ကမာၻ႔ႏိုင္ငံေပါင္း (၅၀) ေက်ာ္မွာ လတ္တေလာ ျဖစ္ေပၚေနတဲ့ Monkeypox လို႔ေခၚတဲ့ ေမ်ာက္ေက်ာက္ေရာဂါကို အနီးကပ္ေစာင့္ၾကည့္ဖို႔ လိုအပ္ေပမယ့္ ဒီေရာဂါဟာ ကမာၻ႔က်န္းမာေရး အေရးေပၚအေျခအေနအျဖစ္ ေၾကျငာရေလာက္တဲ့ အေျခအေနကို ေရာက္မလာေသးဘူးလို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးက ေျပာပါတယ္။
အာဖရိကႏိုင္ငံေတြမွာ ကူးစက္ေလ့ရွိတဲ့ ေမ်ာက္ေက်ာက္ေရာဂါ အခုလို ႏိုင္ငံတကာကို ကူးစက္ျပန႔္ပြားလာတာဟာ ထူးျခားတဲ့ ဝိေသသျဖစ္ေၾကာင္း WHO ရဲ႕ အေရးေပၚေကာ္မီတီက စေနေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားၿပီး ဒါကို ႏွစ္ေပါင္းမ်ာစြာ မ်က္ကြယ္ျပဳထားခဲ့ၾကတယ္လို႔ ဆိုပါတယ္။
အေရးေပၚေကာ္မီတီအဖြဲ႔ဝင္ေတြၾကား ကနဦး သေဘာထားကြဲျပားမႈေတြ ရွိခဲ့ေပမဲ့လဲ လက္ရွိအေျခအေနဟာ ကမာၻ႔က်န္းမာေရး အေရးေပၚအေျခအေန မဟုတ္ဘူးလို႔ WHO အႀကီးအကဲကို အႀကံျပဳခ်က္တင္ျပၾကဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။
ဒါေပမဲ့လဲ ဒီေရာဂါရဲ႕ အႏၲရာယ္ရွိမႈ သေဘာသဘာဝကို WHO က ေထာက္ျပထားၿပီး ေရာဂါပိုး ကူးစက္ျပန႔္ပြားျခင္း မရွိေအာင္ အထူးအာ႐ုံစိုက္ လုပ္ေဆာင္ၾကဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။
ဒီေရာဂါ ကူးစက္ျပန႔္ပြားမႈကို အနီးကပ္ေစာင့္ၾကည့္ၿပီး လာမယ့္သီတင္းပတ္ အနည္းငယ္မွာ ျပန္လည္သုံးသပ္ဖို႔ လိုအပ္တယ္လို႔ WHO ရဲ႕ အေရးေပၚေကာ္မီတီက ေျပာပါတယ္။
===Unicode ===
ကမ္ဘာ့နိုင်ငံပေါင်း (၅၀) ကျော်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ Monkeypox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်ပေမယ့် ဒီရောဂါဟာ ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေငြာရလောက်တဲ့ အခြေအနေကို ရောက်မလာသေးဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
အာဖရိကနိုင်ငံတွေမှာ ကူးစက်လေ့ရှိတဲ့ မျောက်ကျောက်ရောဂါ အခုလို နိုင်ငံတကာကို ကူးစက်ပြန့်ပွားလာတာဟာ ထူးခြားတဲ့ ဝိသေသဖြစ်ကြောင်း WHO ရဲ့ အရေးပေါ်ကော်မီတီက စနေနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပြီး ဒါကို နှစ်ပေါင်းမျာစွာ မျက်ကွယ်ပြုထားခဲ့ကြတယ်လို့ ဆိုပါတယ်။
အရေးပေါ်ကော်မီတီအဖွဲ့ဝင်တွေကြား ကနဦး သဘောထားကွဲပြားမှုတွေ ရှိခဲ့ပေမဲ့လဲ လက်ရှိအခြေအနေဟာ ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေ မဟုတ်ဘူးလို့ WHO အကြီးအကဲကို အကြံပြုချက်တင်ပြကြဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ဒါပေမဲ့လဲ ဒီရောဂါရဲ့ အန္တရာယ်ရှိမှု သဘောသဘာဝကို WHO က ထောက်ပြထားပြီး ရောဂါပိုး ကူးစက်ပြန့်ပွားခြင်း မရှိအောင် အထူးအာရုံစိုက် လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒီရောဂါ ကူးစက်ပြန့်ပွားမှုကို အနီးကပ်စောင့်ကြည့်ပြီး လာမယ့်သီတင်းပတ် အနည်းငယ်မှာ ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ WHO ရဲ့ အရေးပေါ်ကော်မီတီက ပြောပါတယ်။