သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ဘုရားဖူးတွေတင်လာတဲ့ ထွန်စက်မှောက်ပြီး ၂၆ ဦးသေ


အိန္ဒိယဟိန္ဒူဘုရားဖူးများ
အိန္ဒိယဟိန္ဒူဘုရားဖူးများ

အိန္ဒိယနိုင်ငံမှာ ဘုရားဖူးခရီးသည်တွေ လိုက်ပါလာတဲ့ ထွန်စက်နောက်တွဲ တိမ်းမှောက်ပြီး၊ ရေကန်ထဲ ကျသွားတာကြောင့် လူ ၂၆ ယောက် သေဆုံး၊ ၁၆ ယောက် ဒဏ်ရာရသွားခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ပြောပါတယ်။ နောက်တွဲပေါ်မှာ လူ ၅၀ လောက် တင်လာပြီး၊ အများစုက အမျိုးသမီးတွေနဲ့ က‌လေးတွေ ဖြစ်ကြတယ်လို့ ဒေသခံအရာရှိတစ်ဦးဖြစ်တဲ့ Sudheer Kumar က ပြောပါတယ်။ အိန္ဒိယ မြောက်ပိုင်း Uttar Pradesh ပြည်နယ်က Kanpur မှာ အခုလို မတော်တဆဖြစ်ရပ်က စနေနေ့မှာ ဖြစ်ခဲ့တာပါ။ ဟိန္ဒူဘုရားကျောင်းက အပြန်မှာ အခုလို တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒရာ မိုဒီက အခုဖြစ်ရပ်အတွက် ဝမ်းနည်းကြေကွဲမိကြောင်း တွစ်တာ လူမှုစာမျက်နှာမှာ ရေးပါတယ်။ အခုလို နောက်တွဲတွေက လူတင်ဖို့ မဟုတ်ဘဲ၊ လယ်ယာထွက်ကုန်ပစ္စည်းတွေ တင်ဖို့သာ ဖြစ်တယ်လို့ Uttar Pradesh ပြည်နယ် ဝန်ကြီးချုပ် Yogi Adityanath က ဆိုကြောင်း The Hindu သတင်းစာက ပြောပါတယ်။

ယာဉ်မတော်တဆ ဖြစ်မှုတွေက အိန္ဒိယမှာ မကြာခဏ ဖြစ်လေ့ရှိပြီး မနှစ်က လူ ၁ သိန်းခွဲကျော် သေဆုံးခဲ့တယ်လို့ တရားဝင်စာရင်းတွေက ဆိုပါတယ်။ တကယ်သေဆုံးတာက တရားဝင်စာရင်းထက် များနိုင်ပါတယ်လို့ လူတွေကတော့ ထင်မြင်ကြပါတယ်။

==== Unicode ===




XS
SM
MD
LG