သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားေရာက္ ျမန္မာဒုကၡသည္ေတြအတြက္ အသက္ေမြးဝမ္းေက်ာင္းပညာ သင္ၾကားေပးမည္


မေလးရွားတြင္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏိုင္ငံသားမ်ား။ (မွတ္တမ္းဓါတ္ပုံ)

ျမန္မာႏိုင္ငံက ေရာက္ေနၾကတဲ့ ဒုကၡသည္ေတြကို အသက္ေမြးဝမ္းေက်ာင္းပညာ သင္ၾကားေပးတဲ့ေနရာမွာ မေလးရွားအစိုးရရဲ႕ ရံပုံေငြကို အသုံးမျပဳဘဲ ႏိုင္ငံျခားက ကူညီေထာက္ပံ့တဲ့ေငြေတြကို သုံးစြဲသြားမယ္လို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က ဒီကေန႔ ေျပာပါတယ္။

ဒုကၡသည္ေတြအေနနဲ႔ လိုအပ္တဲ့ အတတ္ပညာေတြ တတ္ကြၽမ္းထားျခင္း မရွိတာေၾကာင့္ ႏိုင္ငံအတြင္းက လုပ္ငန္းခြင္ေတြမွာ ဝင္ေရာက္အလုပ္လုပ္ႏိုင္ျခင္း မရွိၾကေသးဘူးလို႔လည္း ဝန္ႀကီး Saifuddin Abdullah က ေျပာပါတယ္။

လက္ရွိမွာ စားေသာက္ဆိုင္၊ စက္႐ုံ အလုပ္႐ုံနဲ႔ ေဆာက္လုပ္ေရး လုပ္ငန္းေတြမွာ အလုပ္သမားလိုအပ္မႈေတြ ရွိေနေပမယ့္ ဒုကၡသည္ေတြက လိုအပ္တဲ့ အရည္အခ်င္းေတြ မျပည့္မွီတာေၾကာင့္ အလုပ္ရွင္ေတြက အလုပ္ခန႔္လိုစိတ္ မရွိၾကဘူးလို႔ သူကေျပာပါတယ္။

ဒါေၾကာင့္ အလုပ္လုပ္ခ်င္တဲ့သူေတြကို အသက္ေမြးဝမ္းေက်ာင္းပညာေတြ သင္ၾကားပို႔ခ်ေပးဖို႔ စီစဥ္ေနေၾကာင္း၊ ဒါေပမဲ့ အဲဒီလို ပို႔ခ်တဲ့ေနရာမွာ မေလးရွားအစိုးရရဲ႕ ရံပုံေငြကို အသုံးမျပဳဘဲ ႏိုင္ငံျခားေရးဝန္ႀကီးတဦးအေနနဲ႔ သူ႔ဘက္က ႏိုင္ငံျခားအစိုးရေတြနဲ႔ NGO အဖြဲ႕အစည္းေတြထံက အလွဴေငြေကာက္ခံၿပီးရတဲ့ေငြနဲ႔ သင္ၾကားေပးဖို႔ စီစဥ္ေနေၾကာင္း ဝန္ႀကီး Saifuddin Abdullah က ေျပာပါတယ္။

၂၀၂၂ ခုႏွစ္ လူငယ္မ်ားေန႔ အထိမ္းအမွတ္အျဖစ္ က်င္းပတဲ့ အနာဂတ္အတြက္ လူငယ္မဲဆႏၵရွင္မ်ား ညီလာခံမွာ ဝန္ႀကီး Saifuddin Abdullah အဲဒီလို ေျပာၾကားခဲ့တာပါ။

အခုခ်ိန္ထိ ကာတာႏိုင္ငံက ေဒၚလာ သန္း ၅၀ လွဴဒါန္းၿပီးျဖစ္ေၾကာင္းနဲ႔ အဲဒီေငြေတြထဲက ေဒၚလာ ၆ သန္းကို ဒုကၡသည္ေတြရဲ႕ က်န္းမာေရးဆိုင္ရာ ကိစၥရပ္ေတြမွာ သုံးစြဲခဲ့ၿပီးျဖစ္ေၾကာင္းလည္း ဝန္ႀကီး Saifuddin Abdullah က ေျပာၾကားခဲ့ပါတယ္။

===Unicode ====

မြန်မာနိုင်ငံက ရောက်နေကြတဲ့ ဒုက္ခသည်တွေကို အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးတဲ့နေရာမှာ မလေးရှားအစိုးရရဲ့ ရံပုံငွေကို အသုံးမပြုဘဲ နိုင်ငံခြား က ကူညီထောက်ပံ့တဲ့ငွေတွေကို သုံးစွဲသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဒီကနေ့ ပြောပါတယ်။

ဒုက္ခသည်တွေအနေနဲ့ လိုအပ်တဲ့ အတတ်ပညာတွေ တတ်ကျွမ်းထားခြင်း မရှိတာကြောင့် နိုင်ငံအတွင်းက လုပ်ငန်းခွင်တွေမှာ ဝင်ရောက်အလုပ်လုပ်နိုင်ခြင်း မရှိကြသေးဘူးလို့လည်း ဝန်ကြီး Saifuddin Abdullah က ပြောပါတယ်။

လက်ရှိမှာ စားသောက်ဆိုင်၊ စက်ရုံ အလုပ်ရုံနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်သမားလိုအပ်မှုတွေ ရှိနေပေမယ့် ဒုက္ခသည်တွေက လိုအပ်တဲ့ အရည်အချင်းတွေ မပြည့်မှီတာကြောင့် အလုပ်ရှင်တွေက အလုပ်ခန့်လိုစိတ် မရှိကြဘူးလို့ သူကပြောပါတယ်။

ဒါကြောင့် အလုပ်လုပ်ချင်တဲ့သူတွေကို အသက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားပို့ချပေးဖို့ စီစဉ်နေကြောင်း၊ ဒါပေမဲ့ အဲဒီလို ပို့ချတဲ့နေရာမှာ မလေးရှားအစိုးရရဲ့ ရံပုံငွေကို အသုံးမပြုဘဲ နိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ သူ့ဘက်က နိုင်ငံခြားအစိုးရတွေနဲ့ NGO အဖွဲ့အစည်းတွေထံက အလှူငွေကောက်ခံပြီးရတဲ့ငွေနဲ့ သင်ကြားပေးဖို့ စီစဉ်နေကြောင်း ဝန်ကြီး Saifuddin Abdullah က ပြောပါတယ်။

၂၀၂၂ ခုနှစ် လူငယ်များနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အနာဂတ်အတွက် လူငယ်မဲဆန္ဒရှင်များ ညီလာခံမှာ ဝန်ကြီး Saifuddin Abdullah အဲဒီလို ပြောကြားခဲ့တာပါ။

အခုချိန်ထိ ကာတာနိုင်ငံက ဒေါ်လာ သန်း ၅၀ လှူဒါန်းပြီးဖြစ်ကြောင်းနဲ့ အဲဒီငွေတွေထဲက ဒေါ်လာ ၆ သန်းကို ဒုက္ခသည်တွေရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သုံးစွဲခဲ့ပြီးဖြစ်ကြောင်းလည်း ဝန်ကြီး Saifuddin Abdullah က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG