သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုင္ဖုန္းမုန္တိုင္း Muifa ဂ်ပန္ႏိုင္ငံကို ခ်ဥ္းကပ္လာေန


Typhoon Misses Shanghai, Moves Up China Coast

ပစိဖိတ္သမုဒၵရာအတြင္းမွာ ျဖစ္ေပၚေနတဲ့ Muifa တိုင္ဖုန္းမုန္တိုင္းဟာ ဒီေန႔မွာေတာ့ ဂ်ပန္ႏိုင္ငံေတာင္ပိုင္းက ကြၽန္းေတြနားကို ခ်ဥ္းကပ္လာေနတာေၾကာင့္ ေဒသခံေတြအေနနဲ႔ ခိုလႈံစရာေနရာေတြကို ရွာထားၾကဖို႔ အာဏာပိုင္ေတြက သတိေပးလိုက္ပါတယ္။

Muifa တိုင္ဖုန္းမုန္တိုင္းဟာ ဆက္လက္အားေကာင္းေနၿပီး ထိုင္ဝမ္ကြၽန္းအနီးက ဂ်ပန္ပိုင္ Ishigaki ကြၽန္းကို မနက္ျဖန္မွာ ဝင္ေရာက္ႏိုင္တယ္လို႔ ဂ်ပန္မိုးေလဝသနနဲ႔ ဇလေဗဒဌာနက ခန႔္မွန္းထားပါတယ္။ အဲဒီေနာက္ေတာ့ မုန္တိုင္းဟာ ေျမာက္ဘက္က ရွန္ဟိုင္းၿမိဳ႕နဲ႔ အနီးနားတဝိုက္ကို ဆက္လက္ဦးတည္သြားမွာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ဒီေန႔ေနလယ္ တိုင္းတာခ်က္အရေတာ့ ဒီတိုင္ဖုန္းမုန္တိုင္းဟာ Ishigaki ကြၽန္းနဲ႔ မိုင္ ၁၁၀ အကြာမွာ ေရာက္ရွိေနၿပီးေတာ့ ေလတိုက္ႏႈန္းက တနာရီကို ၂၁၆ ကီလိုမီတာနဲ႔ အေနာက္ေျမာက္ဘက္ကို ဦးတည္ေ႐ြ႕လ်ာေနတယ္လို႔ ဂ်ပန္မိုးဇလဌာနက ေျပာပါတယ္။

အင္အားအလြန္ျပင္းတဲ့ Muifa တိုင္ဖုန္းမုန္တိုင္းဟာ Ishigaki ကြၽန္းနားတဝိုက္ကို တနလၤာေန႔မွာ ဝင္ေရာက္ၿပီး၊ အဲဒီကြၽန္းနားတဝိုက္ ျပင္းထန္တဲ့ လႈိင္းလုံးႀကီးေတြ နဲ႔ ေလျပင္းတိုက္ခတ္မႈေတြကို အဂၤါေန႔အထိ ႀကဳံရမွာျဖစ္တယ္လို႔ ေျပာပါတယ္။

မုန္တိုင္းရဲ႕ ေ႐ြ႕လ်ားတဲ့အရွိန္ ေလ်ာ့က်တာလာတဲ့အမွ်၊ အဲဒီေဒသတဝိုက္ဟာ မုန္တိုင္းဒဏ္ကို ပိုၿပီးေတာ့ အခ်ိန္ၾကာၾကာခံရႏိုင္ဖြယ္ ရွိတယ္လို႔လည္း ေျပာပါတယ္။ အိုကီနာဝါေဒသ အာဏာပိုင္ေတြကေတာ့ Ishigaki နဲ႔ အဲဒီနားက ကြၽန္းေတြမွာရွိေနတဲ့ေနတဲ့ သက္ႀကီးပိုင္းေတြကို မုန္တိုင္းမက်ခင္မွာ ခိုလႈံစရာေနရာရွာထားဖို႔ ပန္ၾကားထားပါတယ္။

=== Unicode ===

ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ဖြစ်ပေါ်နေတဲ့ Muifa တိုင်ဖုန်းမုန်တိုင်းဟာ ဒီနေ့မှာတော့ ဂျပန်နိုင်ငံတောင်ပိုင်းက ကျွန်းတွေနားကို ချဉ်းကပ်လာနေတာကြောင့် ဒေသခံတွေအနေနဲ့ ခိုလှုံစရာနေရာတွေကို ရှာထားကြဖို့ အာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။

Muifa တိုင်ဖုန်းမုန်တိုင်းဟာ ဆက်လက်အားကောင်းနေပြီး ထိုင်ဝမ်ကျွန်းအနီးက ဂျပန်ပိုင် Ishigaki ကျွန်းကို မနက်ဖြန်မှာ ဝင်ရောက်နိုင်တယ်လို့ ဂျပန်မိုးလေဝသနနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။ အဲဒီနောက်တော့ မုန်တိုင်းဟာ မြောက်ဘက်က ရှန်ဟိုင်းမြို့နဲ့ အနီးနားတဝိုက်ကို ဆက်လက်ဦးတည်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီနေ့နေလယ် တိုင်းတာချက်အရတော့ ဒီတိုင်ဖုန်းမုန်တိုင်းဟာ Ishigaki ကျွန်းနဲ့ မိုင် ၁၁၀ အကွာမှာ ရောက်ရှိနေပြီးတော့ လေတိုက်နှုန်းက တနာရီကို ၂၁၆ ကီလိုမီတာနဲ့ အနောက်မြောက်ဘက်ကို ဦးတည်ရွေ့လျာနေတယ်လို့ ဂျပန်မိုးဇလဌာနက ပြောပါတယ်။

အင်အားအလွန်ပြင်းတဲ့ Muifa တိုင်ဖုန်းမုန်တိုင်းဟာ Ishigaki ကျွန်းနားတဝိုက်ကို တနင်္လာနေ့မှာ ဝင်ရောက်ပြီး၊ အဲဒီကျွန်းနားတဝိုက် ပြင်းထန်တဲ့ လှိုင်းလုံးကြီးတွေ နဲ့ လေပြင်းတိုက်ခတ်မှုတွေကို အင်္ဂါနေ့အထိ ကြုံရမှာဖြစ်တယ်လို့ ပြောပါတယ်။

မုန်တိုင်းရဲ့ ရွေ့လျားတဲ့အရှိန် လျော့ကျတာလာတဲ့အမျှ၊ အဲဒီဒေသတဝိုက်ဟာ မုန်တိုင်းဒဏ်ကို ပိုပြီးတော့ အချိန်ကြာကြာခံရနိုင်ဖွယ် ရှိတယ်လို့လည်း ပြောပါတယ်။ အိုကီနာဝါဒေသ အာဏာပိုင်တွေကတော့ Ishigaki နဲ့ အဲဒီနားက ကျွန်းတွေမှာရှိနေတဲ့နေတဲ့ သက်ကြီးပိုင်းတွေကို မုန်တိုင်းမကျခင်မှာ ခိုလှုံစရာနေရာရှာထားဖို့ ပန်ကြားထားပါတယ်။

XS
SM
MD
LG