သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားက တာတိုဒုံးကျည် စမ်းသပ် ပစ်လွှတ်


မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု။
မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု။

မြောက်ပိုင်း ပြုံးယမ်းပြည်နယ် တေချွန်းဒေသ (Taecheon area) ကနေ ဒေသစံတော်ချိန် မနက် ၆ နာရီ ၅၃ မိနစ်မှာ တာတိုပစ်ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဆယ်မိနစ်မပြည့်ခင်မှာ ကျလာခဲ့တယ်လို့လည်း ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ဆိုပါတယ်။

အရှေ့ပိုင်းဆင်ပိုမြို့ကနေ ပဲ့ထိန်းတပ် ဒုံးကျည်တစ်စင်းကို ရေငုပ်သင်္ဘောကပစ်ဖို့ မြောက်ကိုရီးယားက ပြင်ဆင်နေတဲ့ လှုပ်ရှားမှုတွေ တွေ့ရှိခဲ့ကြောင်း အရင်တစ်ရက်က တောင်ကိုရီးယားသမ္မတရုံးက သတိပေးခဲ့ပါသေးတယ်။ ၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည် ၃၂ စင်းကို ပစ်လွတ်ခဲ့ပြီးပါပြီ။ ဒေသတွင်း အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ကာကွယ်ရေးကို ထိုးဖောက်နိုင်မယ့် တာတိုပစ်ဒုံးကျည်တွေရော၊ အမေရိကန်ပြည်ကို ပစ်မှတ်ထားနိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေကိုပါ စမ်းသပ်ပစ်ခတ်ခဲ့တာပါ။

အပြန်အလှန် စစ်အင်အားပြတာတွေ ရှိနေပြီး အမေရိကန် နျူကလီးယားဓာတ်အားသုံး လေယာဉ်တင်သင်္ဘော USS Ronald Reagan ဟာ ဒီအပတ် အစောပိုင်းမှာ တောင်ကိုရီးယားနိုင်ငံ ပူဆန်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ လေးနှစ်အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယားကမ်းကို ကပ်ခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ ဖွင့်ထားတယ်လို့ အမေရိကန်က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ရန်လိုတဲ့ မူဝါဒတွေ ရှိနေတယ်လို့ မြောက်ကိုရီးယားကပြောပြီး ဆွေးနွေးဖို့ကို လျစ်လျူပြုထားပါတယ်။

===Unicode ====




XS
SM
MD
LG