင်းဟာ ကိုရီးယားကျွန်းဆွယ်မှာလည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တာကြောင့် ရေကြီးမှု သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ထိုင်ဝမ်ကျွန်းမှာတော့ မုန်တိုင်းကြောင့် ခရိုင် ၃ ခုက ဒေသခံ ၆၀၀ ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

XS
SM
MD
LG