သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မင္းသမီး ဒိုင္ယာနာကား ေဒၚလာ ခုႏွစ္သိန္းခြဲေက်ာ္နဲ႔ ေလလံတင္ေရာင္းခ်


A 1985 Ford Escort RS Turbo S1 car formerly driven by the late Princess Diana, offered for sale via Silverstone Auctions on August 27, 2022, is seen in this undated handout photo taken in an unknown location. (Silverstone Auctions /Handout via REUTERS)

ကြယ္လြန္သူ ၿဗိတိသွ်ေတာ္ဝင္မင္းသမီး ဒိုင္ယာနာစီးခဲ့တဲ့ Ford Escort ကားကို ၿဗိတိန္ႏိုင္ငံမွာ မေန႔ ၾသဂုတ္လ ၂၇ ရက္၊ စေနေန႔က ေလလံတင္ေရာင္းခ်တာမွာ ေပါင္စတာလင္ ၆ သိန္းခြဲ ရရွိခဲ့ပါတယ္။

၁၉၈၅ ခုႏွစ္ထုတ္ Ford Escort RS Turbo S1 ကားဟာ အခု ေလလံတင္ေရာင္းခ်တဲ့အခ်ိန္မွာ မိုင္ ၂ ေသာင္းခြဲ နီးပါးသာ ေမာင္းရေသးၿပီး ဒီကားဟာ အင္မတန္ ေကာင္းမြန္တဲ့ကားျဖစ္ေၾကာင္း အဂၤလန္ႏိုင္ငံ၊ Northamptonshire မွာရွိတဲ့ ကားၿပိဳင္ကြင္းမွာ ေလလံတင္ ေရာင္းခ်တဲ့အခမ္းအနားမွာ ေလလံတင္သူက ခ်ီးမြမ္း ေျပာၾကားခဲ့ပါတယ္။

ကြယ္လြန္သူ မင္းသမီး ဒိုင္ယာနာ ေနာက္ဆုံး ပိုင္ဆိုင္ခဲ့တဲ့ သမိုင္းဝင္ ဒီကားကို ေလလံေအာင္ႏိုင္ဖို႔ UAE ႏိုင္ငံ၊ ဒူဘိုင္းၿမိဳ႕လူေတြအပါအဝင္ ၿဗိတိန္က တခ်ိဳ႕လည္း ႀကိဳးစားခဲ့ၾကတယ္လို႔ ဆိုပါတယ္။

အဂၤလန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း၊ Cheshire ၿမိဳ႕၊ Alderly Edge ႐ြာသားက အေမရိကန္ေဒၚလာ ၇ သိန္း၊ ၆ ေသာင္း၊ ၄ ေထာင္နဲ႔ညီမွ်တဲ့ ေပါင္စတာလင္ ၆ သိန္းခြဲနဲ႔ ေလလံေအာင္သြားခဲ့တယ္လို႔ ဆိုပါတယ္။

ဒီကားကိုေတာ့ ပုဂၢလိက ပိုင္ရွင္တဦးက ေလလံပစ္ခဲ့တာ ျဖစ္ပါတယ္။

==== Unicode ===

ကွယ်လွန်သူ ဗြိတိသျှတော်ဝင်မင်းသမီး ဒိုင်ယာနာစီးခဲ့တဲ့ Ford Escort ကားကို ဗြိတိန်နိုင်ငံမှာ မနေ့ သြဂုတ်လ ၂၇ ရက်၊ စနေနေ့က လေလံတင်ရောင်းချတာမှာ ပေါင်စတာလင် ၆ သိန်းခွဲ ရရှိခဲ့ပါတယ်။

၁၉၈၅ ခုနှစ်ထုတ် Ford Escort RS Turbo S1 ကားဟာ အခု လေလံတင်ရောင်းချတဲ့အချိန်မှာ မိုင် ၂ သောင်းခွဲ နီးပါးသာ မောင်းရသေးပြီး ဒီကားဟာ အင်မတန် ကောင်းမွန်တဲ့ကားဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ၊ Northamptonshire မှာရှိတဲ့ ကားပြိုင်ကွင်းမှာ လေလံတင် ရောင်းချတဲ့အခမ်းအနားမှာ လေလံတင်သူက ချီးမွမ်း ပြောကြားခဲ့ပါတယ်။

ကွယ်လွန်သူ မင်းသမီး ဒိုင်ယာနာ နောက်ဆုံး ပိုင်ဆိုင်ခဲ့တဲ့ သမိုင်းဝင် ဒီကားကို လေလံအောင်နိုင်ဖို့ UAE နိုင်ငံ၊ ဒူဘိုင်းမြို့လူတွေအပါအဝင် ဗြိတိန်က တချို့လည်း ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။

အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း၊ Cheshire မြို့၊ Alderly Edge ရွာသားက အမေရိကန်ဒေါ်လာ ၇ သိန်း၊ ၆ သောင်း၊ ၄ ထောင်နဲ့ညီမျှတဲ့ ပေါင်စတာလင် ၆ သိန်းခွဲနဲ့ လေလံအောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီကားကိုတော့ ပုဂ္ဂလိက ပိုင်ရှင်တဦးက လေလံပစ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG