သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါပူဝါ နယူးဂီနီငလျင်ကြောင့် ၄ ဦးထက်မနည်းသေ


Earthquake - Papua New Guinea
Earthquake - Papua New Guinea

ပါပူဝါ နယူးဂီနီနိုင်ငံအရှေ့ပိုင်းမှာ ဒီကနေ့ ပြင်းအား ၇.၆ ရှိတဲ့ ငလျင်လှုပ်သွားခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး အဆောက်အဦးတွေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ပျက်ဆီးသွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ငလျင်ဟာ ဒီကနေ့မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ နိုင်ငံအရှေ့ပိုင်းက Kainantu ဒေသရဲ့ အရှေ့ပိုင်း ၆၇ ကီလိုမီတာနဲ့ Lae ဒေသရဲ့ အနောက်မြောက်ပိုင်း ၈၀ ကီလိုမီတာ ဝေးတဲ့နေရာတွေကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာဖြစ်ပေမယ့် ကီလိုမီတာ ၅၀၀ ကျော်ဝေးတဲ့ မြို့တော် Port Moresby အထိ တုန်လှုပ်သွားတယ်လို့ ဆိုပါတယ်။

ငလျင်ဗဟိုပြု လှုပ်သွားနေရာဟာ ဝေးလံခေါင်ဖျားတဲ့ဒေသဖြစ်တာကြောင့် ပျက်ဆီး ဆုံးရှုံးမှု အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။ ပစိဖိတ်သမုဒ္ဒယာအတွင်းက Ring of Fire လို့ခေါ်တဲ့ ငလျင်ကြောပေါ်မှာ ရှိနေတဲ့အတွက် ပါပူဝါ နယူးဂီနီနိုင်ငံမှာ မကြာခင် ငလျင်လှုပ်ခတ်လေ့ ရှိပါတယ်။

ပါပူဝါ နယူးဂီနီအစိုးရက သေဆုံး ဒဏ်ရာရသူစာရင်း အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပေမယ့် ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိတ်ဖိတ်ဒေသဆိုင်ရာ လူသားချင်းစားနာမှု ပူးပေါင်းဆောင်ရွက်ရေးရုံး UN OCHA ရဲ့ ထုတ်ပြန်ချက်အရ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

=== Unicode ===





XS
SM
MD
LG