သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအတွက် အွန်လိုင်းဆုတောင်းပွဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတက်


မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ဇူလိုင်လ ၃၀ ရက်နေ့က အွန်လိုင်းဆုတောင်းပွဲ တက်ရောက်နေစဉ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ဇူလိုင်လ ၃၀ ရက်နေ့က အွန်လိုင်းဆုတောင်းပွဲ တက်ရောက်နေစဉ်။


ကွယ်လွန်သွားခဲ့ကြတဲ့ မြန်မာနိုင်ငံက အာဇာနည် တက်ကြွလှုပ်ရှားသူတွေကို ဂုဏ်ပြုခဲ့တဲ့ အင်တာနက်အွန်လိုင်း အခမ်းအနားတစ်ရပ်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ခဲ့ပါတယ်။ ခုခံတိုက်ပွဲဝင်‌နေကြသူတွေနဲ့ တစိတ်တဝမ်းတည်းရှိကြောင်း ပြသတဲ့အနေနဲ့ ကျင်းပခဲ့တဲ့ ဒီအခမ်းအနားကို မနေ့ညက Forces of Renewal for South East Asia Forsea က စုစည်းကျင်းပခဲ့တာပါ။

တက်ကြွလှုပ်ရှားသူတွေ၊ ပညာရှင်သူတွေ၊ ခေါင်းဆောင်တွေ၊ ဂီတပညာရှင်တွေနဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ ဒီ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီတိုက်ပွဲအပေါ် ထောက်ခံကတိကဝတ်ပြုချက်ကို ဒီအခမ်းအနားက ပြန်လည်ဆန်းသစ်စေတယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah က သူ့ရဲ့ Facebook လူမှုစာမျက်နှာမှာ တင်ထားပါတယ်။

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ၄ ဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်ပြီးတဲ့နောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဒီ အွန်လိုင်း ဂုဏ်ပြုဆုတောင်းပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

အာဆီယံ့နဲ့ စစ်ကောင်စီ ဆွေးနွေးရာမှာ အဓိက ပါဝင်ပတ်သက်သူတွေကြား တိုင်ပင်ဆွေးနွေးနိုင်တာ မရှိဘူးလို့လည်း မစ္စတာ Saifuddin က ဆိုပါတယ်။

တချိန်တည်းမှာ စစ်ကောင်စီက လူသားချင်း စာနာထောက်ထားရေးကို လက်ဝါးကြီးအုပ်၊ နိုင်ငံရေးလုပ်၊ လက်နက်အဖြစ် အသုံးချနေတယ်လို့လည်း သူ့ရဲ့လူမှု စာမျက်နှာမှာ ပြောထားပါတယ်။

အာဆီယန်ရဲ့ ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအဆင့်ဝန်ကြီးတွေ တက်ရောက်ခွင့် ပိတ်ပင်ဖို့နဲ့ အဆုံးသတ်လုပ်ငန်းစဉ်အတွက် မူဘောင်တစ်ရပ် ရှာဖွေဖို့ မလေးရှားနိုင်ငံက အဆိုပြုခဲ့တာကိုလည်း သူက ပြန်လည် တင်ပြထားပါတယ်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက အာဆီယံ အထူးကိုယ်စားလှယ် ကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ အမျိုးသားညီညွတ်ရေးကောင်စီ NUCC တို့နဲ့ တွေ့ဆုံ‌ဆွေးနွေးဖို့ တိုက်တွန်းခဲ့တာကိုလည်း သူ့ လူမှုစာမျက်နှာမှာ ပြန်လည် ညွှန်းဆိုထားပါတယ်။

=== Unicode ===








XS
SM
MD
LG