သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မည် (ဂျပန်နိုင်ငံခြားရေးဝန်ကြီး)


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ သြဂုတ်လ ၆ ရက်နေ့က တွေ့ဆုံစဉ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ သြဂုတ်လ ၆ ရက်နေ့က တွေ့ဆုံစဉ်။

စစ်တပ်က အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေ တိုးတက်ကောင်းမွန်လာရေး အာဆီယံအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကို ဂျပန်အစိုးရက ပံ့ပိုးပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Hayashi ဟာ ဝန်ကြီးချုပ်နဲ့ ဟွန်ဆန်နဲ့ ဖနွမ်းပင်မြို့တော်မှာ တွေ့ဆုံခဲ့တာပါ။

စစ်ကောင်စီက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်တဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ဂျပန်အစိုးရအနေနဲ့ အထူးပဲ စိုးရိမ်ပူပန်မိတယ်ဆိုတာကို ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ ဖနွမ်းပင်မြို့မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ကန့်သတ်ချက်မရှိ ကူညီထောက်ပံ့မှုတွေကို ကျေးဇူးတင်ကြောင်း ပြောကြားတဲ့တချိန်ထဲမှာပဲ မြန်မာနိုင်ငံက ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ အခြေအနေတွေ တိုးတက်ပြောင်းလဲလာအောင် ဂျပန်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ်ဟွန်ဆန်က ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက အကြမ်းဖက် နှိပ်ကွပ်နေချိန်မှာပဲ မြန်မာ့အရေး ပြေလည်နိုင်ဖို့ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယား ကြိုးစားဆောင်ရွက်နေတာပါ။ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sakhonn ဟာ စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ အခုနှစ်အတွင်း မြန်မာနိုင်ငံကို နှစ်ကြိမ်သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်သူလူထုက ရွေးကောက်တင်မြောက်ထားပြီး မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့ မနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။

=== Unicode ===






XS
SM
MD
LG