သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်နဲ့ သားမက် နေအိမ်မှာ ပစ်သတ်ခံရ


စစ်တပ်အခမ်းအနားတွင် တွေ့ရသည့် ဦးအုန်းသွင် (ဓာတ်ပုံ - Inya Urban Force-IUF)
စစ်တပ်အခမ်းအနားတွင် တွေ့ရသည့် ဦးအုန်းသွင် (ဓာတ်ပုံ - Inya Urban Force-IUF)

မြန်မာစစ်ဗိုလ်ချုပ်ဟောင်း အုန်းသွင်နဲ့ သားမက်ဖြစ်သူ တို့ ရန်ကုန် နေအိမ်မှာ ပစ်သတ်ခံခဲ့ရတဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပါတယ်။

သံအမတ်ကြီးဟောင်းလည်း ဖြစ်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်ကို လှိုင်မြို့နယ်က အိမ်မှာ ဒီနေ့ နေ့လည် ၃ နာရီခန့်မှာ အခုလို ဝင်ပစ်ခဲ့တာလို့ မြို့ပြ ပြောက်ကျားတပ်ဖွဲ့တခုဖြစ်တဲ့ Inya Urban Force က ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ဦးအုန်းသွင်ဟာ စစ်တပ် ထောက်တိုင်ဖြစ်တာမို့ လှိုင်မြို့နယ် ၁၂ ရပ်ကွက်က အောင်ဓမ္မရိပ်သာလမ်း သူ့နေအိမ်မှာ အခုလို ဝင်ပစ်ခဲ့တာလို့ မြို့ပြ ပြောက်ကျားအဖွဲ့ဝင် တဦးကလည်း ဗွီအိုအေကို ပြောပါတယ်။

လုံခြုံရေး တင်းကျပ်တဲ့နေရာက အဆင့်မြင့် စစ်တပ်အရာရှိဟောင်းကို ပထမဆုံး ရှင်းလင်းနိုင်ခဲ့ပြီး သားမက်ဖြစ်သူ အငြိမ်းစားဗိုလ်ကြီး ရဲတေဇ ကတော့ ပြန်ခုခံလို့သာ မရည်ရွယ်ဘဲ တခါတည်း ရှင်းခဲ့တာဖြစ်တဲ့အကြောင်းနဲ့ ဗိုလ်ချုပ်ဟောင်း အိမ်ထဲမှာ တခြားမိသားစုဝင်တွေ အများကြီး ရှိခဲ့ပေမဲ့ ဘာမှမလုပ်ခဲ့ဘူးလို့လည်း မြို့ပြ ပြောက်ကျားအဖွဲ့ဝင်က ပြောပါတယ်။

ဗိုလ်ချုပ်ဟောင်း အုန်းသွင်ဟာ စစ်အာဏာမသိမ်းခင် တနှစ်ခန့်က ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ အာဏာသိမ်းစရာမလိုဘဲ အာဏာထိန်းလို့ရကြောင်း စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်ထံ စာတမ်းရေး ပို့ခဲ့တယ်လို့ မြို့ပြ ပြောက်ကျားအဖွဲ့ရဲ့ ဒီနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်ဟောင်းအုန်းသွင်ဟာ DSA စစ်တက္ကသိုလ် အပတ်စဉ် (၁၅) ဆင်း ဗိုလ်ချုပ် ဗိုလ်မူးချုပ်ဘဝနဲ့ အငြိမ်းစားယူခဲ့ပြီး သိရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်နဲ့ တောင်အာဖရိက သံအမတ် တာဝန်ယူခဲ့တယ်လို့ မြို့ပြ ပြောက်ကျားအဖွဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

=== Unicode ===







XS
SM
MD
LG