သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႐ုရွားသြားမည္


RUSSIA-DIPLOMACY/MYANMAR-SPACE

ျမန္မာစစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ စီးပြားေရး ႏွီးေႏွာဖလွယ္ပြဲတခု တက္ေရာက္ဖို႔ ေရွ႕သီတင္းပတ္ထဲ ႐ု႐ုားႏိုင္ငံကို သြားေရာက္မယ့္အေၾကာင္း ႏိုင္ငံပိုင္သတင္းမီဒီယာမွာ ဒီကေန႔ ေဖာ္ျပပါတယ္။ ႐ုရွားႏိုင္ငံ အေရွ႕ဖ်ား Vladivostok ၿမိဳ႕မွာ က်င္းပဖို႔ရွိေနတဲ့ အေရွ႕ဖ်ား စီးပြားေရးဖိုရမ္ကို တက္ေရာက္မွာ ျဖစ္ၿပီး ခရီးစဥ္အတြင္း ႐ုရွား အစိုးရတာဝန္ရွိသူေတြနဲ႔လည္း ေတြ႔ဆုံမယ့္အေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။

ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္ေနတဲ့ ႐ုရွားကို ကမာၻ႔ႏိုင္ငံေတြက သံတမန္ေရးအရ ဝိုင္းဝန္းဖယ္ၾကဥ္ေနၾကတဲ့အခ်ိန္၊ ျမန္မာႏိုင္ငံမွာေတာ့ အာဏာသိမ္းမႈေၾကာင့္ ႏိုင္ငံတကာရဲ႕ ျပစ္တင္ရႈတ္ခ်မႈေတြနဲ႔ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ႀကဳံေနရတဲ့အခ်ိန္မွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႐ုရွားကို သြားေရာက္မွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအတြက္ လိုအပ္တဲ့ ေလာင္စာဆီေတြ ႐ုရွားကေန တင္သြင္းဖို႔ ျပင္ဆင္ေနတယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရက သိပ္မၾကာခင္က ေျပာဆိုထားသလို၊ အခု ခရီးစဥ္အတြင္း ေလာင္စာဆီနဲ႔ တျခား ကုန္သြယ္ေရးဆိုင္ရာ ကိစၥေတြ ေဆြးေႏြးႏိုင္ဖြယ္ရွိတဲ့အေၾကာင္း သုံးသပ္သူေတြက ေျပာေနၾကပါတယ္။

စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းကလည္း ႐ုရွားကို သြားေရာက္ခဲ့ၿပီး ေရနံနဲ႔ သဘာဝဓာတ္ေငြ႔ ဆိုင္ရာကိစၥေတြ ေဆြးေႏြးခဲ့တယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုထားပါတယ္။

စက္တင္ဘာ ၅ ရက္ေန႔ကေန ၈ ရက္ေန႔အထိ ႐ုရွားက အိမ္ရွင္အျဖစ္ က်င္းပမယ့္ (၇) ႀကိမ္ေျမာက္ အေရွ႕ဖ်ား စီးပြားေရးဖိုရမ္ ကိုေတာ့ အာရွေဒသမွာ စီးပြားေရးအရ အေရးပါတဲ့ တ႐ုတ္၊ အိႏၵိယ၊ ဂ်ပန္ အပါအဝင္ အာရွပစိဖိတ္ေဒသ ႏိုင္ငံေတြက ကိုယ္စားလွယ္ ေထာင္နဲ႔ခ်ီ တက္ေရာက္ဖို႔ ရွိေနပါတယ္။

==== Unicode ====

မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စီးပွားရေး နှီးနှောဖလှယ်ပွဲတခု တက်ရောက်ဖို့ ရှေ့သီတင်းပတ်ထဲ ရုရုားနိုင်ငံကို သွားရောက်မယ့်အကြောင်း နိုင်ငံပိုင်သတင်းမီဒီယာမှာ ဒီကနေ့ ဖော်ပြပါတယ်။ ရုရှားနိုင်ငံ အရှေ့ဖျား Vladivostok မြို့မှာ ကျင်းပဖို့ရှိနေတဲ့ အရှေ့ဖျား စီးပွားရေးဖိုရမ်ကို တက်ရောက်မှာ ဖြစ်ပြီး ခရီးစဉ်အတွင်း ရုရှား အစိုးရတာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံမယ့်အကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားကို ကမ္ဘာ့နိုင်ငံတွေက သံတမန်ရေးအရ ဝိုင်းဝန်းဖယ်ကြဉ်နေကြတဲ့အချိန်၊ မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းမှုကြောင့် နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကြုံနေရတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားကို သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ လောင်စာဆီတွေ ရုရှားကနေ တင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရက သိပ်မကြာခင်က ပြောဆိုထားသလို၊ အခု ခရီးစဉ်အတွင်း လောင်စာဆီနဲ့ တခြား ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးနိုင်ဖွယ်ရှိတဲ့အကြောင်း သုံးသပ်သူတွေက ပြောနေကြပါတယ်။

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ရုရှားကို သွားရောက်ခဲ့ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

စက်တင်ဘာ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရုရှားက အိမ်ရှင်အဖြစ် ကျင်းပမယ့် (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် ကိုတော့ အာရှဒေသမှာ စီးပွားရေးအရ အရေးပါတဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန် အပါအဝင် အာရှပစိဖိတ်ဒေသ နိုင်ငံတွေက ကိုယ်စားလှယ် ထောင်နဲ့ချီ တက်ရောက်ဖို့ ရှိနေပါတယ်။

XS
SM
MD
LG