သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားမှာ ပထမဆုံး မျောက်ကျောက်ဖြစ်သူတွေ့


Seorang petugas kesehatan berjalan di dalam bangsal isolasi yang dibangun sebagai tindakan pencegahan untuk pasien cacar monyet di sebuah rumah sakit sipil di Ahmedabad pada 25 Juli 2022. (Foto: AFP/Sam PANTHAKY)
Seorang petugas kesehatan berjalan di dalam bangsal isolasi yang dibangun sebagai tindakan pencegahan untuk pasien cacar monyet di sebuah rumah sakit sipil di Ahmedabad pada 25 Juli 2022. (Foto: AFP/Sam PANTHAKY)

အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံး မျောက်ကျောက်ရောဂါ အကူးစက်ခံရသူကို တွေ့ရတယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ ကြေညာပါတယ်။

အိမ်နီးချင်း စင်္ကာပူနိုင်ငံမှာတော့ ပြီးခဲ့တဲ့လမှာ စတင်ကူးစက်မှုတွေ့ရသလို သြဂုတ်လ ၅ ရက်နေ့အထိဆို အတည်ပြုလူနာ ၁၅ ဦး ရှိနေပြီ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာဆိုရင် ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေမှာ မျောက်ကျောက်ဖြစ်ပွါးတဲ့ အတည်ပြုလူနာတွေ ရှိနေတာပါ။

WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း မျောက်ကျောက်ရောဂါ ဖြစ်ပွါးသူ ကမ္ဘာတလွှားမှာ တွေ့လာရသလို အတည်ပြုလူနာပေါင်း ၄၀,၀၀၀ ကျော်နဲ့ သေဆုံးသူတွေပါ ရှိလာနေတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေနေအဖြစ် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားနိုင်ငံပေါင်း ၈၀ ကျော်မှာ ဒီရောဂါကူးစက်မှု ရှိနေတာဖြစ်ပြီး၊ အရင်က ဖြစ်ပွါးလေ့မရှိတဲ့ နိုင်ငံတွေမှာပါ တွေ့နေရသလို ဒီရောဂါကြောင့် သေဆုံးမှုတွေပါရှိလာတာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့အထိဆို အမေရိကန်နိုင်ငံမှာ ဒီရောဂါအကူးစက်ခံရသူ ၁၃,၀၀၀ ကျော်ရှိနေပြီး ရောဂါဖြစ်ပွါးနေတဲ့ နိုင်ငံတွေထဲမှာ ကနေဒါ၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ Australia နဲ့ တောင်ကိုရီးယား နိုင်ငံတွေလည်း ပါဝင်ပါတယ်။ အိန္ဒိယ၊ စပိန်နဲ့ ဘရာဇီးလ် နိုင်ငံတွေမှာတော့ ဒီရောဂါနဲ့ သေဆုံးရသူတွေပါ ရှိနေတာပါ။

=== Unicode ===





XS
SM
MD
LG