သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ဝန္ႀကီးခ်ဳပ္ကို သမၼတ Biden ဖုန္းဆက္ ဝမ္းနည္းစကားေျပာ


U.S. President Biden pays tribute to Japan's former Prime Minister Shinzo Abe during visit to the Japan ambassador's residence in Washington

ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe လုပ္ႀကံသတ္ျဖတ္ခံရမႈအတြက္ အေမရိကန္ျပည္သူေတြကိုယ္စား သမၼတ Joe Biden က စိတ္မေကာင္းေၾကာင္း ဒီေန႔ စေနေန႔မွာ ဖုန္းနဲ႔ဆက္သြယ္ေျပာၾကားခဲ့တယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida က ေျပာၾကားပါတယ္။

Mr. Abe ဟာ အေမရိကန္နဲ႔ ဂ်ပန္ဆက္ဆံေရး ပိုမိုခိုင္ၿမဲေအာင္ ေဆာင္႐ြက္ခဲ့တဲ့ ထူးျခားတဲ့ ေခါင္းေဆာင္တေယာက္ ျဖစ္တယ္လို႔ သမၼတ Biden က ဖုန္းထဲမွာ ေျပာၾကားခဲ့တယ္လို႔ ဝန္ႀကီးခ်ဳပ္ Kishida က ေျပာျပခဲ့ပါတယ္။ ဂ်ပန္မွာ အၾကမ္းဖက္မႈကို အေလွ်ာ့ေပးမွာမဟုတ္ဘဲ ဒီမိုကေရစီစနစ္ကို ကာကြယ္သြားမယ္လို႔လည္း ဂ်ပန္ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။

ေသာၾကာေန႔က Nara ၿမိဳ႕က မဲဆြယ္စည္း႐ုံးပြဲတခုမွာ မိန႔္ခြန္းေျပာေနစဥ္ လုပ္ႀကံသတ္ျဖတ္ခံရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း Abe ရဲ႕ ႐ုပ္အေလာင္းကိုေတာ့ ဒီေန႔ Tokyo ၿမိဳ႕ေတာ္ကို ျပန္လည္သယ္ယူခဲ့ပါတယ္။ ကမာၻမွာ လက္နက္ကိုင္ေဆာင္ခြင့္ အတင္းၾကပ္ဆုံး ဂ်ပန္ႏိုင္ငံမွာ အခုလို ဝန္ႀကီးခ်ဳပ္ေဟာင္း ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံခံရတဲ့အေပၚ ျပည္သူေတြ အေတာ္ေလးတုန္လႈပ္ေနၾကပါတယ္။

အသက္ (၄၁) ႏွစ္အ႐ြယ္ ေသနတ္သမားဟာ အိမ္လုပ္ (၁၅) လက္မေလာက္ ရွည္လ်ားတဲ့ ေသနတ္ (၁) လက္နဲ႔ ပစ္ခတ္ခဲ့တာျဖစ္တယ္လို႔ ရဲကေျပာပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း Abe ဟာ အဖြဲ႕အစည္းတခုနဲ႔ ပါတ္သက္ေနတယ္ဆိုတဲ့ ေကာလဟာလေတြေၾကာင့္ ေသနတ္သမားက ဝန္ႀကီးခ်ဳပ္ကို သတ္ျဖတ္ဖို႔ အကြက္ခ်စီစဥ္ခဲ့တယ္လို႔ ဝန္ခံေၾကာင္း စုံစမ္းစစ္ေဆးသူေတြေျပာပါတယ္။ ဘယ္အဖြဲ႕အစည္းနဲ႔ ဆက္စပ္သလဲဆိုတာကိုေတာ့ ရဲက ေျပာၾကားျခင္း မရွိပါဘူး။ ဂ်ပန္ႏိုင္ငံရဲ႕ သက္တမ္းအရွည္ဆုံး ဝန္ႀကီးခ်ဳပ္တေယာက္ျဖစ္ခဲ့တဲ့ Shinzo Abe လုပ္ႀကံသတ္ျဖတ္ခံရမႈအေပၚ ႏိုင္ငံတကာက ဝမ္းနည္းစကားေတြ ေျပာၾကားေနၾကပါတယ္။

===Unicode ====

ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အမေရိကန်ပြည်သူတွေကိုယ်စား သမ္မတ Joe Biden က စိတ်မကောင်းကြောင်း ဒီနေ့ စနေနေ့မှာ ဖုန်းနဲ့ဆက်သွယ်ပြောကြားခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ပြောကြားပါတယ်။

Mr. Abe ဟာ အမေရိကန်နဲ့ ဂျပန်ဆက်ဆံရေး ပိုမိုခိုင်မြဲအောင် ဆောင်ရွက်ခဲ့တဲ့ ထူးခြားတဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်လို့ သမ္မတ Biden က ဖုန်းထဲမှာ ပြောကြားခဲ့တယ်လို့ ဝန်ကြီးချုပ် Kishida က ပြောပြခဲ့ပါတယ်။ ဂျပန်မှာ အကြမ်းဖက်မှုကို အလျှော့ပေးမှာမဟုတ်ဘဲ ဒီမိုကရေစီစနစ်ကို ကာကွယ်သွားမယ်လို့လည်း ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

သောကြာနေ့က Nara မြို့က မဲဆွယ်စည်းရုံးပွဲတခုမှာ မိန့်ခွန်းပြောနေစဉ် လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဝန်ကြီးချုပ်ဟောင်း Abe ရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့ Tokyo မြို့တော်ကို ပြန်လည်သယ်ယူခဲ့ပါတယ်။ ကမ္ဘာမှာ လက်နက်ကိုင်ဆောင်ခွင့် အတင်းကြပ်ဆုံး ဂျပန်နိုင်ငံမှာ အခုလို ဝန်ကြီးချုပ်ဟောင်း သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတဲ့အပေါ် ပြည်သူတွေ အတော်လေးတုန်လှုပ်နေကြပါတယ်။

အသက် (၄၁) နှစ်အရွယ် သေနတ်သမားဟာ အိမ်လုပ် (၁၅) လက်မလောက် ရှည်လျားတဲ့ သေနတ် (၁) လက်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရဲကပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း Abe ဟာ အဖွဲ့အစည်းတခုနဲ့ ပါတ်သက်နေတယ်ဆိုတဲ့ ကောလဟာလတွေကြောင့် သေနတ်သမားက ဝန်ကြီးချုပ်ကို သတ်ဖြတ်ဖို့ အကွက်ချစီစဉ်ခဲ့တယ်လို့ ဝန်ခံကြောင်း စုံစမ်းစစ်ဆေးသူတွေပြောပါတယ်။ ဘယ်အဖွဲ့အစည်းနဲ့ ဆက်စပ်သလဲဆိုတာကိုတော့ ရဲက ပြောကြားခြင်း မရှိပါဘူး။ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်တယောက်ဖြစ်ခဲ့တဲ့ Shinzo Abe လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် နိုင်ငံတကာက ဝမ်းနည်းစကားတွေ ပြောကြားနေကြပါတယ်။

XS
SM
MD
LG